သဘာဝအတိုင်း Glow တဲ့ မျက်နှာလေးကို ဘယ်လိုဖန်တီးရမလဲ

သဘာဝအတိုင်း Glow တဲ့ မျက်နှာလေးကို ဘယ်လိုဖန်တီးရမလဲ

အခုနောက်ပိုင်း မိန်းကလေးတွေကတော့ အချိန်တိုင်း Glow ချင်ကြတာပါပဲ။ Highlighter တွေသုံးပြီးလည်း Glow နေရတာ နေ့တိုင်းနေ့တိုင်း။ တကယ်တော့ Highlighter တွေမသုံးဘဲ အသားအရည်အတွင်းပိုင်းကနေစပြီး ကြည်လင်လန်းဆန်းပြီး သဘာဝအတိုင်း Glow နေဖို့ဆိုရင် Skincare ကို ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီတော့ သဘာဝအတိုင်း အသားအရေလေးတွေ Glow နေဖို့ဆိုတာ ဘယ်လိုအစားအစာမျိုးတွေ စားရမလဲသိကြပြီလား။

Citric Fruit
ပထမဆုံးအနေနဲ့ အများဆုံးစားသင့်တာကတော့ အချဉ်ဓာတ်၊ အက်ဆစ်ဓာတ်နဲ့ Vitamin C ပြည့်ဝတဲ့ အသီးအနှံတွေပါ။ လိမ္မော်သီး၊ စပျစ်သီး၊ လီမွန်နဲ့ သံပုရာသီးတွေကို နေ့စဉ်စားသောက်မှုပုံစံထဲမှာ ပါဝင်အောင် ထည့်သွင်းစားသောက်ပေးရပါလိမ့်မယ်။ Vitamin C ဓာတ်ဟာ အသားအရည်ကို နူးညံ့ပြီး တင်းရင်းစေတယ်။ Collagen ဓာတ်ကို ပြန်လည်ဖြည့်စွမ်းပေးတယ်။ အရေပြားပျက်စီးခြင်းနဲ့ ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

Blueberry
Blueberries ရဲ့ အတွင်းပိုင်း ခရမ်းရင့်ရောင်အပိုင်းဟာ Antioxidant အရမ်းကြွယ်ဝပါတယ်။ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ Anthocyanins နဲ့ ရောင်ရမ်းခြင်းကို လျော့ပါးစေတဲ့ Bioflavinoids တို့လည်း အပြည့်အဝပါရှိတယ်လို့ ဆိုပါတယ်။ အဲဒီ့အတွက်ကြောင့်လည်း Blueberries စားခြင်းအားဖြင့် အသားအရေကို အတွင်းပိုင်းကနေစပြီး အပေါ်ယံအပြင်လွှာအထိ ထောက်ပံ့ပေးနိုင်စွမ်းရှိတာပါ။

Green Tea
Green Tea ပူပူလေးတစ်ခွက်ဟာ ကိုယ်ခန္ဒာနဲ့ အသားအရေကို ဘယ်လောက်အထောက်အကူဖြစ်စေလဲဆိုရင် သူကလည်း Antioxidant ပြည့်ဝတယ်။ ရောင်ရမ်းခြင်းနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ ပြီးတော့ အသားအရေအတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။ Green Tea တစ်ခွက်ဟာ အေးလာလေလေ Antioxidant ဓာတ် လျော့နည်းလာလေလေမို့လို့ ပူနေတုန်းသောက်သုံးဖို့လည်း လိုအပ်တယ်နော်။ ဒါ့အပြင် တစ်နေ့ကို Green Tea (၂)ခွက်ကနေ (၆)ခွက်အထိ သောက်သုံးခြင်းဟာ အရေပြားကင်ဆာကိုကာကွယ်ပေးပါသေးတယ်တဲ့။

Spinach (ဟင်းနုနွယ်)
ဟင်းနုနွယ်ရွက်ထဲက Vitamin E နဲ့ Beta-Carotene တို့ဟာ အသားအရေဆဲလ်တွေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးနေပြီး အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေကနေ တားဆီးပေးပါတယ်။ ဒါကြောင့်လည်း အရေးအကြောင်းတွေကို မဖြစ်လာအောင် ခုခံကာကွယ်နိုင်စွမ်းရှိတယ်။ အသားအရေပျော့တွဲတာတွေ ဘာတွေကိုလည်း လုံးဝမဖြစ်နိုင်တော့ပါဘူးနော်။

Sweet Potato (ကန်စွန်းဥ)
လိမ္မော်သီးတွေလိုပါပဲ။ ကန်စွန်းဥတွေကလည်း Vitamin C ကြွယ်ဝတယ်ဆိုတာ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေကို နူးညံ့စေတယ်။ တစ်နေ့ကို Vitamin C ဓာတ် (၄) မီလီဂရမ်စားပေးမယ်ဆိုရင် သုံးနှစ်အတွင်းမှာ ရှိနေတဲ့အရေးအကြောင်းတွေတောင် သိသိသာသာလျော့ပါးသွားစေတယ်လို့ ဆိုပါတယ်။

Tomato (ခရမ်းချဉ်သီး)
Lycopene လို့ခေါ်တဲ့ Phytochemical ဟာ ခရမ်းချဉ်သီးတွေကို နီမြန်းနေစေတဲ့ အဓိကအကြောင်းအရင်းပါ။ ဒီဓာတ်ကြောင့်ပဲ အသားအရေ အိုမင်းရင့်ရော်ခြင်းနဲ့ Ultraviolet Rays တွေကြောင့်ဖြစ်လာတဲ့ အသားအရေပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ အသားအရေအတွက် အကောင်းဆုံး နေလောင်ခံဒိုင်းလေးသဖွယ် ရပ်တည်ပေးနိုင်တဲ့အပြင် အသားအရေနီမြန်းမှုတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

Canned Tuna
ကောင်မလေးတို့ရေ …. ယူတို့အရမ်းကြိုက်တဲ့ Sandwich ထဲမှာလည်း ယူတို့ မသိသေးတဲ့လျှို့ဝှက်ချက်လေးတွေရှိနေတယ်နော်။ တူနာအစာသွပ်ဘူးတွေဟာ အသားအရေကို ချောမွတ်ပြီး တင်းရင်းစေတဲ့ Protein ဓာတ်တွေ ပြည့်ဝနေပါတယ်။ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး Omega-3 Fatty Acids ဓာတ်လည်း အများကြီး ကြွယ်ဝတာကြောင့် Collagen ဓာတ်ကို တိုးပွားစေတယ်။ ရောင်ရမ်းမှုကို သက်သာစေပါတယ်။

ဒီတော့ တစ်ပတ် (၇)ရက်မှာ တစ်နေ့ကို တစ်မျိုးပါအောင်စားရင်တောင် အချိန်အနည်းငယ်အတွင်း အသားအရည်ဟာ သိသိသာသာပြောင်းလဲလာမှာပါ။ အဲဒီ့အချိန်ကျရင် မိတ်ကပ်တွေအများကြီးလိမ်းပြီး Highlighter တွေသုံး Glow နေစရာ မလိုအပ်တော့ဘူးနော်။ ဒီအတိုင်း မျက်နှာသစ်လိုက်ရုံနဲ့ကို အသားအရေက ပြောင်လက်တင်းရင်းပြီး သဘာဝအတိုင်း Glow နေတော့မှာပါ။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ