အိမ်ထောင်သက် (၃၁) နှစ်ရှိလာပြီးဖြစ်တဲ့ Tom Hanks ရဲ့ လမ်းညွှန်ချက်များ

အိမ်ထောင်သက် (၃၁) နှစ်ရှိလာပြီးဖြစ်တဲ့ Tom Hanks ရဲ့ လမ်းညွှန်ချက်များ

ဟောလိဝုဒ်ကစုံတွဲတွေ အများစုဟာ ရေရှည်လက်တွဲကြတာမျိုးမရှိဘဲ အိမ်ထောင်ပြုပြီး မကြာခင်မှာပဲ ကွဲပြဲသွားတတ်ကြပါတယ်။ ဒါပေမယ့် အမေရိကန်မင်းသား Tom Hanks နဲ့ မင်းသမီး Rita Wilson ကတော့ တခြားသူတွေနဲ့ မတူဘဲ အိမ်ထောင်သက်တမ်း (၃၁) နှစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပြီး နေထိုင်နိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဒီလောက်နှစ်ရှည်လများ အတူတကွ အကြာကြီးဖြတ်သန်းပြီး နေထိုင်လာတာတောင် စိတ်ကုန်လာတာမျိုးမရှိဘဲ အချစ်တွေပဲ ပိုတိုးပြီး ခိုင်မာလာကြပါတယ်။

အဲဒီလို အချစ်တွေပိုတိုးပြီး ခိုင်မာလာတာကို တွေ့ရလို့ အင်တာဗျူးသူတွေက သူတို့ရဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ဟာ ဘာများလဲဆိုပြီး မေးမြန်းခဲ့ကြပါတယ်။ ချစ်သူစုံတွဲတွေလည်း ကိုယ်ရဲ့အချစ်ခရီးလမ်းကြီး တည်တံ့ခိုင်မြဲစေဖို့ မင်းသားကြီး Tom Hanks သုံးတဲ့ လျှို့ဝှက်ချက်ကို လေ့လာကြည့်ပြီး အတုခိုးကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အသက်(၃၀) မတိုင်ခင် လက်မထပ်ပါနဲ့တဲ့
Tom Hanks နဲ့ သူရဲ့ဇနီး Rita Wilson ဟာ ၁၉၈၅ ခုနှစ် Volunteers ရုပ်ရှင်ကားမှာ အရမ်းချစ်တဲ့စုံတွဲအဖြစ် သရုပ်ဆောင်ရင်းနဲ့ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက Tom Hank မှာ ပထမအိမ်ထောင်ရှိခဲ့ပြီး ကလေး(၂) ယောက်ရှိပါတယ်။ Wilson မှာကတော့ စေ့စပ်ထားတဲ့သူရှိပါတယ်။ (၃) နှစ်ကြာတဲ့အခါမှာ Tom Hanks ဟာ ပထမအိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲပြီး Wilson ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ Tom Hanks ဟာ ငယ်ရွယ်စဉ်တုန်းက စိတ်လိုက်မာန်ပါ လုပ်ပြီး အလောတကြီး လက်ထပ်ခဲ့မိလို့ ကွာရှင်းခဲ့ရတာကို နမူနာယူပြီး လူငယ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မထပ်ဖို့ အကြံပြုထားပါတယ်။ မင်းသားကြီးဟာ လူငယ်တွေကို (၃၀) မတိုင်ခင် လက်ထပ်တာမျိုး လုံးဝမလုပ်ပါနဲ့ဆိုပြီး အကြံပေးထားပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အထောက်အပံ့ပေးကြခြင်း
နှစ်ယောက်ဟာ နှစ်ရှည်လများ အကြာကြီး အတူတကွ ဖြတ်သန်းလာတဲ့အချိန်အတွင်းမှာ တစ်ယောက်လိုအပ်တာကို တစ်ယောက်က အထောက်အပံ့ပေးပြီး ဖြတ်သန်းခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ်မှာ ပထမဦးဆုံး Oscar ဆုကိုလက်ခံယူတုန်းက Tom Hanks ဟာ သူ့ဇနီးကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

ဒီလိုနေရာကို ရောက်ရှိလာတာ သူရဲ့ဇနီးကြောင့်ဖြစ်ပြီး သူမရဲ့ပံ့ပိုးမှုတွေနဲ့ အချစ်တွေသာ မရရှိခဲ့ရင် ဒီလိုနေရာကို ရောက်ရှိလာမှာ မဟုတ်ပါဘူးဆိုပြီး ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဇနီးချော Wilson ရင်သားကင်ဆာ စစချင်းဖြစ်မှန်းသိတော့ ဒီရောဂါကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထိခိုက်မလားဆိုပြီး အရမ်းကြောက်ခဲ့ပေမယ့် Tom Hanks ရဲ့ အားပေးမှုတွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ ရရှိလာတဲ့အခါမှာ ကြောက်စိတ်တွေ လွင့်ပါးသွားခဲ့ပါတယ်။ မင်းသားကြီးကလည်း ဒီလိုလုပ်နိုင်တာဟာ မိန်းမရဲ့ ရဲစွမ်းသတ္တိကြောင့် လုပ်နိုင်ခဲ့တာပါဆိုပြီး ပြန်လည်ပြောပြခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ Wilson ရဲ့ ရောဂါဟာ ဓာတ်ကင်ကုသရတာမျိုးမလုပ်ရဘဲနဲ့ အချိန်တိုအတွင်းမှာပဲ ပျောက်ကင်းသွားခဲ့ပါတယ်။

ကိုယ်လက်တွဲဖော်ကြိုက်တဲ့ ဘယ်အရာမဆို လိုက်ကြိုက်ပေးခြင်း
Tom Hanks နဲ့ Wilson ဒီလောက်နှစ်အကြာကြီး လက်တွဲခိုင်မြဲခဲ့ရတာဟာ တစ်ယောက်ကြိုက်နှစ်သက်ပြီး တန်ဖိုးထားတဲ့အရာကို နောက်တစ်ယောက်ကလည်း လိုက်ပြီး ကြိုက်နှစ်သက်ပေးတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ အသွင်တူလို့ အိမ်သူဖြစ်တဲ့ သဘောမျိုးပါ။ တစ်ယောက်ကြိုက်တာကို တစ်ယောက်လိုက်ကြိုက်ပေးတာဟာ တစ်ကယ်တော့ အချစ်ရေးကို ပိုပြီး ခိုင်မြဲစေပါတယ်။ မင်းသားကြီးဟာ သူကြိုက်တာတွေကို သူမိန်းမကလည်း လိုက်ကြိုက်ပေးပြီး တန်ဖိုးထားပေးတဲ့ အတွက်ကြောင့် သူဟာ ဘယ်လောက်တောင် ကံကောင်းတဲ့ အမျိုးသားဖြစ်တယ်ဆိုပြီး အမြဲ ပြောလေ့ရှိပါတယ်။

မှန်ကန်တဲ့လူကိုရှာဖွေတွေ့ရှိခဲ့ခြင်း
ဂျာနယ်လစ်သမားတွေဟာ သူတို့ရဲ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးတိုင်း မင်းသားကြီး ပြုံးပြီးဖြေတာကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးပိုင်ဆိုင်ဖို့ မှန်ကန်တဲ့လူကို ပိုင်ဆိုင်ခွင့်ရရှိခဲ့လု့ိပါ။ အံ့သြဖွယ်ကောင်းတဲ့ အမျိုးသမီး Rita Wilson နဲ့ လက်ထပ်ခွင့်ရရှိခဲ့တာဟာ ကံကောင်းခဲ့တာပါ။ သူမနဲ့လက်ထပ်ခွင့်ရရှိခဲ့တာဟာ ကျွန်တော်အတွက် ကံအကောင်းဆုံး ဆုတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာနဲ့ တူပြီး ကံအကောင်းဆုံးလူသား ဖြစ်ခဲ့တာပါ။


အိမ်ထောင်သက်တမ်း (၃၁) နှစ်ရှိတဲ့ မင်းသားကြီး Tom Hanks ပြောတဲ့အချက်တွေကို လိုက်နာပြီး ပရိသတ်ကြီးလည်း ကိုယ်ရဲ့ အချစ်ရေးတွေနဲ့ အိမ်ထောင်ရေးတွေကို အောင်မြင်ပျော်ရွှင်အောင် တည်ဆောက်ကြည့်ပါ။ ပရိသတ်ကြီးအနေနဲ့ရော အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ အချစ်ရေးကို ထူထောင်နိုင်ဖို့အတွက် ဘယ်အချက်တွေက အရေးကြီးဆုံးလု့ိ ထင်လဲဆိုတာကို ဝင်ရောက်ဆွေးနွေးခဲ့ပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle