ဆယ်တန်းစာမေးပွဲလည်းပြီးပြီဆိုတော့ ကိုယ့် Passion ကို တွေ့အောင် ရှာကြမလား

ဆယ်တန်းစာမေးပွဲလည်းပြီးပြီဆိုတော့ ကိုယ့် Passion ကို တွေ့အောင် ရှာကြမလား

Follow Your Passion လို့ ပြောကြတာက လွယ်ပါတယ်။ ဒါပေမယ့် ကိုယ့် Passion ကို ကိုယ်မသိသေးတဲ့အချိန်ဆိုရင်တော့ ဒီစကားအတိုင်း လိုက်လုပ်ဖို့ နေနေသာသာ၊ Passion ကို ရှာနေရတာနဲ့တင် စိတ်ရှုပ်နေရပါပြီ။

ညီလေး၊ ညီမလေးတွေက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးလို့ အောင်စာရင်းတွေလည်း ထွက်ပြီဆိုတော့ ကိုယ့် Passion ကိုယ် ရှာဖွေဖို့ အချိန်ကျပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါလို့ ပါမှန်းမသိ၊ ဘယ်အရာကို စိတ်အားထက်သန်လို့ သန်မှန်းမသိ ဖြစ်နေပြီး စိတ်ညစ်နေရပြီဆိုရင် ဒီအချက်လေးတွေနဲ့ Passion ကို ရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် မေးခွန်း (၃) ခုမေးကြည့်ပါ
ကိုယ်ဘယ်အရာကို Passion ရှိသလဲဆိုတာ သိဖို့ ဒီမေးခွန်း ၃ ခုကို ရိုးရိုးသားသားဖြေကြည့်ပါ

“ဘယ်အကြောင်းအရာအတွက် စာအုပ်ပေါင်း ၅၀၀ လောက် မပျင်းမရိ ဖတ်နိုင်မလဲ”
“ ပိုက်ဆံမရဘူးဆိုရင်တောင်မှ ဘယ်အရာကို ၂နှစ်၊ ၃ နှစ်လောက် စိုက်လိုက်မတ်တပ်လုပ်နိုင်မလဲ”
“ ငွေကြေးအတွက် စိတ်ပူစရာမလိုတဲ့ အခြေအနေမျိုး ရောက်သွားပြီဆိုရင် ဘယ်အရာကို ဆက်လုပ်ချင်သေးလဲ”

ဒီလို အခြေအနေမျိုးတွေမှာ ရလာတဲ့ အဖြေက ကိုယ်လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ အရာတွေဟာ ကိုယ့်ရဲ့ Passion ဖြစ်လာဖို့များပါတယ်။

၂။ ကိုယ့်ရဲ့ Passion ဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်ကို ဖြစ်ရမယ်လို့ စိတ်မကူးပါနဲ့
တချို့အရာတွေဟာ ပိုက်ဆံမရလည်း အရမ်းကို စိတ်ထက်သန်နေတဲ့အရာမို့ လုပ်ကြည့်သင့်ပါတယ်။ ဒီအရာနဲ့ ပိုက်ဆံရှာလို့ မရသေးလည်း တခြားအလုပ်နဲ့ ဝင်ငွေရှာပြီး ကိုယ်ဝါသနာပါတဲ့အရာကို လေ့လာလိုက်စားကြည့်ပါ။

၃။ Passion ကို သိရဖို့ ကိုယ်ကြိုက်တဲ့ အရာတွေတင်မဟုတ်ဘဲ ကိုယ်မကြိုက်တဲ့အရာတွေကိုလည်း စမ်းလုပ်ကြည့်ပါ
ကိုယ်လုပ်လေ့လုပ်ထမရှိတဲ့ အရာတွေကို လုပ်ကြည့်ပါဦး။ ဘဝမှာ ကိုယ်ဘာကြိုက်လဲ သိတာအပြင် ကိုယ်ဘာမကြိုက်လဲဆိုတာကိုလည်း သိဖို့ အရေးကြီးပါတယ်။ တစ်ခါတလေမှာ ကိုယ်မကြိုက်ဘူးဆိုပြီး ပစ်ထားတဲ့အရာတွေထဲကနေ ကိုယ့် Passion ကိုလည်း ရှာဖွေတွေ့ရှိတတ်ပါတယ်။

၄။ ကိုယ်သိပ်မကျွမ်းကျင်တဲ့ အပိုင်းတွေမှာလည်း ရှာဖွေကြည့်နိုင်ပါတယ်
ခင်ဗျားက ပန်းချီဆွဲတာတော့ အရမ်းမတော်ဘူး၊ ဒါပေမယ့် ဟာသဉာဏ်ရှိတယ်ဆိုရင် လေ့ကျင့်ပါများတဲ့အခါ ကာတွန်းဆရာကောင်းတစ်ယောက်ဖြစ်နိုင်ပါသေးတယ်။ အအောင်မြင်ဆုံးလူတွေထဲက တချို့ဟာ ကိုယ့်အလုပ်မှာ အရမ်းထူးချွန်ကြလို့မဟုတ်ဘဲ ကိုယ့်မှာ ရှိတဲ့ Skill တွေကို ပေါင်းစပ်အသုံးချတတ်လို့ အောင်မြင်လာကြတာ ဖြစ်ပါတယ်။ Steve Jobs ဟာဆိုရင် အတော်ဆုံး Engineer လည်း မဟုတ်၊ အကောင်းဆုံးအရောင်းသမားလည်း မဟုတ်၊ အကျွမ်းကျင်ဆုံး Designer လည်း မဟုတ်သလို ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းတွေကို အကောင်းဆုံးပေါင်းစပ်သွားနိုင်တဲ့အတွက် အအောင်မြင်ဆုံး လူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။

၅။ Passion ကို လျှပ်တပြက်အချိန်ခဏအတွင်းမှာ ရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး
ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာလို ခေါင်းပေါ်က မီးသီးလေးဖျပ်ခနဲလင်းလာပြီး ကိုယ့် Passion ကို ရှာဖွေတွေ့ရှိအလုပ်လုပ်ကိုင်သွားလေသတည်းဆိုတာ လက်တွေ့ဘဝမှာတော့ မလွယ်တဲ့အရာပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို စမ်းတဝါးဝါးလုပ်ရင်းကိုင်ရင်း အချိန်တစ်ခုရောက်မှ သိလာတာမျိုးမို့ စိတ်ရှည်ရပါမယ်။

၆။ ကလေးဘဝတုန်းက ဘာလုပ်ရတာ ပျော်ခဲ့လဲ ပြန်စဉ်းစားပါ
တချို့လူတွေရဲ့ အိပ်မက်တွေက ငယ်တုန်းမှာ ဖွံ့ဖြိုးခဲ့ပေမယ့် အသက် ကြီးလာတော့မှ ပျောက်ကွယ်သွားတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ကိုယ့်ငယ်ဘဝက ဘာလုပ်ရတာ ကြိုက်ပါသလဲ၊ ပုံဆွဲရတာလား၊ ဂိမ်းကစားရတာလား၊ စက်ဘီးစီးရတာလား၊ ဒီအရာတွေထဲမှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနဲ့ Passion ကို ရှာဖွေကြည့်နိုင်ပါတယ်။

၇။ ကိုယ့်ရဲ့ Passion ဘာမှန်းမသိရင် ကောင်းနိုးရာရာစမ်းလုပ်ကြည့်ပါ
ဘာစားလို့ စားရမှန်းမသိရင် စားသောက်ဆိုင်တစ်ခုသွားပြီး Menu ကို ကြည့်ပြီး စဉ်းစားသလိုပဲ Passion ကို သိဖို့ရာလည်း ကောင်းနိုးရာရာကို လုပ်ကြည့်၊ လိုက်ရှာကြည့်နေမှ အဆင်ပြေပါလိမ့်မယ်။ ဘာမှ မလုပ်ဘဲ ထိုင်နေပြီး ဘာဝါသနာပါမှန်းမသိဘူး၊ ဘာစိတ်ပါမှန်းမသိဘူး၊ Passion က ဘာမှန်းမသိဘူးလို့ အော်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

၈။ တွဲစပ်တည်ဆောက်ကြည့်ပါ
တစ်ခါတလေ ကိုယ့် Passion က ဘာမှန်းမသိဘူးဖြစ်နေတယ်ဆိုတာ မတွဲစပ်ကြည့်သေးလို့ ဖြစ်ပါတယ်။ ကိုယ်က ပြင်သစ်ဘာသာစကားကိုကြိုက်တယ်၊ ကော်ဖီသောက်ရတာ ကြိုက်တယ်၊ တစ်ခုခုဆို ခေါင်းဆောင်လုပ်ချင်တယ်စတဲ့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို Career တစ်ခုဖြစ်လာအောင် ကြိုးစားတွဲစပ်ကြည့်သင့်ပါတယ်။

၉။ Passion ဟာ အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်မှ မဟုတ်ပေမယ့် Passion ကနေ ဝင်ငွေရှာနိုင်အောင်တော့ ကြိုးစားသင့်ပါတယ်
ကိုယ်ချစ်တဲ့အရာကို လုပ်နေရင်းနဲ့ ငွေကြေးကနောက်ကလိုက်လာတဲ့ အဖြစ်ဟာ စိတ်ကူးထားတာထက်ကို ပျော်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ငါ့ Passion သိပြီကွဆိုတဲ့ နေရာမှာတင်မဟုတ်ဘဲ Passion ကနေ ဝင်ငွေအမြတ်အစွန်းတစ်ခုခုထွက်လာအောင် ပျိုးထောင်ပါ၊ လေ့ကျင့်ပါ၊ ကြိုးစားကြည့်ပါ။ ဒါဆိုရင် အရင်ကလို လုပ်ကို လုပ်ရမယ်ဆိုတဲ့ အလုပ်တွေမှာ ချစ်လို့ကို လုပ်တဲ့အလုပ်တွေနဲ့ အစားထိုးနိုင်သွားပါလိမ့်မယ်။

Yoe Lu (Akhayar)

Source : www.themuse.com, www.telegraph.co.uk

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle