နန်းတက်ပွဲမတိုင်ခင် ကိုယ်ရံတော်တပ်ဖွဲ့ဒုတပ်မှူးနဲ့ လက်ထပ်လိုက်တဲ့ ထိုင်းဘုရင်

နန်းတက်ပွဲမတိုင်ခင် ကိုယ်ရံတော်တပ်ဖွဲ့ဒုတပ်မှူးနဲ့ လက်ထပ်လိုက်တဲ့ ထိုင်းဘုရင်

ထိုင်းဘုရင် Maha Vajiralongkorn ဟာ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ဒုတပ်မှူးအမျိုးသမီးနဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ တရားဝင်နန်းတက်ပွဲမတိုင်ခင် လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပြီး အဲဒီအမျိုးသမီးကို ဘုရင်မ Suthida အဖြစ် ဘွဲ့သတ်မှတ်ပေးခဲ့ပါတယ်။

ဒီလို အံ့သြဖွယ်မင်္ဂလာအခမ်းအနားကို ရှိသမျှ ထိုင်းတီဗွီချန်နယ်အားလုံးကနေ ထုတ်လွှင့်ခဲ့ပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီး Vajiralongkorn ဟာ ဘွဲ့အမည်အရ King Rama X ဖြစ်ပြီး သူ့ရဲ့ ဖခင် ဘုရင်ကြီး Bhumibol Adulyadej တစ်ယောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလက နတ်ရွာစံအပြီးမှာ စည်းမျဉ်းခံ ဘုရင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ Vajiralongkorn ဟာ Thai Airways ရဲ့ လေယာဉ်မယ်ဟောင်း Suthida Tidjai ကို သူ့ကိုယ်ရံတော်တပ်ဖွဲ့မှာ Deputy Commander အနေနဲ့ ခန့်အပ်ခဲ့ပါတယ်။

တော်ဝင်ရေးရာ လေ့လာစူးစမ်းသူတွေကတော့ အရင်က အိမ်ရှေ့စံဖြစ်ခဲ့သူ Vajiralongkorn နဲ့ Suthida တို့ဟာ အရင်တည်းက ချစ်ကျွမ်းဝင်ခဲ့ပုံရတယ်လို့ ဆိုပြီး နန်းတော်ဘက်ကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်နွယ်မှုကို ဘယ်တော့မှ အသိအမှတ်မပြုခဲ့ပါဘူး။

ထိုင်းဘုရင်ကြီး Vajiralongkorn ဟာ အရင်ကလည်း အိမ်ထောင် ၃ ဆက်ပြုခဲ့ဖူးပြီး အရင်အိမ်ထောင်တွေနဲ့ စုစုပေါင်း ရင်သွေး ၇ ဦးရှိသူလည်း ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ