Game of Thrones သရုပ်ဆောင်တွေနဲ့ လက်တွေ့ဘဝက ဖူးစာဖက်များ

Game of Thrones သရုပ်ဆောင်တွေနဲ့ လက်တွေ့ဘဝက ဖူးစာဖက်များ

Game of Thrones ပရိသတ်ကြီးတွေကတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ အချစ်ဇာတ်လမ်းတွေမှာ မြောနေကြမှာ စာရေးသူသိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်တောင် John Snow ရဲ့ Ygritte လေးသေသွားတုန်းက အသေခံစားလိုက်ရတာ ။ ကိုယ်သဘောကျတဲ့ ဇာတ်ကောင်တွေကို ညားစေချင်တာတော့ အမှန်ပဲလေ။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ ဘယ်လိုစိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေ ဖန်တီးနေပါစေ ဒီသရုပ်ဆောင်တွေရဲ့ တကယ့်လက်တွေ့ဘဝမှာ သူတို့တကယ်ချစ်ရတဲ့သူတွေရှိပါတယ်။ ဒီတော့ စာရေးသူတို့ သဘောကျတဲ့သရုပ်ဆောင်တွေရဲ့ ဖူးစာရှင်တွေကို ကြည့်ကြည့်ရအောင်နော်။

John Snow (Kit Harington) နဲ့ Ygritte (Rose Leslie)
ဇာတ်လမ်းထဲမှာ ဒါရိုက်တာ အသဲမာလို့ တို့တွေရဲ့ Ygritte လေးကို ပေးသေခိုင်းလိုက်ပေမယ့် John Snow ရဲ့ အချစ်ကမရပ်တန့်သွားပါဘူး။ John Snow နေရာမှာသရုပ်ဆောင်တဲ့ Kit Harington နဲ့ Ygritte အဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Rose Leslie တို့ဟာ အပြင်မှာ တကယ်လက်ထပ်ခဲ့ကြတာပါ။ Kit က Iceland မှာ Wildling တွေနဲ့ရိုက်တဲ့အခန်းတွေမှာ Rose နဲ့ ချစ်ခဲ့ကြတာဖြစ်ပြီးတော့ သူရဲ့ Game of Thrones ရိုက်တဲ့အချိန်တစ်လေ ျှာက်မှာ Iceland ကနေ့ရက်တွေက သူ့အကြိုက်ဆုံးပါလို့တောင် ပြောခဲ့ပါသေးတယ်။ ဘယ်လိုနေနေ ကိုယ်ညားစေချင်တဲ့နှစ်ယောက်ဇာတ်လမ်းထဲမညားရလည်း အပြင်မှာညားသွားလို့ အရမ်းကို ကျေနပ်ရပါတယ်။

Tyrion Lannister (Peter Dinklage) နဲ့ သူ့အမျိုးသမီး Erica Schmidt
ဇာတ်လမ်းထဲမှာတော့ မိန်းမတိုင်းနဲ့လိုက်အိပ်နေပြီး တကယ့်ဆရာသမားဖြစ်နေတဲ့ Tyrion ကတော့ အပြင်လောကမှာ ချစ်ရမယ့် အမျိုးသမီးနဲ့ သမီးလေးတောင်ရှိပါသတဲ့။ ဒါတောင်ဒုတိယမြောက်ကလေးလေး ရထားတာမကြာသေးပါဘူး။ သူတို့နှစ်ယောက်လုံးက သူတို့ဘဝနေထိုင်မှုနဲ့ပတ်သက်ပြီးတော့ အရမ်းလ ျှို့ဝှက်ပေမယ့်လို့ သူတို့ Instagram က ပုံတွေအရဆိုရင် အရမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပိုင်ဆိုင်ထားတာကို မြင်နိုင်ပါတယ်။

Khal Drogo (Jason Momoa) နဲ့ သူ့အမျိုးသမီး Lisa Bonet
Mother of Dragon နဲ့ ဇာတ်လမ်းထဲ ဘယ်လိုနေခဲ့နေခဲ့ Jason သူ့မိန်းမကိုချစ်တဲ့ စိတ်ကတော့ Mother of Dragon ဘယ်လိုမှာယှဉ်လို့ မရတဲ့အရာပါ။ Jason နဲ့ သူ့ရဲ့အမျိုးသမီးက အသက်အများကြီးကွာပါတယ်။ Lisa ကို ပထမဆုံး တီဗီမှာ စမြင်ဖူးတုန်းက Jason က အသက် ၈ နှစ်ပဲ ရှိပါသေးတယ်။ ဒါကို Jason တစ်ယောက် သူ့အမေကို “အမေ သားဘဝတစ်လေ ျှာက်လုံး သူ့နောက်တစ်ကောက်ကောက်လိုက်မှာလို့” ပြောခဲ့တယ်။ ပြောခဲ့တဲ့အတိုင်းပဲ သူရအောင်လိုက်ခဲ့ပါတယ်။ သူတို့မှာ ကလေးလေးနှစ်ယောက်လည်းရှိပါတယ်နော်။ Jason နဲ့တူတဲ့ ကလေးလေးနှစ်ယောက်ပါ။

Jaime Lannister (Nikolaj Coster-Waldau) နဲ့ အမျိုးသမီး Nukaaka Coster-Waldau
Jaime ကတော့ Game of Thrones ရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ပြီး အမတော်နဲ့ကြည်နူးလို့ လူမြင်ကတ်ခံခဲ့ရတဲ့သူ ဖြစ်ခဲ့ပေမယ့် လက်တွေ့မှာတော့ Jaime Lannister နေရာမှာ သရုပ်ဆောင်တဲ့ Nikolaj က သမီးလေးနှစ်ယောက်တောင် ပိုင်ဆိုင်ထားတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ သူ့ရဲ့အမျိုးသမီးကလည်း အရင်က Miss Greeland ဖြစ်ခဲ့ပြီး အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Nikolaj ရဲ့ အမျိုးသမီးက Game of Thrones ကို မကြည့်ဖူးသေးဘူးလို့လည်း ပြောကြပါတယ်။ ဒါပေမယ့် ယောက္ခမကြီးနဲ့ တစ်နေ့မှာ ဇာတ်လမ်းတွဲကို မနားတမ်းတစ်ဆက်တည်းကြည့်မယ်လို့ စီစဉ်ထားပါတယ်တဲ့။ ကြည့်ပြီးရင် ဘာတွေဖြစ်ဦးမလဲတော့မသိပါဘူး။

Sansa Stark (Sophie Turner) နဲ့ စေ့စပ်ထားတဲ့ခင်ပွန်းလောင်း Joe Jonas
မင်းသမီး Sophie Turner က Game of Thrones မှာ Sansa Stark အနေနဲ့ပါဝင်သရုပ်ထားတာပါ။ ဇာတ်လမ်းတွဲကို ပထမဆုံးစလွှင့်တော့ သူ့အသက်က ၁၅ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ အသက် ၂ဝ လည်းကျော်လာပြီဖြစ်သလို စေ့စပ်ထားတဲ့ ချစ်ရသူတောင်ရှိနေပါပြီ။ သူက Jonas ညီအစ်ကိုတွေထဲက အကြီးဆုံးဖြစ်တဲ့ Joe Jonas နဲ့ စေ့စပ်ထားပြီး မကြာမီအချိန်မှာ လက်ထပ်တော့မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ Game of Thrones ထဲမှာ Sansa တစ်ယောက် အချစ်ရေးဘယ်လိုပဲ ကံမကောင်းခဲ့ပါစေ လက်တွေ့ဘဝမှာတော့ သူ့ကိုတန်ဖိုးထားပြီးချစ်တဲ့ အဆိုတော်ချောလေးရှိနေပါတယ်နော်။

အခုဖော်ပြပေးသွားခဲ့တာတွေက Game of Thrones ရဲ့ အဓိကဇာတ်ဆောင်တွေနဲ့ သူတို့ရဲ့ဖူးစာဖက်တွေပဲဖြစ်ပါတယ်။ ဒါတောင် တခြားအဓိကဇာတ်ကောင်တွေနဲ့ သူတို့ရဲ့အသဲတစ်ခြမ်းတွေ ကျန်နေပါသေးတယ်နော်။ နောက်တစ်ခေါက်မှာ ဘယ်သူတွေ ဘယ်လိုလာမယ်ဆိုတာ စောင့်မေ ျှာ်ဖတ်ရှုပေးကြပါဦး။

Ref: www.cosmopolitan.com

Photo Credit – Daniel French

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle