Trade War ကြောင့် တရုတ်နိုင်ငံမှာ Game of Thrones ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပြီ

Trade War ကြောင့် တရုတ်နိုင်ငံမှာ Game of Thrones ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပြီ

Game of Thrones ရုပ်သံဇာတ်လမ်းတွဲဟာ စတင်ထုတ်လွှင့်တဲ့ ၂ဝ၁၁ခုနှစ်တည်းက လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲကို နေရာယူခဲ့တာပါ။ Season 8 ဟာ Game of Thrones ရဲ့ Final Season လည်းဖြစ်တဲ့အတွက် GOT Fan အတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ။ အခုဆိုရင် Game of Thrones Season 8 ရဲ့ Episode 6 လည်း ပြီးဆုံးသွားပြီဖြစ်တာကြောင့် ပရိသတ်တွေက လွမ်းနေတော့မှာပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံမှာ Game of Thrones Season 8 ရဲ့ Episode 6 ကို ၂ဝ၁၉ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ ထုတ်လွှင်ရမှာဖြစ်ပေမယ့် ပရိသတ်တွေက အခုထိ မကြည့်ရသေးပါဘူး။ တရုတ်နိုင်ငံမှာ Game of Thrones ရုပ်သံထုတ်လွှင့်မှုကို မူပိုင်ခွင့်ရထားတဲ့ Tencent Video ဟာ “ထုတ်လွှင့်မှုကြားခံနယ်ပြဿနာ” ဆိုတဲ့ အကြောင်းပြချက်နဲ့ Season 8 ရဲ့ Final Episode 6 ကို မထုတ်လွှင့်ခဲ့တာပါ။

Game of Thrones ရဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်တဲ့ HBO ရုပ်သံလိုင်းကတော့ Season 8 ထုတ်လွှင့်မှုမှာ အခက်အခဲမရှိကြောင်း အတိအလင်းဆိုထားပြီး တရုတ်အစိုးရဟာ Tencent Video ကို Game of Thrones ဇာတ်လမ်းတွဲ မထုတ်လွှင့်ဖို့ ဖိအားပေးလိုက်တဲ့အတွက် ကြန့်ကြာသွားတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပျက်နေတဲ့ Trade War ရဲ့ အကျိုးဆက်ဖြစ်နိုင်တယ်လို့ Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။ Tancent Video အနေနဲ့ Game of Thrones Season 8 ရဲ့ Episode 6 ထုတ်လွှင့်မယ့်ရက်ကို ကြေညာပေးမယ်လို့ တောင်းပန်ထားပေမယ့် တရုတ်နိုင်ငံက ပရိသတ်တွေက ဒေါသဖြစ်နေပါသတဲ့ဗျာ။

Reference and Photo Credit – HBO ၊ Engadget

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ