Cover Song Crazy တိုင်း နားထောင်သင့်တဲ့ Cover Song Creator မျာ

Cover Song Crazy တိုင်း နားထောင်သင့်တဲ့ Cover Song Creator မျာ

အခုနောက်ပိုင်း မူရင်းသီချင်းတွေကို ပုံစံမျိုးစုံနဲ့ Cover Song အဖြစ် ပြောင်းလဲသီဆိုကြတာတွေက ခေတ်စားလာပါတယ်။ နိုင်ငံတကာမှာလည်း Cover Song သီဆိုသူတွေဟာ တစ်ခဲနက်အားပေးမှုကိုရရှိနေသလိုပဲ အောင်မြင်နေကြပါတယ်။ မြန်မာနိုင်ငံမှာကတော့ အရည်အသွေးကောင်းတဲ့ Cover Song တွေ နိုင်ငံတကာလောက် အများကြီးတော့ မတွေ့ရသေးပါဘူး။ ဒီတော့ ကိုယ်တွေလို သီချင်းတစ်ပုဒ်ပုဒ်ကိုတွေ့တိုင်း Cover Song တွေ ရှာနားထောင်တတ်တဲ့ အခရာပရိသတ်တွေအတွက် ကိုယ်အကြိုက်ဆုံး Cover Song Creator (၅) ဦးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Boyne Avenue

Boyne Avenue ကတော့ Boy Band ဖြစ်ပြီး Alejandro၊ Fabian နဲ့ Daniel ဆိုတဲ့လူငယ်သုံးယောက် ဖွဲ့စည်းထားတာပါ။ Male Cover Song Creator တွေထဲမှာမှ Acoustic Music ကို နားထောင်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်။ YouTube Subscriber 12 M ရှိပြီး တစ်ခါတလေ Cover Song ဆိုတဲ့ တချို့ကောင်မလေးတွေနဲ့လည်း တွဲဖက်သီဆိုတာလည်း ရှိပါတယ်။ သူတို့ ပြန်လည်သီဆိုထားတဲ့ သီချင်းတွေထဲက Ed Shereen ရဲ့ Perfect၊ Lady Gaga နဲ့ Bradley Cooper တို့ရဲ့ Shallow၊ John Legend ရဲ့ All Of Me တို့ကို Recommend ပေးချင်ပါတယ်။

Madilyn Bailey

သူမကတော့ ဆွဲဆောင်မှုလည်း ရှိသလို သီချင်းဆိုတာလည်း တော်တော်ကောင်းပါတယ်။ YouTube မှာလည်း Subscriber 3 M ရှိပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ကျော်၊ ၆နှစ်ကတည်းက နာမည်ကြီးတဲ့ Cover Song သီဆိုသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ Cover Song တွေထဲမှာ Marshmello ရဲ့ Happier၊ Dua Lipa ရဲ့ New Rules နဲ့ Lady Gaga ရဲ့ Million Reasons တို့ကို သဘောကျမိပါတယ်။

Sam Tsui

Sam Tsui ကတော့ မြန်မာနိုင်ငံမှာလည်း တော်တော်များများသိကြပါတယ်။ မသိရင်တောင် ကြားဖူးမြင်ဖူးကြမှာပါ။ သူ့ရဲ့ YouTube Subscriber ကတော့ 3 M ရှိပါတယ်။ တခြား Cover Song သီဆိုသူတွေနဲ့လည်း ပူးပေါင်းသီဆိုလေ့ရှိပြီးတော့ သူ့ရဲ့ Cover Song တွေထဲမှာဆိုရင် Ariana Grande ရဲ့ Breathin၊ Fun ရဲ့ We Are Young နဲ့ Miley Cirus ရဲ့ Malibu တို့ကို ပြန်လည်နားထောင်ကြည့်ပါနော်။

Kina Grannis

သူမဆီမှာ YouTube Subscriber က 1.4M ရှိပါတယ်။ သူမက ဂစ်တာလေးတီးပြီး ခပ်အေးအေးလူလူသီချင်းဆိုတတ်တဲ့ ကောင်မလေးပါ။ သူ့ရဲ့ Cover Song သီဆိုမှုတွေထဲမှာ ရွေးပေးရမယ်ဆိုရင် Coldplay ရဲ့ Yellow၊ Elvis Presley ရဲ့ Can’t Help Falling In Love၊ Billie Eilish ရဲ့ When The Party’s Over တို့ကို နားထောင်ကြည့်စေချင်ပါတယ်။

Davina Michelle

သူမကတော့ တီထွင်ဖန်တီးမှုတွေ အများကြီးမလုပ်ပေမယ့်လည်း ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ အသံလေးကြောင့် YouTube မှာ Subscriber 591 K ရှိနေပါတယ်။ သူမ Cover Song အဖြစ် ပြန်လည်သီဆိုထားတဲ့သီချင်းတွေထဲမှာ Sam Smith ရဲ့ Too Good At Goodbyes ရယ်၊ Adele ရဲ့ Someone Like You ရယ်၊ Pink ရဲ့ What About Us ရယ်ကိုတော့ အကြွေဆုံးပါပဲ။

ဒီတော့ နားထောင်ကြည့်စေချင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရတဲ့ တခြား Cover Song Creator တွေရှိရင်လည်း လက်တို့ပါအောင်။ နားထောင်ကြည့်ကြရအောင်လို့ပါနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle