Grab က လစဉ် အပိုခံစားခွင့်တွေနဲ့ ပျော်ရွှင်ရမယ့် အစီအစဉ်တစ်ခု မိတ်ဆက်

Grab က လစဉ် အပိုခံစားခွင့်တွေနဲ့ ပျော်ရွှင်ရမယ့် အစီအစဉ်တစ်ခု မိတ်ဆက်

Grab Myanmar က ခရီးသည်တွေအတွက် စရိတ်သက်သက်သာသာနဲ့ တစ်လတာလုံး ပျော်ရွှင်ရမယ့် အစီအစဉ်တစ်ခု မိတ်ဆက်လိုက်ပါတယ်။ အဲဒါကတော့ သတ်မှတ်ကာလအတွင်း Grab နဲ့ ခရီးစဉ် ၅ ကြောင်းစီးပြီးရင် ကျပ် ၅၀၀၀ ပြန်သုံးစွဲနိုင်မယ့်အစီအစဉ်ပါ။ အဲဒီအပိုခံစားခွင့်ကို ကျပ် ၅၀၀ လျှော့ဈေးနဲ့ ခရီးစဉ် ၁၀ ကြောင်းစာ သုံးစွဲနိုင်ဖို့ My Rewards ထဲ ထည့်ပေးထားမှာဖြစ်ပါတယ်။ ခရီးစဉ် ၅ ကြောင်းစာ နှစ်ကြိမ်ခွဲ ထည့်ပေးမှာဖြစ်လို့ နောက်လာမယ့်တနင်းလာနေ့တွေမှာ စစ်ကြည့်လို့ ရပါတယ်။

ဒီလာမယ့် မတ်လအတွက် ကျပ် ၅၀၀၀ နဲ့ ကိုက်ညီတဲ့ ခရီးစဉ်လျှော့ဈေးတွေ ရရှိဖို့အတွက် အခုလာမယ့် ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ် ၃ ရက်အတွက် ပရိုမိုမပါတဲ့ခရီးစဉ် ၅ ကြောင်းပြည့်အောင် စီးနင်းလိုက်ရုံပါပဲ။ ဒါဆို ကျပ် ၅၀၀ လျှော့ဈေးနဲ့ ခရီးစဉ် ၁၀ ကြောင်းစာက နှစ်ကြိမ်ခွဲပြီး မိတ်ဆွေရဲ့ My Rewards ထဲ ရောက်လာမှာပါ။ ဒါ့အပြင် Grab က ခရီးသည်တွေအတွက် သောကြာနဲ့ ပိတ်ရက်တွေမှာ ပျော်ပျော်ကြီးဆင်နွှဲနိုင်ဖို့ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ မိသားစုအကြိုက် ဆိုင်တွေနဲ့ ချိတ်ထားပေးပါတယ်။

ဒီပထမရက်သတ္တပတ်အတွင်း သွားရောက်နိုင်တဲ့ဆိုင်တွေကတော့ မတ်လ ၁ ရက်နေ့မှာ Harry’s Bar ၊ မတ် ၂ ရက်နေ့မှာ Pizza Hut နဲ့ မတ် ၃ ရက်နေ့မှာ Mr.Chef ဖြစ်ပါတယ်။ သွားရောက်တဲ့အခါ Grab နဲ့ စီးနင်းသွားရမှာဖြစ်ပြီး စီးနင်းတဲ့ ခရီးစဉ်အထောက်အထားပြလိုက်တာနဲ့ Harry’s မှာ ဘီယာတစ်ခွက် ( အသေး) ကို လက်ဆောင် သောက်သုံးနိုင်မှာပါ။ အလားတူပဲ မတ် ၂ ရက်နေ့၊ Pizza Hut မှာ စားသုံးမှုတွေအတွက် အထူး လျှော့ဈေး ၂၅ ရာခိုင်နှုန်း နဲ့ မတ် ၃ ရက်၊ Mr Chef မှာ စားသုံးမှုတွေအတွက် လျှော့ဈေး ၂၀ ရာခိုင်နှုန်း ခံစားခွင့်ရှိမှာပါ။ ဒီအစီအစဉ်ကို လစဉ် ပြုလုပ်ပေးသွားမှာဖြစ်ပြီး လူကြိုက်များတဲ့ စားသောက်ဆိုင်၊ ဘားနဲ့ အခြားလည်ပတ်စရာနေရာတွေကိုလည်း ရွေးချယ်ပြီး လျှော့ဈေးအစီအစဉ်တွေကို ချိတ်ဆက်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ Grab ကို အခုမှ စသုံးမယ့်သူတွေအတွက် ပရိုမိုကုဒ် ENJOY သုံးပြီး ပထမဆုံးခရီးစဉ် သုံးကြောင်းမှာ ၁၅၀၀ ကျပ် လျှော့ဈေး ရယူစီးနင်းနိုင်မှာ ဖြစ်ပါတယ်။