ဝိုင်နီအနည်းငယ် သောက်သုံးပေးတာဟာ ကျန်းမာရေးကို ဂရုစိုက်တာပါတဲ့နော်

ဝိုင်နီအနည်းငယ် သောက်သုံးပေးတာဟာ ကျန်းမာရေးကို ဂရုစိုက်တာပါတဲ့နော်

ဝိုင်နီလေးတစ်ခွက်လောက်သုံးလိုက်ရင် အိပ်ပျော်စေတယ်ဆိုပြီး သိကြပေမယ့် တခြားကျန်းမာရေး အကျိုးကျေးဇူးကောင်းတွေ ရှိမရှိကိုတော့ သေသေချာချာ သိပ်မသိကြပါဘူး။ အမှန်မှာတော့ ဝိုင်နီသောက်တာဟာ ကျန်းမာရေးကို ရှုထောင့်ပေါင်းစုံကနေ အကျိုးပြုစေပါတယ်။

ဝိုင်နီမှာ စပျစ်သီးကနေရရှိတဲ့ Polyphenols Antioxidants တွေပါဝင်တယ်ဆိုပြီး Green Chef က အာဟာရဗေဒပညာရှင် Gabby Geerts က ပြောပြထားပါတယ်။ Polyphenols Antioxidants က နှလုံးရဲ့ လုပ်ငန်းစဉ်တွေနဲ့ သွေးဖိအားတွေကိုလည်း တိုးတက်ကောင်းမှုစေကာ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင်

သွားအခေါင်းပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
၂၀၁၄ ခုနှစ်ကလေ့လာမှုတွေ လုပ်ပြီး Journal of Agricultural and Food Chemistry ရဲ့ ထုတ်ပြန်ချက်တွေအရ ဝိုင်နီဟာ သွားအခေါင်းပေါက်တွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့်မို့ ဝိုင်နီကို ညအိပ်မပျော်တဲ့အခါမှာ တစ်ခွက်လောက်သောက်ပြီး အိပ်ပျော်အောင် ကြိုးစားရင်း သွားခေါင်းပေါက်ဖြစ်ခြင်းကိုပါ တစ်ခါတည်း ကာကွယ်လိုက်ပါ။

Alzheimer နဲ့ Parkinson ရောဂါတွေ အလွယ်တကူ မဖြစ်အောင် ကာကွယ်ပေးခြင်း
Alzheimer ကတော့ လူတိုင်းသိတဲ့အတိုင်း ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းလာတာမျိုးဖြစ်တဲ့ ရောဂါပါ။ လွယ်လွယ်ပြောရရင်တော့ အတိတ်မေ့ရောဂါလို့ ပြောလို့ရပါတယ်။ Parkinson ကတော့ အကြောအားနည်းပြီး ခြေတုန်လက်တုန်ဖြစ်တဲ့ ရောဂါမျိုးပါ။ ၂၀၁၇ ခုနှစ် လေ့လာမှုတွေ ပြုလုပ်တုန်းက သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ဝိုင်နီကို ပမာဏအနည်းငယ်လောက် သောက်ပေးတာဟာ Alzheimer နဲ့ Parkinson ရောဂါတွေ အလွယ်တကူ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အစာချေဖျက်စနစ်ထဲကို ဝိုင်တွေ ရောက်ရှိသွားရင် ဦးနှောက်အာရုံကြောစနစ်ကို ပျက်စီးစေနိုင်တဲ့ ဆဲလ်တွေကို အလွယ်တကူ မပျက်စီးသွားအောင် ကာကွယ်ပေးတဲ့အတွက်ကြောင့်ပါ။

Omega-3 Fatty Acid တွေကို တိုးလာစေခြင်း
အရက်အနည်းငယ်ပါဝင်တဲ့ သောက်သုံးစရာ အထူးသဖြင့် ဝိုင်နီဟာ သွေးရည်ကြည်နဲ့ သွေးနီဥထဲမှာ Omega-3 Fatty Acid တွေကို တိုးလာအောင် လုပ်ဆောင်ပေးပါတယ်။ Omega- 3 Fatty Acid က နှလုံးရောဂါဖြစ်တာကို ကာကွယ်ပေးပါတယ်။ Omega-3 Fatty Acid တိုးစေဖို့အတွက် ဝိုင်သောက်တဲ့အပြင် ငါးစားပေးလို့လည်း ရပါတယ်။ သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသား ပါဝင်သူ ၁,၆၀၄ ယောက်ကို ဝိုင်နီပုံမှန်လေးသောက်ခိုင်းပြီး စမ်းသပ်မှုပြုလုပ်တဲ့အခါ ပါဝင်သူတွေရဲ့ သွေးထဲမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ Omega- 3 Fatty Acid တွေ တိုးလာတာ တွေ့ရပါတယ်။

အဆုတ်လုပ်ငန်းစဉ် တိုးတက်စေပြီး အဆုတ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
ဝိုင်အနီ ပမာဏအနည်းငယ် သောက်သုံးပေးတာကလည်း အဆုတ်လုပ်ငန်းစဉ်ကို တိုးတက်စေပြီး အဆုတ်ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုလည်း တားဆီးကာကွယ်ပေးပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှလည်းကာကွယ်ပေးခြင်း
၂၀၁၇ ခုနှစ်က လေ့လာမှုတွေအရ ဝိုင်နီအတန်အသင့်သောက်တဲ့ အမျိုးသားတွေဟာ ဝိုင်နီလုံးဝမသောက်တဲ့ အမျိုးသားတွေထက်စာရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုပြီး လျော့နည်းပါတယ်။ ဝိုင်နီသောက်ခြင်းကနေ ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အခုပြောပြထားတဲ့ အချက်တွေထက်တောင် ပိုများပါသေးတယ်။

ကျန်းမာရေးကောင်းဖို့အတွက် ဝိုင်နီကို သောက်မယ်ဆိုရင် တစ်ပတ်မှာ လေးခွက်ကနေ ခုနစ်ခွက်လောက်အထိပဲ သောက်သုံးသင့်ပါတယ်။ အလွန်အကျူးသောက်သုံးရင်တော့ ကျန်းမာရေးအတွက် အကျိုးမရှိစေဘဲ ဆိုးကျိုးဖြစ်သွားစေနိုင်ပါတယ်နော်။ တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားလည်းရှိတော့ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့ ဝိုင်နီကို မှီဝဲမယ်ဆိုရင်တော့ သုတေသနပညာရှင်တွေ ပြောထားတဲ့အတိုင်း မှီဝဲဖို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle