Crazy Rich Asians ထဲက သူဌေးသားလေး Henry Golding ရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းတဲ့အချက်များ

Crazy Rich Asians ထဲက သူဌေးသားလေး Henry Golding ရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းတဲ့အချက်များ

Crazy Rich Asians ဇာတ်ကားထဲမှာ သူဌေးသားလေး Nick Yong အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာ်းဆန်ဆန် ချောမောတဲ့ မင်းသားချော Henry Golding ဟာ အခုလတ်တလော ပရိသတ်တွေကြားမှာ အတော် ရေပန်းစားလို့နေပါတယ်။ Crazy Rich Asians ဇာတ်ကားထဲမှာဆိုရင်လည်း ဒီမင်းသားဟာ ယောကျာ်းပီသ ကြည့်ကောင်းတဲ့ သူ့ရုပ်ရည်နဲ့ ဇာတ်ကောင်ကို ထိထိမိမိပုံဖော်သွားတဲ့အတွက် မိန်းကလေးပရိသတ်တွေ အများကြီး သိမ်းပိုက်ရရှိခဲ့သူပါ။ ဒီလို သိမ်းပိုက်ရရှိခဲ့တဲ့ မင်းသားချောနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် လူသိနည်းတဲ့ အချက်တချို့ကို ရှာဖွေတွေ့ရှိထားလို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) သူဟာအိမ်ထောင်သည်တစ်ဦးပါ
ပထမဦးဆုံး ပြောပြမယ့်အချက်က မိန်းကလေးပရိသတ်တွေအတွက် ဝမ်းနည်းစရာ အချက်တစ်ခုဖြစ်တဲ့အတွက် ပြောပြရမှာတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ မလေးရှားနိုင်ငံ Sarawak မှာ Italian-Taiwanese TV Presenter နဲ့ Yoga Instructor လုပ်ကိုင်သူ Liv Lo နဲ့ ၂၀၁၆ ခုနစ် သြဂုတ်လ ၂၀ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနစ် ဇန်နဝါရီ်လ ၁ ရက်နေ့ Filter Members Club မှာ စတင်တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။

(၂) မလေးရှား Terengganu မှာ နေထိုင်ခဲ့သူပါ
Malaysia- British လူမျိုး ဖြစ်တဲ့ ဒီမင်းသားဟာ အသက် (၇) နှစ်အရွယ်အထိ Terengganu မှာ နေထိုင်ခဲ့ပြီး နောက်ပိုင်းမှာ မိသားစုလိုက် England ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူရဲ့ဖခင်က English လူမျိုးဖြစ်ပြီး မိခင်ကတော့ မလေးရှား Iban မျိုးရိုးဖြစ်ပါတယ်။ သူဟာ Crazy Rich Asians မရိုက်ခင်တုန်းက သူကိုယ်တိုင် Host လုပ်ပြီး ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ Surviving Borneo ဆိုတဲ့ ခရီးသွားခြင်းအစီအစဉ်အစအဆုံးကို Discovery Channel Asia မှာ ပြသနိုင်ဖို့ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

(၃) ကလေးထိန်းတော်သူလည်းဖြစ်ပါတယ်
သူဟာ ကလေးတွေနဲ့အတူရှိနေရင် ကလေးကို ဘယ်လိုကောင်းကောင်းထိန်းပြီး ပျော်မြူးနေအောင် ဘယ်လို ချော့မြူးနေရမလဲဆိုတာ ကောင်းကောင်းသိသူပါ။ အောက်က ဗီဒီယိုထဲမှာ ဘယ်လိုတောင် ကလေးကို ရယ်မြူးနေအောင် ထိန်းနေလဲဆိုတာကို ကြည့်ကြည့်လိုက်ပါ။

(၄) ဓာတ်ပုံရိုက်ရတာ ပျော်မွေ့သူပါ
Henry Golding ကို Singapore ရဲ့ လမ်းမထက်မှာ အခန့်မသင့်ရင်တောင် တွေ့ရှိရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ Camera တစ်လုံးကို လွယ်ပြီး Singapore လမ်းမထက်ပေါ်မှာ Singapore လူနေမှုဘဝကို ပေါ်လွင်အောင် Portraits ပုံတွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးနေခဲ့လို့ပါ။

အောက်ကဓာတ်ပုံတွေဟာ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေပဲ ဖြစ်လို့ စီးမျောခံစားကြည့်ကြပါဦး။

(၅) စံချိန်တင်မုန့်ဖုတ်ဆရာတစ်ဦးပါ
Henry နဲ့ Singaporean က သူရဲ့အပေါင်းအသင်းတွေက မုန့်ဖုတ်ရတာကို ဝါသနာထုံကြပြီး သူတို့ဟာ အတူတကွစုပေါင်းပြီး လတ်ဆက်တဲ့ Pineapple Tarts နဲ့ပြုလုပ်ထားတဲ့ အကြီးဆုံး တရုတ်စာလုံးပုံတွေကို မုန့်ဖုတ်ပြီး ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးထွက်ရှိတဲ့ ထုတ်ကုန်ကလည်း အံ့ဖွယ်အလွန်ကောင်းပါတယ်။

(၆) Yoga ၊ Muay Thai နဲ့ Surf တွေကို လိုက်စားသူပါ
တောင့်တင်းကြံ့ခိုင်တဲ့ ဒီခန္ဓာကိုယ်ပိုင်ဆိုင်ရခြင်းကလည်း အံ့သြစရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကြမ်းတမ်းတဲ့ Muay Thai Training ကို ဆင်းခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ မနက်ခင်းမှာ ငါးကီလိုမီတာအထိ အပြေးလေ့ကျင့်နိုင်ဖို့အတွက် အိပ်ရာကို ငါးနာရီထဲက ထတဲ့သူပါ။ အမျိုးသမီးအများစုလုပ်တဲ့ လေ့ကျင်ခန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Yoga ကို ယောကျာ်းလေးတွေ လိုက်လုပ်ရတာ ရှက်စရာမဟုတ်ပါဘူးဆိုတာကို သူက ကိုယ်တိုင်လုပ်ပြပြီး သက်သေပြခဲ့သူပါ။

ပင်လယ်အားကစားတစ်ခုဖြစ်တဲ့ Surf လုပ်တာကိုလည်း ကြောက်စရာမဟုတ်ဘဲ စွန့်စားရတာလိုမြင်အောင် ဆော့ကစားတတ်သူလည်း ဖြစ်ပါတယ်။

(၇) သူဟာ ဆံပင်အလှဖန်တီးတဲ့နေရာမှာ Talent ရှိသူပါ
ပရော်ဖက်ရှင်နယ် သရုပ်ဆောင် ၊ မော်ဒယ်လ်နဲ့ Television Host အပြင် သူကျွမ်းကျင်တဲ့ Talent နောက်တစ်ခုကတော့ Hairstylist ပဲ ဖြစ်ပါတယ်။ သူဟာ Hairstylist ကို သေသေချာချာ လေ့ကျင့်ထားသူပါ။ Crazy Rich Asians ရုပ်ရှင်ဇာတ်ကား LA မှာ ပွဲဦးမထွက်ခင်တုန်းက သူရဲ့ဝှက်ထားတဲ့ Talent တစ်ခုဖြစ်တဲ့ Hairstylist လုပ်ခြင်းကို ချစ်ရတဲ့သူ့အမေကို လုပ်ပေးပြီး လက်စွမ်းပြခဲ့သူပါ။

ကဲ….ဒီလောက်ဆိုရင် စွဲဆောင်မှုအားကောင်းတဲ့ မင်းသားချောရဲ့ လူသိနည်းတဲ့ အကြောင်းအရာတွေ တော်တော်များများကို သိရှိသွားပြီဖြစ်လို့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle