ပူလွန်းတဲ့နွေရာသီမှာ အပူရှပ်ပြီး ဖျားနာတာမျိုးမဖြစ်ဘဲ လန်းဆန်းနေအောင်

ပူလွန်းတဲ့နွေရာသီမှာ အပူရှပ်ပြီး ဖျားနာတာမျိုးမဖြစ်ဘဲ လန်းဆန်းနေအောင်

ချစ်ချစ်တောက်ပူတဲ့ နွေရာသီလိုအချိန်အခါမျိုးမှာ အစားအသောက်တွေ စားသောက်လို့မကောင်းတဲ့အပြင် ချွေးထွက်လွန်းတဲ့အတွက် နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်ကာ ပြင်းလွန်းတဲ့ အပူချိန်ကြောင့် အပူရှပ်တာတွေကိုပါ ခံစားရပြီး ဖျားနာတတ်ကြပါတယ်။ လူကြီးတွေဟာလည်း ဒီလိုအချိန်မှာ နာမကျန်းဖြစ်လွယ်ကြပြီး လူငယ်တွေဟာလည်း ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားရတဲ့အတွက် အားအင်တွေကုန်ခန်းပြီး ခြေကုန်လက်ပန်းတွေ ကြတတ်ကြပါတယ်။

အပူရှပ်တာမျိုုးကလည်း ဒီလိုအားအင်ကုန်ခန်း ခြေကုန်လက်ပန်းကြနေရာကနေ ရေဓာတ်ခန်းခြောက်သွားပြီး ဖျားနာတဲ့ အဆင့်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အပူရှပ်တာကနေ ဖျားနာတဲ့ အဆင့်ထိ မကူးပြောင်းသွားဘဲ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့ အိမ်မှာလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းလးတွေ ရှိပါတယ်။ အားလုံးလို့ အပူဒဏ်ကို အံ့တုနေရလို့ သိချင်နေကြပြီဟုတ်။

Butter Milk
Butter Milk ဆိုတာက နွားနို့အမျိုးအစားတစ်မျိုးဖြစ်ပြီး ထောပတ်ပြုလုပ်ရာမှာ ကျန်ခဲ့တဲ့အဆီအနှစ် တစ်မျိုးဖြစ်ပါတယ်။ ဒီ Butter Milk ဟာ လန်းဆန်းစေတဲ့သောက်စရာ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို အေးမြလာအောင် ကူညီပေးပါတယ်။ Butter Milk ထဲမှာ ပါဝင်တဲ့ Probiotics ၊ ပရိုတင်း နှင့် ဗီတာမင်ဓာတ်များဟာ ခန္ဓာကိုယ်အတွင်းရှိ အပူချိန်ကိုထိန်းပေးထားပါတယ်။ Butter Milk ကလည်း အိမ်မှာ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရပါတယ်။ လုပ်ပုံလုပ်နည်းကတော့ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာ ဒိန်ချဉ်နဲ့ ရေတစ်ခွက်ကိုရောမွှေလိုက်ပါ။ အရဿရှိအောင် ဆားအနည်းငယ်နဲ့ ဇီယာစေ့အနည်းငယ်ကို ပေါင်းထည့်လိုက်ပါ။ အဲဒီအရောအနှောကို နွေရာသီမှာ တစ်နေ့ နှစ်ခွက်လောက် သောက်သုံးပေးပါ။

မန်ကျည်းဖျော်ရည်
မန်ကျည်းသီးမှာ ဗီတာမင်၊သတ္တုဓာတ်နဲ့ Electrolytes တွေ ကြွယ်ကြွယ်ဝဝ ပါရှိပါတယ်။ မန်ကျည်းသီးဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးပြီး ရေဓာတ်ခန်းခြောက်ခြင်း ပြဿနာကိုလည်း မဖြစ်အောင် ကူညီပေးပါတယ်။ရေတွေ အရမ်းဆာနေလို့ အားဖြည့်အချိူရည်တွေကို ပိုက်ဆံပေးဝယ်သောက်မယ့်အစား သဘာဝမန်ကျည်းဖျော်ရည်ကိုသာ နွေရာသီမှာ ဆေးဝါးတစ်လက်အဖြစ် သောက်သုံးလိုက်ပါ။ မန်ကျည်းဖျော်ရည်လုပ်နည်းကတော့ လူတော်တော်များများသိကြပေမယ့် မသိသေးတဲ့သူတွေအတွက် လုပ်နည်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ရေနွေးဆူဆူထဲကို မန်းကျည်းသီးထည့်စိမ်ထားပါ။ ထည့်စိမ်ထားတဲ့ ရေနွေးအေးသွားရင် အရည်ချည်းပဲ စစ်ပြီး အရသာရှိအောင် သကြား၊ ထန်းလျက်၊ ပျားရည်ထဲကမှ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ထည့်ပြီး သောက်သုံးပါ။

သရက်သီးဖျော်ရည်
အပူရှပ်တာကို သက်သာစေနိုင်တဲ့ နောက်ထပ်နည်းကောင်းတစ်မျိုးကတော့ နွေရာသီမှာ တွေ့ရတဲ့ ရာသီစာ သရက်သီးကို ဖျော်ရည်ဖျော်သောက်ရမှာ ဖြစ်ပါတယ်။ သရက်သီးမှည့်လောက် အပူရှပ်တာကို သက်သာအောင်လုပ်ပေးနိုင်တဲ့ ရာသီစာမျိုး မရှိသေးပါဘူး။ ဒါ့အပြင် သရက်သီးမှည့်ဖျော်ရည်ဟာ လန်းဆန်းစေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်အောင် ကူညီပေးပါတယ်။ သရက်သီးမှည့်ဖျော်ရည်လုပ်နည်းကလည်း အရမ်းလွယ်ကူ ရိုးရှင်းပါတယ်။ သရက်သီးအမှည့်ကို အခွံခွာပြီး အတုံးသေးသေးလေးတွေ တုံးကာ ကြိတ်စက်ထဲ ထည့်မွှေလိုက်ပါ။ အဲဒီမွှေထားတဲ့ အရောအနှောထဲကို ဆားအနည်းငယ်၊ ဇီယာစေ့နဲ့ သကြားကို အရဿရှိအောင် လိုသလောက်ထည့်ပြီး မွှေကာ သောက်သုံးပေးလို့ ရပါတယ်။

ကြက်သွန်နီဖျော်ရည်
အပူရှပ်တာကို သက်သာစေဖို့ ကုသနိုင်တဲ့ အကောင်းဆုံး အိမ်တွင်းဆေးဝါးတစ်လက်ကတော့ ကြက်သွန်နီဖျော်ရည်ပဲ ဖြစ်ပါတယ်။ အပူရှပ်တဲ့ လက္ခဏာ ခံစားနေရပြီးလို့ ကိုယ့်ကိုယ်ကိုယ်သိရင် အိမ်မှာရှိတဲ့ ကြက်သွန်နီကိုသာ ကောင်းကောင်း အသုံးချလိုက်ပါ။ ကြက်သွန်နီဖျော်ရည်ကို နားရဲ့အနောက်ဘက်၊ ခြေဖဝါးနဲ့ ရင်ဘတ်တို့မှာ အချိန်ခဏလေး လိမ်းထားပေးလိုက်ပါ။ ကြက်သွန်နီအနံံ့ကို ခံနိုင်တဲ့သူဆိုရင်လည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ကို ပျားရည်နဲ့ ရောပြီး သောက်သုံးပေးလို့ ရပါတယ်။

Essential Oil
နောက်ဆုံးနည်းလမ်းကတော့ Essential Oil တွေကို ကောင်းကောင်းအသုံးချရမှာပဲ ဖြစ်ပါတယ်။အခုနောက်ပိုင်းအိမ်တွေမှာ Essential Oil လေးတွေကို ဆောင်ထားတတ်ကြပါတယ်။ တချို့ Essential Oil တွေက အပူရှပ်တာကို သက်သာအောင် လုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိကောင်းတွေ ရှိပါတယ်။ Lavender Oil က အသားအရေကိုလည်း နူးညံ့ချောမွေ့စေပြီး အာရုံကြောအတွက်လည်း ကောင်းမွန်စေပါတယ်။ Peppermint Oil ကတော့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပါတယ်။ Peppermint Oil နှစ်စက် သုံးစက်၊ Lavender Oil တစ်စက် နှစ်စက်လောက်နဲ့ Olive Oil စားပွဲတင်ဇွန်း နှစ်ဇွန်းစာလောက်ကို ရောနှောလိုက်ပါ။ အဲဒီအရောအနှောကို လည်ပင်း၊ ခြေဖဝါးနဲ့ လက်ကောက်ဝတ်အတွင်းကို လိမ်းပေးကာ အပူရှပ်တာမျိုး မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။

ပရိတ်သတ်ကြီးလည်း အထက်ပါ အိမ်တွင်းမှုနည်းလမ်းကောင်းတွေကို သုံးပြီး နွေရာသီအပူရှပ်တာမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်ကြည်လို့ ရပါတယ်နော်။ ပရိသတ်ကြီးသိတဲ့ နည်းလမ်းကောင်းတွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးသွားပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle