April Fools’ Day ဆိုတာ ဘယ်လို ဖြစ်ပေါ်လာတာလဲ

April Fools’ Day ဆိုတာ ဘယ်လို ဖြစ်ပေါ်လာတာလဲ

ဒီနေ့ဆိုရင် လူမှုကွန်ရက်တွေမှာရော၊ ဖုန်းက တဆင့်ပါ “ငါ Accident ဖြစ်လို့ဟေ့၊ မင်းတော့ ထီပေါက်ပြီကွာ” စပြီး အငိုက်ဖမ်းမှုမျိုးစုံ၊ ဟာသမျိုးစုံနဲ့ သူငယ်ချင်းတွေက April Fool လုပ်တာကို ခံကြရမှာ ဖြစ်ပါတယ်။ ဒီလိုသာ တစ်ယောကို တစ်ယောက် April Fool လုပ်နေကြပေမယ့် April Fool’s Day ဆိုတာ ဘယ်ကစသလဲမေးရင်တော့ ရေရေရာရာသိကြတဲ့သူ နည်းပါတယ်။

April Fool’s Day ကို All Fools’ Day လို့ ခေါ်ပြီး နိုင်ငံပေါင်းတော်တော်များများမှာ ယဉ်ကျေးမှုအလိုက်ပုံစံမျိုးစုံ ဆင်နွှဲကြပါတယ်။ တချို့ သမိုင်းပညာရှင်တွေအဆိုအရတော့ April Fools’ Day ဟာ ၁၅၈၂ ခုနှစ်များဆီက စတယ်လို့ ဆိုကြပါတယ်။ ပြင်သစ်တွေဟာ Julian Calendar ကနေ Gregorian Calendar ကို ပြောင်းလဲခဲ့တဲ့အတွက် အပြောင်းအလဲကို နောက်ကျမှ သိသူတွေဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ်ဖြစ်သွားတာကို မသိသေးဘဲ မတ်လကုန် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်အဖြစ်ဆက်လက်ဆင်နွှဲကြတဲ့ အလေ့အကျင့်က စတယ်လို့ ဆိုပါတယ်။

တချို့ သမိုင်းပညာရှင်တွေက ဆိုတာကတော့ တစ်မျိုး ဖြစ်ပြီး April Fools’ Day ဆိုတာ ရှေးဟောင်းရောမမြို့မှာ ပြုလုပ်တဲ့ Hilaria ဆိုတဲ့ ပွဲနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒီပွဲကို မတ်လကုန်မှာ ပြုလုပ်လေ့ရှိပြီး ရယ်ရွှင်ဖွယ်အမျိုးမျိုး ဝတ်စားပြီး ဆင်နွှဲကြပါတယ်။

ဒီလိုမျိုး သမိုင်းတွေ၊ ပုံပြင်တွေ ရှိသလို တခြား April Fools’ Day ဖြစ်လာရတဲ့ ပါးစပ်ရာဇဝင်တွေလည်း ရှိပါသေးတယ်။ ခေတ်သစ်သမိုင်းမှာတော့ လူတွေဟာ April Fools’ Day မှာ သတင်းမှားတွေ၊ ဟာသတွေ၊ ပြောင်လုံးနောက်လုံးတွေ ဖန်တီးကြပါတယ်။ အစကတော့ လူပုဂ္ဂိုလ်တစ်ကိုယ်ရည်စာပဲ ဖန်တီးကြပေမယ့် နောက်ပိုင်းမှာတော့ သတင်းစာ၊ Radio၊ TV Station တွေနဲ့ Websites တွေက အစ ပါဝင်ဆင်နွှဲလာကြပြီး ပရိသတ်တွေကို အရူးလုပ်ကြပါတော့တယ်။

ထင်ရှားတဲ့ အဖြစ်အပျက်အနေနဲ့ဆိုရင် ၁၉၅၇ ခုနှစ်မှာ BBC ကနေ ဆွစ်လယ်သမားတွေဟာ စပါဂတ်တီမျိုးစေ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး သစ်ပင်တွေကနေ ခေါက်ဆွဲတွေ ခူးဆွတ်နိုင်ပြီလို့ ရိုက်ပြခဲ့လို့ ကြည့်ရှုသူအမြောက်အများ အရူးလုပ်ခံခဲ့ကြရပါတယ်။

၁၉၈၅ ခုနှစ်မှာဆိုရင်လည်း Sports ကနေ ဆောင်းပါးတစ်ပုဒ်ရေးတင်ခဲ့ပြီး အဲဒီဆောင်းပါးမှာ Baseball ကစားသမား Sidd Finch ဆိုတဲ့သူဟာ တစ်နာရီကို ၁၆၈ မိုင်နှုန်းနဲ့ ဘောလုံးပစ်နိုင်ခဲ့တယ်လို့ လှည့်စားဖော်ပြခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ Taco Bell လို့ ခေါ်တဲ့ Fast-food Restaurant ကလည်း Philadelphia ရဲ့ Liberty Bell ကို ဝယ်လိုက်တယ်လို့ ဖော်ပြပြီး Taco Liberty Bell လို့ နာမည်ပေးမယ်ဆိုပြီး ဟာသလုပ်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်ကလည်း Burger King ဟာ Left-Handed Whopper ဆိုတဲ့ Menu အသစ်တစ်ခု ကြော်ငြာခဲ့ပြီး Customer တွေဟာ ဒီ Menu အသစ်ကို အသည်းအသန်မှာစားခဲ့ကြပါတယ်။ ဒီလောက်ဆိုရင် April Fools’ Day ဘယ်လိုတွေ အစပြုလာတယ်ဆိုတာနဲ့ ဘယ်လို ပါဝင်ဆင်နွှဲကြတယ်ဆိုတာ သိလောက်ပြီ ဖြစ်မှာပါ။ အားလုံးပဲ April Fools’ Day မှာ အရူးလုပ်ခံရခြင်းကနေ ပွတ်ကာသီကာ ကင်းဝေးကြပါစေ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle