ဟောလိဝုဒ်ဟော့အဖြစ်ဆုံးComposer Hans Zimmer က Duneရဲ့သီချင်းတွေကိုဖန်တီးသွားမှာတဲ့

ဟောလိဝုဒ်ဟော့အဖြစ်ဆုံးComposer Hans Zimmer က Duneရဲ့သီချင်းတွေကိုဖန်တီးသွားမှာတဲ့

ခင်ဗျားတို့တွေ Hans Zimmer ကို သိကြမှာပါ။ Hans Zimmer က ကိုယ်တွေအကြိုက်ဆုံးဆိုတဲ့ ဇာတ်ကားတွေရဲ့ သီချင်းတွေကိုဖန်တီးတဲ့သူပါ။ Batman မင်းသား Christian Bale က ကိုယ်တွေ ဟီးရိုးလို့ထိုက်တန်တဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်နေချိန်မှာ နောက်ခံတီးလုံးတွေနဲ့ အံကိုကြိတ်ပြီးကြည့်ခဲ့တာ Captain Jack Sparrow ကြီး တဖြည်းဖြည်းမြုပ်နေတဲ့လှေနဲ့ ကမ်းကပ်လာတာ တီးလုံးအကြမ်းကြီးနဲ့ ပြီးမှခွက်ထိုးခွက်လှန် ရယ်လိုက်ရတာတွေ ၊ Lion King မှာ Scar က Mufasa ကိုသတ်တဲ့အခန်းတွေက တီးလုံးတွေကို ခံစားခဲ့ဖူးတယ်ဆိုရင် Hans Zimmer ကို သိသင့်နေပါပြီ။

Hans Zimmer က အောင်ပွဲခံတဲ့တီးလုံးကအစ ချစ်ခန်းကြိုက်ခန်းတီးလုံးအဆုံး အကုန်ဖန်တီးဖူးပါတယ်။ Interstellar နဲ့ Inception လိုအရမ်းမိုက်တဲ့ဇာတ်ကားတွေရဲ့ နောက်ခံတေးဂီတဖန်တီးသူကလည်း Hans Zimmer ပါပဲ။ Gladiator ၊ Da Vinvi Code ၊ Kung Fu Panda ပါအပါအဝင် ရုပ်ရှင်တွေ ရုပ်ရှင်တွေ အများကြီးမှ အများကြီးရဲ့ တီးလုံးတွေကို ဖန်တီးခဲ့တဲ့သူပါ။ ဟောလိဝုဒ်က ရုပ်ရှင်တိုင်းလိုလို သူ့တီးလုံးတွေနဲ့ပဲလား ထင်ရတယ်။ Bookstr မှာပြောထားသလို သူ့ရဲ့ Last Name Zimmer က တောင် တူရိယာတစ်ခုခုရဲ့နာမည်လို ထင်နေရပြီ။ ဒီလောက်အများကြီး ဖန်တီးထားတာတောင် Zimmer က အရှိန်တွေမရပ်သွားပါဘူး။

Zimmer က Frank Herbert ရဲ့ သိပ္ပံဝတ္တု Dune ကို ဒီနာမည်ပဲသုံးပြီး ပြန်ရိုက်မယ့် Dune ရုပ်ရှင်ဇာတ်လမ်းအတွက် နောက်ခံတေးဂီတ ဖန်တီးမယ်လို့ ကြေညာချက်တွေ ထွက်လာခဲ့ပါတယ်။ Dune က Paul Atreides ဆိုတဲ့လူငယ်လေးရဲ့ စွန့်စားခန်းလို့ပြောလို့ရပါတယ်။ အရမ်းတော်တဲ့ Paul ဆိုတဲ့လူငယ်လေး သူ့မိသားစုနဲ့သူ့လူမျိုးရဲ့ အနာဂတ်အတွက် အာကာသရဲ့ အန္တရာယ်အများဆုံးအပိုင်းတေါကို ခရီးသွားရမှာဖြစ်တယ်။ Dune စာအုပ်က ၁၉၆၅ ခုနှစ်မှာ အလွန်အောင်မြင်ခဲ့တဲ့စာအုပ်ပါ။ ဆုတွေအများကြီးရခဲ့ပြီး အာကာသအကြောင်းစိတ်ဝင်စားတဲ့သူတွေရဲ့ စိတ်နဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့စာအုပ်လည်းဖြစ်ပါတယ်။ Dune ရဲ့ဒါရိုက်တာ Denis Villeneuve ကလည်း Blade Runner 2049 အတွက် Hans Zimmer နဲ့ မကြာသေးခင်ကမှ တွဲလုပ်ခဲ့ကြတာပါ။ Blade Runner ကို ရိုက်တဲ့ဒါရိုက်တာက Dune ကိုရိုက်မှာဆိုတော့ ဒီကားက ရေလည်လန်ထွက်နေမှာ သေချာပါတယ်။

Dune ရဲ့ ဇာတ်ညွှန်းကို Villeneuve ၊ Jon Spaihts (Prometheus) နဲ့ Eric Roth (The Curious Case of Benjamin) တို့ကရေးသားထားတာဖြစ်ပါတယ်။ Legendary Entertainment နဲ့ Warner Bros တို့က Herbert ရဲ့ဇာတ်လမ်းအောက်မှာ သရုပ်ဆောင်မယ့်သူတွေကို တကယ့် Talent ရှိတဲ့သူတွေကိုမှ ရွေးချယ်ထားပါသေးတယ်။ Timothée Chalamet က Paul အဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Duke Leto Atreides အဖြစ် Oscar Issac ၊ Chani အဖြစ် Zendaya (Spider-Man Homecoming Actress) ၊ Dave Bautista ၊ Jason Momoa (Aquaman) ၊ Javier Bardem ၊ Josh Brolin ၊ Rebecca Ferguson (The Greatest Showman) နဲ့ Stellan Skarsgård (Thor Movie) ၊ သူတို့တွေအားလုံးပါပါတယ်နော်။ Arrival လိုရုပ်ရှင်မျိုးရိုက်ထားတဲ့ Villeneuve ရဲ့လက်ရာနဲ့ Zimmer နဲ့ပေါင်းလိုက်ရင် Dune ကတော့ ပြိုင်ဖက်ကင်းကိုဖြစ်သွားမလားပါပဲ။

Dune ကို ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာထုတ်လွှင့်သွားမယ်လို့ သတင်းထုတ်ပြန်ကြေညာထားပါတယ်။ အကြာကြီးစောင့်နေရဦးမယ်ဆိုပေမယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်ဖို့ အချိန်အတိုင်းအတာတစ်ခုလောက်တော့လိုတယ်လေ။ ဒီတော့ ပရိသတ်ကြီးတို့ရော Dune ကိုကြည့်ရဖို့ အရမ်းစိတ်လှုပ်ရှားသွားလား။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle