Power Bank နဲ့ ဖုန်းအားသွင်းတာက တကယ်ရော အဆင်ပြေစေရဲ့လား

Power Bank နဲ့ ဖုန်းအားသွင်းတာက တကယ်ရော အဆင်ပြေစေရဲ့လား

ကျွန်တော်တို့ လူငယ်ထုမှာ အပြင်သွားခါနီးတိုင်း ပိုက်ဆံအိတ်၊ဖုန်းအပြင် နောက်ထပ်အမြဲစစ်ရတဲ့ အရာက ဖုန်းအားရှိရဲ့လားဆိုတာပါပဲ။ ဒီလိုပဲ လူငယ်ထုကြားမှာ အတူဆိုင်ထိုင်လို့ပဲ ဖြစ်ဖြစ်၊ ဂိမ်းတူတူဆော့လို့ပဲ ဖြစ်ဖြစ် အချိန်ကြာတဲ့အခါ အကြားရဆုံးစကားက “ငါ့ဖုန်းအားကုန်တော့မယ်၊ လုပ်ကြပါဦး၊ Charger ပါလားဟေ့။ ဒါမှမဟုတ် Power Bank ပါကြလား” ဆိုတဲ့ အသံတွေပါပဲ။ ကိုယ့်ဖုန်းလေးများ အားကုန်ပြီဆိုရင် Power Bank ပါတဲ့ တစ်ယောက်ကို မျက်နှာချိုသွေးရတော့တာပါပဲ။

ကျွန်တေ်ာ့လို အလုပ်များပြီး ဖုန်းအားသွင်းဖို့ မေ့တတ်တဲ့သူမျိုးဆိုရင် ဒီလိုမျိုး ဒုက္ခက အမြဲတွေ့ရတယ်။ သွားလေရာမှာ Power Bank ဆောင်ရင်ဆောင်၊ မဟုတ်ရင်လည်း သူများဆီက မျက်နှာချိုသွေးရနဲ့။ ကြာတော့လည်း ဒီကိစ္စတွေကို စိတ်ပျက်လာပြီ။

အခုလည်း မနက်ဖြန်မှာ သူငယ်ချင်းတွေ စုပြီး ပဲခူးဘက်ကို Short Trip သွားဖို့ ရှိတယ်။ ကားပေါ်မှာ ဖုန်းနဲ့ Bluetooth ချိတ်ပြီး သီချင်းဖွင့်ဖို့ DJ တာဝန်ကျလာတာက ကျွန်တော်။ ဖုန်းအားမခံတဲ့ ကျွန်တေ်ာ့ဖုန်းအတွက် Power Bank က ယူရဦးမှာ၊ Power Bank က ခရီးမှာ သယ်မယ့် ကျောပိုးအိတ်အတွက် နေရာတစ်နေရာ ပေးရမှာ ရှိသလို Power Bank သုံးရတာကို စိတ်ပျက်စေတဲ့ ဒီလို အချက်တွေက ရှိသေးတယ်။

Power Bank နဲ့ အားသွင်းတာက လိုတာထက် ပိုကြာတယ်လို့ ခံစားရတယ်။
တချို့ Power Bank တံဆိပ်တွေက ဈေးပေါပေမယ့် အရည်အသွေးမကောင်းတော့ ဖုန်းကိုပါ ထိခိုက်တာမျိုး ရှိတယ်။ Quality ကောင်းတဲ့ ဟာမျိုးကျတော့လည်း ဈေးကြီးပြန်ရော။
ဈေးကွက်ထဲမှာ ခပ်ပါးပါး၊ပြားပြား Power Bank တွေ ရှိတယ်ဆိုပေမယ့် အများစုကတော့ ခပ်ကြီးကြီးနဲ့ နေရာယူတုန်းပဲ။
ခပ်ကြီးကြီး Power Bank ကြီး သုံးမိပြန်ရင်လည်း Power Bank နဲ့ သွင်းထားရင်း ဖုန်းသုံးရတာ အဆင်မပြေပြန်ဘူး။
နောက်တစ်ချက်ကတော့ Charger ကြိုးတန်းလန်းနဲ့ ဖုန်းသုံးရတာ အဆင်မပြေတာပဲ။
နောက်ဆုံးအချက်ကတော့ ကိုယ်ယူလာတဲ့ Power Bank က အားမရှိတဲ့အခါ သူ့ကို အရင်အားသွင်းရတာက အလုပ်ပိုစေတယ်။
ဒီလိုတွေနဲ့ ညစ်နေတုန်း ခရီးသွားဖို့ လိုအပ်တာဝယ်ရင်း ဖုန်းဆိုင်တစ်ခုမှာ သူငယ်ချင်းညွှန်းလို့ Honor 8C လေးကို တွေ့လိုက်ရတယ်။ Honor ရဲ့ ကြော်ငြာမှာလည်း Honor 8C ကို “1 Charge, 2 Days Use” ဆိုပြီး ပြောထားတော့ ပိုစိတ်ဝင်စားသွားတယ်။ Honor 8C က ဘာလို့ ဒီလို ပြောနိုင်တာလဲ၊ သူ့အားသာချက်ကဘာလဲဆိုတော့ သူ့ရဲ့ ကြီးမားတဲ့ 4000mAh Battery ကြောင့် တခြားဖုန်းတွေနဲ့ ယှဉ်ရင် ပိုကောင်းပြီး အားပိုခံနေတာ တွေ့ရတယ်၊ သူ့ရဲ့ Battery က လက်ရှိ Flagship ဖုန်းတွေနဲ့တောင် ယှဉ်နိုင်တဲ့ Battery Life မျိုးပေါ့။


Honor 8C

နောက်ထပ်အားသာချက်တွေ ကြည့်လိုက်တော့ Honor ရဲ့ EMUI Battery Optimization ကို တွေ့တယ်။ EMUI ကို အသုံးပြုထားတဲ့ Honor 8C က ကိုယ်သုံးတဲ့ Application တွေ၊ အသုံးပြုမှုတွေကို အခြေခံပြီးတော့ Battery Life ကို အကောင်းဆုံးဖြစ်အောင် Optimize ပြုလုပ်ပေးမှာဆိုတော့ သဘောကျပြီပေါ့ဗျာ။

Honor 8C

ဒီလောက်နဲ့တော့ ဘယ်ရမလဲ၊ ကျွန်တော်က ဖုန်းစွမ်းဆောင်ရည်နဲ့ ပက်သက်ရင်လောဘကြီးတယ်၊ တခြားဘာတွေ ရသေးလဲ ကြည့်မိတော့ Display ကလည်း ၆.၂၆ လက်မအကျယ် Display ပါဝင်ပြီး ဈေးနှုန်းလည်း သက်သာတော့ မနက်ဖြန်ခရီးအတွက်တင် မဟုတ်ဘဲ၊ ဖုန်းအသစ်လဲဖို့ထိ ဆုံးဖြတ်ပြီး ဝယ်ဖြစ်လိုက်တယ်။

မနက်ဖြန် Short Trip မှာ သီချင်းဖွင့်မယ်၊ ဂိမ်းဆော့မယ်၊ ဓာတ်ပုံရိုက်မယ်၊ ဖုန်းကို အားအပြည့်သွင်းထားပြီး ကြိုးတွေရှုပ်၊အလေးခံနေရတဲ့ Power Bank ကြီးကို ထားခဲ့တော့မယ်။ အပြင်ထွက်တိုင်း Power Bank ယူသွားရတဲ့ ဒုက္ခကလွတ်သွားတဲ့အတွက် သူငယ်ချင်းတွေကိုတောင် ရွှတ်နောက်နောက်ပြောမိသေးတယ်၊ “အပြင်သွားတိုင်း Power Bank ယူသွားခြင်းက သင့်ကို စမတ်မဖြစ်စေပါဘူး” ဆိုပြီး။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle