ချောကလက်ကို စားရုံတင်မကဘဲ အသားအရေလှပဖို့ပါ အားကိုးလို့ရတယ်ဆိုတာ သိပါသလား

ချောကလက်ကို စားရုံတင်မကဘဲ အသားအရေလှပဖို့ပါ အားကိုးလို့ရတယ်ဆိုတာ သိပါသလား

ချောကလက်လို့ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုလျော့ကျေအာင် စားပေးလို့ရတဲ့ အစားအစာ ချစ်ခင်ရသူကို အချစ်တွေဖော်ပြဖို့အတွက် ပေးလို့ရတဲ့ လက်ဆောင်ဆိုပြီး လူတွေက အသိများကြပါတယ်။ အမှန်တော့ ချောကလက်ဟာ အချစ်တွေကိုဖော်ပြဖို့အတွက် လက်ဆောင်အနေနဲ့ ပေးလို့ရရုံတင်မကဘဲ အဲဒီထက်ပိုတဲ့ အစွမ်းသတ္တိတွေ ရှိပါသေးတယ်။ ချောကလက် တစ်ကိုက်နှစ်ကိုက်စားလိုက်ရုံနဲ့ ချောကလက်ကို အသုံးပြုလိုက်ရုံနဲ့ အသားအရေကို ပြောင်းလဲသွားစေနိုင်တာဟာ လူသိနည်းတဲ့ ချောကလက်ရဲ့ အားသာချက်တစ်ခုပါ။ ချောကလက်ဟာ အသားအရေလှပဝင်းလက်တောက်ပမှုဖြစ်အောင် ကူညီပေးသလို Glow ချင်တဲ့သူတိုင်းအတွက် ဆေးဝါးတစ်လက်လိုလည်း ကူညီပေးနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ချောကလက်မှာ Antioxidant ကြွယ်ဝတဲ့ Phytochemical လို Polyphenol ဓာတ်ရဲ့ အနံ့တွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းကြောင့်ပဲ အရသာကိုလည်း ထူးကဲကောင်းမွန်စေပါတယ်။ ဒါ့အပြင် Valeric Acid လို အနံ့အရသာလည်းရှိတဲ့အတွက် စိတ်ကိုလည်း အပန်းပြေစေပါတယ်။

ဒါ့အပြင် အသားအရေညစ်နွမ်းနေရင်လည်း ချောကလက်ကိုသုံးပြီး ပြန်လည်ကောင်းမွန်အောင်လုပ်လို့ရသလို သွေးလည်ပတ်မှုနဲ့ အပူတွေကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိလည်းရှိတဲ့အတွက်ကြောင့် အသားအရေကို ရွန်းစိုတောက်ပမှုဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ချောကလက်ကိုသုံးပြီး အသားအရေထိန်းသိမ်းမယ်ဆိုရင် အိမ်မှာ ကိုယ်တိုင်လည်း အလွယ်တကူ ပြုလုပ်လို့ရပါတယ်။ လုပ်ပုံလုပ်နည်းလေးကတော့ Milk Powder နဲ့ Dark Cocoa ကိုရောနှောပြီး ချောကလက်မျက်နှာသန့်စင်ဆေး ပြုလုပ်လို့ ရပါတယ်။ ခြေထားတဲ့ စတော်ဘယ်ရီနဲ့ Cocoa Beans Powder ကို ရောနှောပြီး Scrub အနေနဲ့လည်း အသုံးပြုလည်း ရပါသေးတယ်။ Multani Mitti လို့ခေါ်တဲ့ ရွံစေးနဲ့ Chocolate Powder တို့ကို ရောနှောပြီး မျက်နှာမှာ လိမ်းထားရင် အသားအရေကို အကျိုးရှိစေရုံသာမက ဘာတာရှည်ခံဆေးမှလည်း မပါဝင်တဲ့အတွက် အသားအရေကို သိသိသာသာ ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

ချောကလက်နဲ့ ပြုလုပ်ထားတဲ့ အလှအပပစ္စည်းတွေမှာလည်း Antioxidant ဓာတ်ကြွယ်ကြွယ်ဝဝပါဝင်ပြီး ဗီတာမင်အေနဲ့အီးတို့လည်း အများဆုံးပါဝင်တဲ့အတွက်ကြောင့် အသားအရေကို ရေဓာတ်ပြည့်ဝလာစေပြီး ချောမွေ့လှပစေပါတယ်။

ဒါ့အပြင် ချောကလက်မှာ အမျိုးအစားကွဲ ဒြပ်ပေါင်း (၃၀၀) ကျော် ပါဝင်သေးတဲ့အတွက် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ ချောကလက်မှာရှိတဲ့ နောက်ထပ်စူပါပါဝါတစ်ခုကတော့ ကောင်းမွန်တဲ့ Free Radical တွေကို စစ်ယူပြီး Antioxidant အနေနဲ့ လုပ်ဆောင်ပေးကာ အသားအရေကို ရေဓာတ်ပြည့်စေခြင်း၊ အမည်းကွက်၊ အပြစ်အနာအဆာတွေကို လျော့ချပေးခြင်းနဲ့ Collagen တွေ တိုးပွားလာအောင် လုပ်ဆောင်ပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ချောကလက်မှာပါဝင်တဲ့ Theobromine က ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးပြီး ဝိတ်ကျျ သွယ်လျအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဝိုင်အနီမှာပါဝင်တဲ့ ပါဝင်ပစ္စည်းဖြစ်တဲ့ Polyphenol ကလည်း ချောကလက်မှာ ပါဝင်တဲ့အတွက် ချောကလက်ကို စားသုံးပေးရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

Almond Oil ၊ ချောကလက်ကနေ ထုတ်ယူထားတဲ့ ချောကလက်မှုန့်နဲ့ ကိုကိုးမှုန့်တွေကို ရောနှောပြီး အသားအရေကြေးချွတ်ရာမှလည်း အသုံးပြုလို့ရပါတယ်။

ဈေးကွက်ထဲမှာ ချောကလက် Mask ၊ ချောကလက် Scrub ၊ ချောကလက် Wax ၊ ချောကလက် Message Cream နဲ့ ချောကလက် Shower Cream အစရှိတဲ့ အလှအပပစ္စည်းတွေကို တွေ့ရှိရခြင်းကလည်း ချောကလက်ဟာ အလှအပရေးရာမှာ ဘယ်လောက်တောင်အသုံးဝင်နေပြီလဲဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ အခု ဒီအကြောင်းအရာကို ဖတ်ရှုပြီသွားပြီးရင် ချောကလက်ကို စားလို့ရရုံတင်မကဘဲ အလှအပရေးရာမှာ အများကြီး အသုံးဝင်စေတယ်ဆိုတာကို ကောင်းကောင်းသိသွားလောက်ပြီလို့ ထင်ပါတယ်။ ပရိသတ်ကြီးသိတဲ့ ချောကလက်ရဲ့ တခြားအသုံးဝင်ပုံတွေရှိရင်လည်း ဝေမျှပေးသွားဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle