ရာသီဥတုပူတာနဲ့ အစားစားချင်စိတ်ပျောက်သွားတာ ဘယ်လိုဆက်စပ်နေသလဲ

ရာသီဥတုပူတာနဲ့ အစားစားချင်စိတ်ပျောက်သွားတာ ဘယ်လိုဆက်စပ်နေသလဲ

နွေရာသီရောက်ပြီဆိုတာနဲ့ အစားစားချင်စိတ်တွေလည်းပျောက်ပြီး နေရထိုင်ရအဆင်မပြေဖြစ်တာကို ခံစားမိမှာပါ။ လူကြီးတွေကလည်း ပူရင်ထမင်းစားမဝင်ဘူးလို့ ငယ်ငယ်က ခဏခဏပြောပြတယ်။ ဒါကြောင့်ပူနေလို့ရှိရင် အော်……နေအရမ်းပူနေမှတာ့ စားချင်စိတ်တွေလည်းမရှိတော့ဘူးပေါ့ဆိုပြီး ကိုယ့်ဟာကိုယ်ညည်းတတ်လာတယ်။ ဒါပေမယ့် ပူတာနဲ့အစားမစားချင်တာ ဘာလိုဆိုင်သွားတာလဲဆိုပြီးတော့ ဘယ်တုန်းကမှ မမေးခဲ့မိဘူး။

ဒါကြောင့်ပူတာနဲ့ အစားစားချင်စိတ်မရှိတော့တာ ဘာဖြစ်လို့လဲဆိုတာကို ပြောပြချင်ပါတယ်။ Toronto တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေက ၁၉၄၇ ခုနှစ်နဲ့ ၁၉၆၇ ခုနှစ်တွေမှာ စစ်သားတွေရဲ့နောက်ကို လေ ျှာက်လိုက်ခဲ့ကြတယ်။ သူတို့ဘာကိုတွေ့ခဲ့လဲဆိုတော့ အပူပိုင်းဇုံနဲ့ ပူတဲ့ဒေသတွေကို ရောက်နေတဲ့စစ်သားတွေက အေးတဲ့နေရာမှာရောက်နေတဲ့ စစ်သားတွေထက် ၂၅ ရာခိုင်နှုန်း ကယ်လိုရီ လေ ျာ့ပြီးပဲစားနိုင်တာကိုပေါ့။

ဆရာဝန်တွေရဲ့ပြောကြားချက်အရ ခန္ဓာကိုယ်ရဲ့အရိုးရှင်းဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ အစာခြေတဲ့စနစ်က ကိုယ်ထဲမှာအပူကိုထုတ်ပေးတယ်တဲ့။ အရမ်းပူတဲ့အချိန်မှာ ခန္ဓာကိုယ်က သူ့ကိုယ်သူပြန်ပြီး အေးအောင်လုပ်ဖို့အတွက် အပူချိန်လေ ျှာ့တဲ့အခါမှာ ပိုပြီးအားထုတ်ရလို့ ဒီလိုလုပ်ဆောင်ချက်က အစားစားချင်စိတ်ကို ဖိနှိပ်တာဖြစ်ပါသတဲ့။ ဒါ့အပြင်အပူပါလာပြီဆိုရင် ချွေးကလည်းထွက်လာပြီလေ။ ချွေးထွက်ရင် ရေဓာတ်တင်မကဘူး ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်း ဆုံးရှုံးတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်ဆုံးရှုံးတာက ခန္ဓာကိုယ်ထဲက ဓာတုဓာတ်တွေကို မညီမမ ျှဖြစ်စေပြီး အစားစားချင်စိတ်ကို ဖိနှိပ်ထားနိုင်တယ်တဲ့။ ဒီအချက်တွေကြောင့်ပူတဲ့အချိန်မှာ အစားစားချင်စိတ်ပျောက်သွားရတာဖြစ်ပါတယ်။

ဒီတော့ အစားစားချင်စိတ်ပျောက်တာကို ဖြေရှင်းလို့ရတာက ရေများများသောက်မယ် ၊ တစ်ခါစားနည်းနည်းနဲ့ အများကြီးစားမယ် ၊ ဟင်းပွဲတွေမှာ စားချင်စိတ်ဖြစ်စေဖို့ ဟင်းခတ်အမွှေးအကြိုင်တွေသုံးမယ် ၊ ပန်းကန်ပြားကြီးကြီးတွေသုံးပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်မယ် ၊ နောက်ဆုံးက ကိုယ့်အကြိုက်ဆုံးအစားအစာတွေကို အစားစားချင်စိတ်ပျောက်နေတဲ့အချိန်မှာ စားတာတွေက ဒီလိုပူလောင်ပြီးစားချင်သောက်ချင်စိတ်ပျောက်နေတဲ့အချိန်မှာ အထောက်အကူပြုနိုင်ပါတယ်။

Photo Credit: www.verywellhealth.com

Ref: www.krem.com

Piki(Akhayar)