ခဏခဏလျှော်ဖို့မလိုတဲ့ အဝတ်အစားတွေအကြောင်း သင်သိပါသလား

ခဏခဏလျှော်ဖို့မလိုတဲ့ အဝတ်အစားတွေအကြောင်း သင်သိပါသလား

လူတွေဟာ နေ့စဉ်နဲ့အမျှ အဝတ်အစားမျိုးစုံကို ဝတ်စားဆင်ယင်နေကြပေမယ့် ဝတ်ထားပြီးတဲ့ အဝတ်အစားတွေကို ဘယ်နှစ်ကြိမ်ဝတ်ပြီရင် လျှော်ဖွပ်ရမလဲဆိုတာကို သေသေချာချာ ကွဲကွဲပြားပြားမသိကြပါဘူး။ ဒါ့အပြင် ဘယ်အဝတ်အစားကိုဆို ဘယ်နှစ်ကြိမ်ဝတ်ပြီး လျှော်ရမလဲ ဘယ်အဝတ်အစားတွေကိုတော့ ဝတ်ပြီးရင် လုံးဝ ပြန်ဝတ်လို့ မရဘူးဆိုတဲ့ အဝတ်လျှော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်သူမှ တိတိပပသိပ်မသိကြပါဘူး။ ဒါကြောင့်မို့ ဘယ်အဝတ်အစားတွေကို ဘယ်နှစ်ကြိမ်ဝတ်ပြီရင် ပြန်လည်လျှော်ဖွပ်ပြီး ဝတ်ရမလဲဆိုတာကို သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အတွင်းခံ
အတွင်းခံတွေဟာ တစ်ခါဝတ်ပြီးရင် နောက်နေ့ကျရင် မလျှော်မဖွပ်ဘဲ လုံးဝပြန်မဝတ်သင့်ပါဘူးနော်။ တစ်ရက်ဝတ်ပြီးတာနဲ့ ပြန်လျှော်မှသာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း အလေးထားရာ ရောက်စေမှာပါ။

(၂) ဂျင်းအဝတ်အထည်များ
လူတော်တော်များများဟာ ဂျင်းအဝတ်အထည်တွေကို ဘယ်နှစ်ခါဝတ်ပြီးရင် ပြန်လျှော်ဝတ်ရမလဲဆိုတာနဲ့ ပက်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်တွေမတူဘဲ အမျိုးမျိုး ကွဲပြားနေကြပါတယ်။ မိဘတွေကတော့ ဝတ်ပြီးတာနဲ့ လျှော်ဖို့လိုအပ်ကြောင်း ပြောတတ်ကြပါလိမ့်မယ်။ သူငယ်ချင်းတွေကတော့ မကြာခဏလျှော်ရင် ဂျင်းအရောင်တွေ ကျလာပြီး အရောင်လွင့်ပြီး ပျက်စီးသွားနိုင်ကြောင်း ပြောပါလိမ့်မယ်။ အမှန်ကန်ဆုံးကတော့ ငါးကြိမ်ခြောက်ကြိမ်လောက်ဝတ်ပြီးမှ လျှော်ပေးတာ အကောင်းဆုံးပါပဲ။ မလျော်ဘဲနဲ့ပြန်ဝတ်ရတာ စိတ်မသန့်ဘူးဆိုရင် တစ်ခါဝတ်ပြီးတာနဲ့ နေပူလှန်းပေးကာ ပြန်ဝတ်ပေးလို့ရပါတယ်။

(၃) T-shirts နဲ့ Tops များ
T-shirts နဲ့ Top တွေကလည်း Underwear တွေလိုပဲ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီး ဝတ်ရတာဖြစ်လို့ ချွေးတွေအများကြီး စုပ်ယူထားနိုင်တဲ့အတွက် ဝတ်ပြီးတာနဲ့ ပြန်လျှော်ပေးသင့်ပါတယ်။ တစ်နာရီလောက် မကြာအောင် ဝတ်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။

(၄) ဂါဝန်များ
ဂါဝန်တွေကိုတော့ တစ်ခါဝတ်ပြီတာနဲ့ လျှေ်ာပေးစရာမလိုပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ အထည်တွေ ပျက်စီးပြီး အရောင်တွေ လွင့်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အောက်မှာ ရှပ်တစ်ထည်ခံထားပြီး ဝတ်ထားသေးရင် ပိုလု့ိတောင် မလျှော်သင့်ပါဘူးနော်။ အရမ်းပူလွန်းတဲ့ နွေရာသီမျိုးမှာ တစ်နေကုန် ဝတ်ခဲ့တယ်ဆိုရင်တော့ ဝတ်ပြီးတာနဲ့ လျှော်ပေးပါနော်။ ဘာကြောင့်လဲဆိုတော့ ချွေးတွေစိုနေတဲ့အတွက်ကြောင့် ပြန်ဝတ်ရင်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်းမှာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တဲ့ အတွက်ကြောင့်ပါနော်။

(၅) Bra များ
Bra တွေကတော့ Underwear တွေလိုမျိုး ဝတ်ပြီးတာနဲ့ တန်းလျှော်ပေးဖို့ မလိုပါဘူးနော်။ ဝတ်ပြီးတာနဲ့ လေသလပ်ပြန်ခံပေးပြီး လေးကြိမ်လောက်ထိ ဝတ်ပေးလို့ ရပါတယ်။ အဲဒီလိုပြန်ဝတ်တဲ့နေရာမှာ Sports Bras တွေတော့ မပါပါဘူူးနော်။

(၆) ခြေအိတ်၊ အသားကပ်ဘောင်းဘီနဲ့ Stocking တွေ
ကလေးဘဝကတည်းက ခြေအိတ်တွေ ဝတ်ခဲ့ဖူးတဲ့သူတွေဆိုရင် ခြေအိတ်ဝတ်တဲ့ စည်းမျဉ်းတွေကို သိကြမှာပါ။ မိဘတွေက ခြေအိတ်တွေနဲ့ အသားကပ်ဘောင်းဘီတွေကို ဝတ်ပြီးတာနဲ့ လျှော်မယ့်ထဲ ထည့်ဖို့ပြောကြပါလိမ့်မယ်။ ဝတ်ပြီးတာနဲ့ လျှော်ပေးတာက မှန်ကန်တဲ့နည်းလမ်းပါ။ သေချာစဉ်းစားကြည့်ရင်းလည်း ခြေအိတ်တွေ ဝတ်ပြီးလျှောက်သွားနေရင်း ခြေအိတ်တွေမှာ ဘတ်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ ဘယ်လောက်တောင် ကပ်နေနိုင်လဲဆိုတာ မှန်းဆလို့တောင် မရနိုင်လို့ ဝတ်ပြီးတာနဲ့ လျှော်ပေးနော်။ အသားကပ်ဘောင်းဘီတွေကလည်း ခြေအိတ်တွေလောက်တော့ မညစ်ပတ်ပေမယ့် ဟိုထိုင်ဒီထိုင်နဲ့ဆိုတော့ မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေကပ်နေနိုင်လို့ ဝတ်ပြီးတာနဲ့ လျှော်ပေးပါနော်။

(၇) အားကစားဝတ်စုံများ
အားကစားဝတ်စုံတွေကို Gym သွားလို့ ဝတ်ပြီးရင်တော့ လျှော်ဖို့ မပျင်းမရိပါနဲ့နော်။ Gym မှာက စက်ကိရိယာမျိုးစုံတွေနဲ့လည်း ထိတွေ့ကြသလို ကစားတဲ့အခါမှာလည်း ချွေးတွေထွက်တဲ့အတွက် ခဏလေးပဲ ဆော့ကစားရင်းတောင် ဝတ်ပြီးတာနဲ့ လျှော်ပေးပါနော်။

(၈) ညဝတ်အကျီၤများ
ညစ်ပတ်ပြီးအနံ့အသက်ထွက်ရှိနေတဲ့ ညဝတ်အကျီၤတွေကို ဝတ်ပြီး အိပ်မိရင် အေးချမ်းတဲ့ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပြီး ပင်ပန်းနွယ်နယ်မှုကို ခံစားရစေပါလိမ့်မယ်။ အိပ်စက်ခြင်းကို အလေ့ထားတဲ့သူတွေအနေနဲ့ဆို ကိုယ်ရဲ့ ညဝတ်အကျီၤ သန့်ရှင်းစင်ကြယ်အောင် ထားပေးသင့်ပါတယ်။ မအိပ်ခင် ရေမိုးချိုးပြီးမှ ဝတ်တဲ့ ညဝတ်အကျီၤဆိုရင်တော့ လေးကြိမ်လောက်ဝတ်ပြီးရင် လျှော်ပေးသင့်ပါတယ်။

(၉) ဖိနပ်များ
ဖိနပ်တွေကိုတော့ အခြေအနေပေါ်မူတည်ပြီး ညစ်ပတ်ပြီဆိုတာနဲ့ ဆေးကြောပေးသင့်ပါတယ်။ ဒါ့ပေမယ် ဘယ်ဖိနပ်ကို ဘယ်လိုဆေးကြောရမလဲဆိုတဲ့ ညွှန်ကြားချက်ကိုတော့ ဖတ်ရှုပြီး ဆေးကြောပေးဖို့တော့ မမေ့ပါနဲ့နော်။ ဖိနပ်မှန်သမျှကို ရေနဲ့ဆေးကြောတာမျိုး မလုပ်ဖို့လည်း သတိပေးချင်ပါတယ်။

(၁၀) စကပ်၊ ဘောင်းဘီရှည်နဲ့ ဘောင်းဘီတိုများ

စကပ်၊ ဘောင်းဘီရှည်နဲ့ ဘောင်းဘီတိုတွေကိုတော့ ဂျင်းဘောင်းဘီတွေလိုမျိုး အကြာကြီးဝတ်ပြီးမှ လျှော်ပေးလို့တော့မရပါဘူး။ သုံးကြိမ် လေးကြိမ်လောက် ဝတ်ပြီးရင်တော့ လျှော်ပေးသင့်ပါတယ်နော်။

H.H(Akhayar)