Bohemian Rhapsody ကနေ Freddie ရဲ့ မိသားစုအတွက် ဘယ်လောက်ရရှိခဲ့သလဲ

Bohemian Rhapsody ကနေ Freddie ရဲ့ မိသားစုအတွက် ဘယ်လောက်ရရှိခဲ့သလဲ

Bohemian Rhapsody ဟာ Box Office မှာ ဝင်ငွေကောင်းပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်တယ်ဆိုတာ ရုပ်ရှင်ချစ်သူတိုင်း သိပြီးကြပြီဖြစ်မှာပါ။ ဟုတ်ပါတယ်၊ Queen အဖွဲ့ရဲ့ အတ္ထုပတ္တိကို ရိုက်ကူးထားတဲ့ Bohemian Rhapsody ဟာ ဝင်ငွေ ဒေါ်လာ ၈၉၉.၄ သန်း ရရှိခဲ့ပါတယ်။

ရုပ်ရှင်ရဲ့ အောင်မြင်မှုကနေရရှိတဲ့ ဝင်ငွေတစ်စိတ်တစ်ပိုင်းကိုတော့ Freddie Mercury ရဲ့ မိသားစုက ရရှိမယ်လို့ သိရပါတယ်။ ၁၉၉၁ ခုနှစ် Freddie Mercury ကွယ်လွန်ခဲ့ပြီးနောက်မှာ Freddie ဟာ သူ့ရဲ့ အနာဂတ်မှာ ရရှိမယ့် ဝင်ငွေ ၅၀% နဲ့ လန်ဒန်စံအိမ်တော်ကြိးကို သူအရမ်းချစ်ခဲ့တဲ့ Mary Austin အတွက် ချန်ထားခဲ့ပါတယ်။ ကျန်တဲ့ ၅၀% ကိုတော့ သူ့ရဲ့ မိဘတွေနဲ့ ညီမဖြစ်သူ Kashmira Bulsara အတွက် ချန်ထားခဲ့တာ ဖြစ်ပါတယ်။

Sunday Express ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Bohemian Rhapsody ရုပ်ရှင်ဇာတ်ကားအတွက် Mary Austin ဟာ အနည်းဆုံး ဒေါ်လာ သန်း ၆၀ ရရှိပြီး သူ့ညီမကတော့ ဒေါ်လာ ၂၅ သန်းလောက် ရရှိခဲ့ပါတယ်။ Queen ရဲ့ တခြားအဖွဲ့ဝင်တွေကတော့ ဒီဇာတ်ကားအောင်မြင်မှုအတွက် တစ်ယောက်ကို ဒေါ်လာ သန်း ၉၀ လောက်ရရှိခဲ့ပါတယ်။

Mary Austin ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် ဇာတ်ကားထဲမှာ Lucy Boynton က သရုပ်ဆောင်ခဲ့ပြီး Freddie ရဲ့ချစ်သူ၊ နောက်ပိုင်း Freddie ရဲ့ သက်ဆုံးတိုင်သူငယ်ချင်း၊ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်တွေကို အကောင်းဆုံး ပုံဖော်ထားခဲ့ပါတယ်။

Freddie ရဲ့ အချစ်စစ်တွေဟာ Mary Austin ပေါ်ကို ဘယ်လောက် ခိုင်မာလဲဆိုရင် သေပြီးတဲ့နောက်မှာတောင် ဒီလို ဖြစ်ရပ်တွေနဲ့ သက်သေပြခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)


Source: cinemablend.com