Avengers သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ကားအပေါ် ဝင်ငွေဘယ်လောက်ရကြသလဲ

Avengers သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ကားအပေါ် ဝင်ငွေဘယ်လောက်ရကြသလဲ

Marvel ဇာတ်ကားတွေရဲ့ ကြောက်ခမန်းလိလိအောင်မြင်မှုတွေကြောင့် ပါဝင်သရုပ်ဆောင်တဲ့ မင်းသား၊မင်းသမီးတွေလည်း ဝင်ငွေကောင်းမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ သူတို့ရဲ့ ဝင်ငွေတွေကို အများပြည်သူကို အသိပေးချပြလေ့ မရှိပေမယ့် သူတို့ ဒီရုပ်ရှင်တွေအတွက် ဝင်ငွေဘယ်လောက်ရရှိကြတယ်ဆိုတာ ကျွန်တော်တို့တွေလည်း စပ်စုချင်နေတဲ့ အရာပါပဲ။

တကယ်လည်း Avengers: Endgame ဟာ လက်ရှိမှာ ဝင်ငွေ ဒေါ်လာ ၁.၇ ဘီလီယံကျော်ရရှိနေပြီး အရမ်းကို အောင်မြင်တဲ့ ဇာတ်ကား ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့တွေ ဝင်ငွေ ဘယ်လောက်လောက်ရှိသလဲ တစ်ချက်ကြည့်ရရင်

Iron Man ဆရာကြီး Robert Downey Jr. ကတော့ ၂၀၁၈ ခုနှစ် Avengers: Infinity War ဇာတ်ကားအတွက် ဒေါ်လာ ၇၅ သန်းရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ရရှိခဲ့တာ Marvel ရဲ့ Boss Kevin Feige ရဲ့ Avengers ဇာတ်ကားထဲက သရုပ်ဆောင်တွေကို Backend ပေးတာကြောင့်လည်း ဖြစ်ပါတယ်။ Backend Deal ဆိုတာကတော့ ဇာတ်ကား Box Office စုစုပေါင်းဝင်ငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို သရုပ်ဆောင်တွေကို ခွဲဝေပေးတာပဲ ဖြစ်ပါတယ်။

Infinity War ဟာလည်း စီးပွားရေးအရ အရမ်းကိုအောင်မြင်ခဲ့ပြီး Box Office မှာ ဒေါ်လာ ၂.၀၄၈ ဘီလီယံထိ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Robert Downey Jr ရတဲ့ ဒေါ်လာ၇၅ သန်းဆိုတာ ဇာတ်ကားရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ က ရိုက်တဲ့ Spider-Man: Homecoming မှာ Robert Downey Jr. ဟာ သူပါဝင်သရုပ်ဆောင်ရမယ့် အပိုင်းအတွက် ၃ ရက်စာ ရိုက်ကူးမှုမှာ တစ်ရက်အတွက် ဒေါ်လာ ၅ သန်းရတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

မင်းသမီး Scarlett Johansson ဟာလည်း ၂၀၂၀ မှာ ထွက်ရှိမယ့် Black Widow ရုပ်ရှင်အတွက် ဒေါ်လာ သန်း ၂၀ လောက် ရရှိမယ်လို့ သိရပါတယ်။

Thor နေရာက သရုပ်ဆောင်တဲ့ မင်းသား Chris Hemsworth ကတော့ ဒေါ်လာ ၁၅ သန်းကနေ သန်း၂၀ လောက်ရရှိမယ့် ဝင်ငွေနဲ့ ၅ နှစ်စာ ညှိနှိုင်းချုပ်ဆိုထားပြီး Captain America ကြီး Chris Evans ကလည်း အဲဒီလောက်ဝင်ငွေနဲ့ပဲ ရုပ်ရှင်ကား ၅ ကားစာ ချုပ်ဆိုထားခဲ့ပါတယ်။

သရုပ်ဆောင်တွေဟာ ဇာတ်ကားအောင်မြင်မှုအတွက် Bonus အပိုငွေလည်း ရတဲ့အတွက် ပိုပြီး အပြိုင်အဆိုင်ဖြစ်လာပါတယ်။ Marvel ကတော့ ဒီလို Bonus တွေကို ယေဘူယျအနေနဲ့ ဇာတ်ကားဝင်ငွေဒေါ်လာ ၁.၅ ဘီလီယံမရောက်မချင်း မပေးဘဲ သတ်မှတ်ထားတဲ့ ဝင်ငွေပမာဏရောက်မှ စပေးတာ ဖြစ်ပါတယ်။

ဒါတွေကတော့ Avengers သရုပ်ဆောင်တွေရဲ့ သိရသလောက် ဝင်ငွေတွေ ဖြစ်ပြီး သရုပ်ဆောင်ကြေးတင်မဟုတ်ဘဲ ဇာတ်ကားရဲ့ အောင်မြင်မှုဝင်ငွေကိုပါ ရရှိတဲ့အတွက် သူတို့ရဲ့ ဝင်ငွေတွေဟာ အရမ်းမြင့်တက်နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle