The Peninsula Hotels သည် ကြယ်ငါးပွင့်အဆင့်ကို ၎င်း၏ ဟိုတယ်များ အစုစုအားလုံးတွင် ရရှိခဲ့သည့် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော Hotel Brand အဖြစ်ရပ်တည်ခဲ့သည်

The Peninsula Hotels သည် ကြယ်ငါးပွင့်အဆင့်ကို ၎င်း၏ ဟိုတယ်များ အစုစုအားလုံးတွင် ရရှိခဲ့သည့် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော Hotel Brand အဖြစ်ရပ်တည်ခဲ့သည်

Forbes Travel Guide (FTG) မှ Hotel များအတွက် နှစ်စဉ် Star rating စားရင်းကို ကြေညာခဲ့ပြီး The Peninsula Hotels မှ Five-star အဆင့်ကို ၎င်း၏ ပိုင်ဆိုင်မှု ၁၀ ခုလုံးတွင် ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယခုကြေညာမှုတွင် The Peninsula Hotels သည် Hotel brand များထဲတွင် FTG rating တွင် ပထမဆုံးနှင့် အမြင့်ဆုံး Rating ကို ရရှိခဲ့သော ဟိုတယ်တစ်ခု အဖြစ်ရပ်တည်ခဲ့သည်။

ယခု အောင်မြင်မှုနှင့်အတူ Hongkong and Shanghai Hotels, Limited ၏ Chief Operating Officer နှင့် The Peninsula Hotels ၏ ပိုင်ရှင်နှင့် Operator ဖြစ်သူ Peter Borer မှ “ယခု ထူးခြားပြောင်မြောက်သည့် ရလဒ်မှာ ကျွန်တော်တို့၏ ဟိုတယ် ဆယ်ခုတွင်ရှိသော လုပ်ဖော်ကိုင်ဖက်များ၏ လုပ်အား အများအပြားတို့ စုပေါင်း၍ ရရှိလာခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ ဝန်ထမ်းများကလည်း လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် အကောင်းမွန်ဆုံး luxury စံနှုန်းပြည့် ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး ယခုလို အထူးချီးမြှင့်ခံရသည်မှာလည်း ၎င်းကြောင့်သာ ဖြစ်သည်။ ဝန်ထမ်းများ၏ လုပ်အားကို အသိအမှတ်ပြုသည့် အပြင် ကြယ်ငါးပွင့် အဆင့်ကိုပြန်လည် သိမြင်သည့် အနေဖြင့် The Peninsula Hotels မှနေပြီး ဟိုတယ်တိုင်းတွင် ရှိသော အဖွဲ့များအတွက် ၅ ရက်ဆက်တိုက် ဆုများချီးမြှင့် သွားမည် ဖြစ်ပြီး Complimentary message၊ နေလည်ပိုင်း လဖက်ရည် အတွေ့အကြုံနှင့် အထူးမီနူးတို့ ပါဝင် မည် ဖြစ်သည်။

The Peninsula Hotels သည် ကြယ်ငါးပွင့် အဆင့်ကို ၎င်း၏ ဟိုတယ်များ အစုစုအားလုံးတွင် ရရှိခဲ့သည့် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော Hotel Brand အဖြစ်ရပ်တည်ခဲ့သည် – ၂

ကြယ်ငါးပွင့် အဆင့်နှင့် စိမ်းသူ မဟုတ်

ယခင်နှစ် FTG တွင်လည်း The Peninsula Hotels မှ ပိုင်ဆိုင်မှု ၁၀ ခုလုံးပါဝင်ခဲ့ပြီး ၉ ခုမှာ ကြယ်ငါးပွင့် အဆင့်တွင် ပါဝင်ခဲ့သည်။ The Peninsula Manila တစ်ခုသာ ကြယ်လေးပွင့် အဆင့်ကို ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဟိုတယ် ၉ ခုလုံး ကြယ်ငါးပွင့် အဆင့်ကို ထိန်းထားနိုင်ခဲ့ပြီး The Peninsula Manila သည်လည်း ကြယ်ငါးပွင့်အဆင့်ကို ယခုနှစ်တွင် ပါဝင်လာနိုင်ခဲ့သည့် အတွက် FTG သမိုင်းတွင်နိုင်ခဲ့သည်။

ဇိမ်ခံဟိုတယ်လုပ်ငန်းတွင် ရွှေအဆင့်စံသတ်မှတ်ချက် တစ်ခု

FTG ၏ ဇိမ်ခံခရီးသွားအဆင့်သတ်မှတ်ချက်မှာ ဟိုတယ်လုပ်ငန်းတွင် ရွှေအဆင့်သတ်မှတ်ချက် တစ်ခုဖြစ်နေသည်မှာ ၁၉၅၈ ခုနှစ်ထဲမှ ဖြစ်ပြီး ဟိုတယ်လုပ်ငန်းတစ်ခုလုံးတွင် ထူးခြား၍ တိကျ မှန်ကန် ပြတ်သားစွားအဆုံးအဖြတ်ပေးသည့် ဆုတစ်ခု အဖြစ်သိရှိကြသည်။ FTG ၏ Chief Executive Officer ဖြစ်သူ Filip Boyen မှ “ကျွန်တော်တို့၏ ပန်းတိုင်မှာ အချက်အလက်များ အခြေခံသော ကြယ်အဆင့်သတ်မှတ်ချက် တစ်ခုကို ရရှိနိုင်ရန်ဖြစ်ပြီး ထိုအဆင့်သတ်မှတ်ချက်တွင် ကောင်းမွန်သော ဟိုတယ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို ရရှိနိုင်ရန် ဂုဏ်သိက္ခာများ ပါဝင်သည်။” ဟု ပြောကြားခဲ့သည်။ အမည်မဖော်သည့် စုံစမ်းစစ်ဆေးသူများကို အသုံးပြုကာ ပန်းတိုင်အဆင့်သတ်မှတ်ချက်ပေါင်း ၅၀၀ ကျော်ကို အသုံးပြု၍ ခရီးသွားများအား ကမ္ဘာ အကောင်းဆုံး Luxury အတွေ့အကြုံကို ရရှိနိုင်စေရန် ထူးချွန်ပြောင်မြောက်သည့် ဝန်ဆောင်မှုများကို အခြေခံ၍ ဟိုတယ်များကို အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

“FTG သည် The Peninsula Hotels အား ဟိုတယ်များ၏ အမျိုးအစားခွဲများ အားလုံးတွင် ကြယ်ငါးပွင့် ရရှိခဲ့သော ပထမဦးဆုံး ဇိမ်ခံ ဟိုတယ် Brand တစ်ခု ချီးမြှင့်ရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြီး နှစ်ပေါင်း ၆၁ နှစ်တွင် Brand တစ်ခုမှ ယခုလို အဆင့်သတ်မှတ်ခံရသည်မှာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။” ဟု Boyen မှာ ဖြည့်ဆွက် ပြောကြားခဲ့သည်။ “The Peninsula Hotels မှာ ဂုဏ်သတင်းပြောင်မြောက်သည့် ဟိုတယ်များထဲမှ ထင်ရှားပေါ်လွင်လျက် ရှိပြီး ဇိမ်ခံဝန်ဆောင်မှုများတွင် စံတင်ရလောက်သည့် မှတ်သားဖွယ် အောင်မြင်မှုတစ်ခု ဖြစ်သည်။”

ကြယ်ငါးပွင့်အဆင့်အား ဂုဏ်ယူဆင်နွဲသည့် အနေဖြင့် အထူးဆုလဒ်များ

ကြယ်ငါးပွင့်အဆင့်ရရှိသည့် အောင်မြင်မှုကို အထိန်းအမှတ်ပြုသည့် အနေဖြင့် The Peninsula Hotels သည် လာရောက်တည်းခိုသော ဧည့်သည်များအတွက် အထူးဆုလဒ်များ ပေးအပ်သွားမည် ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မေလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်အတွင်း လာရောက်တည်းခိုသော ဧည့်သည်များအနေနှင့် အကောင်းမွန်ဆုံး ဈေးနှုန်း၊ အဆင်ပြေသင့်လျှော်သည့် Check-in နှင့် Check-out အချိန်၊ အခန်းအမျိုးအစား အဆင့်တိုးမြှင့်ပေးခြင်းများ၊ အစားအသောက်နှင့် Spa Credit များကို Peninsula.com ၊ သို့မဟုတ် ဖုန်းနှင့်လည်းကောင်း၊ reservationgcsc@peninsula.com သို့ email ပေးပို့၍လည်းကောင်း ရရှိနိုင်ပါသည်။ (စည်းကမ်းသတ်မှတ်ချက်များ ရှိပါသည်။) FTG မှ အနိုင်ရရှိသူများ စားရင်းနှင့် သတင်းအချက်အလက်အပြည့်အစုံကို Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ကြယ်ငါးပွင့် အဆင့်ရှိသော The Peninsula Yangon သည် YOMA Central Development အစိတ်အပိုင်းတစ်ခုဖြစ်သည့် The Peninsula Residences Yangon နှင့်အတူ အေက  ၁၀ ရှိသည့်  ဆူးလေးဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းစုံရှိရာနေရာ ၊ ရန်ကုန် မြို့လယ်ခေါင်တွင်  တည်ဆောက်လျက် ရှိပါသည်။ The Peninsula Residences Yangon မှာ အခန်းပေါင်း ၉၆ ခုပါဝင်မှာဖြစ်ပြီး The Peninsula Hotel Yangon မှာ ဧည့်ခန်း ၈၈ ခန်း ကို ၂၀၂၁ ခုနှစ်တွင် ပြီးဆုံးတော့မည်ဟု မျှော်လင့်ရပါသည်။

အခရာ (www.akhayar.com)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle