Meghan Markle နဲ့ လက်ထပ်ပြီးနောက် Prince Harry ပြောင်းလဲသွားတာတွေက ဘာတွေလဲ

Meghan Markle နဲ့ လက်ထပ်ပြီးနောက် Prince Harry ပြောင်းလဲသွားတာတွေက ဘာတွေလဲ

တော်ဝင်မင်းသား Prince Harry နဲ့ အမေရိကန်မင်းသမီး Meghan Markle တို့ဟာ တွေ့ဆုံပြီး လအနည်းငယ်အကြာမှာပဲ လက်ထပ်ထိမ်မြားခဲ့ကြတာ အခုဆိုရင် ရင်သွေးလေးတောင် မွေးဖွားတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ မင်းသမီး Meghan Markle ဟာ မင်းသား Harry နဲ့ လက်ထပ်လိုက်ရတဲ့အတွက် စွန့်လွှတ်လိုက်ရတာတွေ ရှိသလို မင်းသား Harry ကလည်း Meghan နဲ့ လက်ထပ်ပြီးမှ ပြောင်းလဲသွားတဲ့ အပြုအမူနဲ့ အမူအကျင့်တချို့ကိုလည်း တွေ့ရှိရပါတယ်။

၁၉၇၇ ခုနစ်ကတည်းက The Sun မဂ္ဂဇင်းမှာ တော်ဝင်တွေအတွက် ရိုက်ကူးပေးခဲ့တဲ့ တော်ဝင်ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Arthur Edwards က Yahoo News သတင်းဌာနကို ပြောကြားတာခဲ့တာကတော့ ၃၄ နှစ်အရွယ် မင်းသားဟယ်ရီဟာ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ အများကြီးဖြစ်တာကို တွေ့ရှိရပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Prince Harry ဟာ အရင်လူပျိုဘဝတုန်းကဆို မီဒီယာတွေနဲ့ ကောင်းမွန်တဲ့ Relationship ကို အမြဲလိုလို တည်ဆောက်ပြီး နေခဲ့ပေမယ့် အခုချိန်မှာတော့ သူဟာ အေးအေးဆေး သီးသန့်ဆန်ဆန် နေလာပါတော့တယ်ဆိုပြီး Yahoo ရဲ့ The Royal Box စီရီးဖြစ်တဲ့ Episode တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Edwards က ” Prince Harry ဟာ Usain Bolt နဲ့အတူ ပြေးတာမျိုးတွေ၊ Jamaican ဒုတိယဝန်ကြီးချုပ်နဲ့ ပွေ့ဖက်တာမျိူး အစရှိတာတွေကို အခုနောက်ပိုင်းမှာ မလုပ်တော့တဲ့ ပုံစံမျိုး ရှိနေပါတယ်” ဆိုပြီး ထပ်ပေါင်းပြောကြားခဲ့ပါတယ်။ ဓာတ်ပုံဆရာ Edwards က Harry ကို ခင်ပွန်းတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲဆိုတာကိုလည်း ပြောကြားခဲ့ပါသေးတယ်။

Edwards ကတော့ “Harry ဟာ လက်ထပ်ပြီးတဲ့နောက်မှာ Meghan ကို အရိပ်တကြည့်ကြည့်နဲ့ ပိုပိုပြီး ကာကွယ်ပေးလာပါတယ်။ သူအနည်းငယ်ပြောင်းလဲသွားတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ သူက Harry ပဲ ဖြစ်နေပြီး ချစ်ဖို့ကောင်းနေဆဲ တော်ဝင်မိသားစုဝင်တွေထဲမှာ အကျော်ကြားဆုံး လူတစ်ယောက် အဖြစ်ရှိနေဆဲ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကောက်ချက်ချရမယ်ဆိုရင် အိမ်ထောင်ကျပြီးခါစတုန်းကလည်း တော်ဝင်တွေထဲမှာ အများပြည်သူရှေ့မှာ ချစ်ခင်စုံမက်တာကို ပြတာ အများဆုံးသူ ဖြစ်ပါတယ်။

Harry ဟာ အရမ်းကိုချစ်တတ်ပြီး သူချစ်တာကို လူတိုင်းကို ဖော်ပြတတ်ဖို့ ကြိုးစားတတ်တဲ့သူပါ။ Meghan နဲ့ တွေ့ပြီးတဲ့နောက်မှာ သူဟာ သူချစ်ရတဲ့အမျိုးသမီးနဲ့ပဲ ကျန်ရှိတဲ့ ဘဝကို ကုန်ဆုံးချင်တဲ့သူ ဖြစ်လာပါတယ်။

Prince Harry ပြောင်းလဲတာနဲ့ပတ်သက်ပြီး အခုချိန်ထိလည်း ကြောင်တောင်တောင်နိုင်တဲ့ ပြောင်းလဲတဲ့အချက်တွေ ရှိတယ်ဆိုတာကိုလည်း အငြင်းအခုံ လုပ်နေကြပါတယ်။ August လကကျင်းပတဲ့ Charity Event ရဲ့ “Hamilton” Musical တစ်ခုမှာ မိန့်ခွန်းပြောမယ့်အစား ရုတ်တရက် သီချင်းထဆိုလိုက်တဲ့အတွက် ပွဲစီစဉ်သူတွေ ဖြစ်တဲ့ Lin Manuel Miranda ၊ သရုပ်ဆောင်သူတွေနဲ့ ပရိသတ်တွေအားလုံး မင်းသားရဲ့ ပြောင်းလဲပြုမူလိုက်တဲ့ အပြုအမူကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ မျက်စိလည်သွားကာ ရယ်မောတာကို တွေ့ရှိရပါတယ်။

https://twitter.com/KensingtonRoyal/status/1034928031209598978?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1034928031209598978&ref_url=http%3A%2F%2Fwww.akhayar.media%2Fhow-prince-harry-has-changed-since-marrying-meghan-markle%2F


Prince Harry ရဲ့ ဒီလိုပြောင်းလဲတဲ့ အပြုုအမူတွေ၊ နည်းနည်းကြောင်တောင်တောင်နိုင်တဲ့ ပြုမူချက်လေးတွေဟာ နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဓလေ့ထုံးတမ်းတွေကနေ ရုန်းထွက်ချင်တာကြောင့်ပဲလား၊ ပြောင်းလဲတတ်တဲ့ လူသားဖြစ်လို့ ပြောင်းလဲသွားတာမျိုးလား၊ အချစ်နဲ့ တွေ့ပြီးတော့ပဲ ချစ်လွန်းလို့ ပြောင်းလဲ ပြုမူသွားတာလားဆိုတာကတော့ Prince Harry ကိုယ်တိုင်ပဲ သိရှိမှာပါနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ