(၂၈) နှစ်မှာတင် အနားယူသွားတဲ့ သန်းကြွယ်သူဌေး JP Livingston ရဲ့ငွေကြေးစုဆောင်းမှု

JP Livingston ဟာ (၂၈) နှစ်အရွယ်မှာတင် ဝန်ထမ်းဘဝက အနားယူခဲ့ပါတယ်။ နယူးယောက်မြို့မှာ နေထိုင်ပြီးတော့ သူမရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၂.၂၅ သန်းအထိကို ရှိခဲ့တာပါ။ ပိုင်ဆိုင်မှု (၆ဝ) ရာခိုင်နှုန်းကို စုဆောင်းခဲ့တာဖြစ်ပြီး (၄ဝ) ရာခိုင်နှုန်းကိုတော့ ရင်းနှီးမြှုပ်နှံတဲ့အပိုင်းက ရရှိခဲ့တာပါ။ အလုပ်ဝင်တဲ့အချိန်ကနေ ဝင်ငွေရဲ့   (၇ဝ) ရာခိုင်နှုန်းကို စုဆောင်းနိုင်ခဲ့လို့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တာပါ။ အသက် (၃ဝ) မပြည့်ခင်မှာ သန်းကြွယ်သူဌေးဖြစ်နေတဲ့ JP Livingston ဆီကနေ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ဘာတွေသင်ယူလို့ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့ပါတယ်။

နေ့စဉ်ဘဝမှာ ကုန်ကျနိုင်တဲ့ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့တဲ့သဘောပါ။ အပြင်ထွက်တဲ့အခါ ရေသန့်ဘူး ဝယ်သောက်မယ့်အစား အိမ်ကနေ ယူသွားတာမျိုးပေါ့။ ပြီးတော့ ဆယ်သိန်းကျော်ရှိတဲ့ iPhone ဝယ်ကိုင်တာထက်စာရင် အင်တာနက်ကောင်းကောင်းသုံးလို့ရတဲ့ အလတ်တန်းစား သုံးသိန်းတန် စမတ်ဖုန်းတစ်လုံး ဝယ်ကိုင်တာတွေကလည်း အသုံးစရိတ်လျော့ချတဲ့သဘော ဖြစ်ပါတယ်။ ဒါ့အပြင် စတိုးဆိုင်က ပေးလိုက်တဲ့ စက္ကူအိတ်တွေကို လွှင့်မပစ်ဘဲ သိမ်းထားတာ၊ အိတ်လိုတဲ့အခါမျိုးမှာ ကုန်ကျစရိတ်သက်သာစေပါတယ်။

၂။ သုံးပြီးသား ပစ္စည်းတွေကို ဝယ်သင့်ပါတယ်။

သူငယ်ချင်းတစ်ယောက်က သူနဲ့မတော်လို့ ဘောင်းဘီတစ်ထည်ကို ဈေးလျော့ပြီးလာရောင်းတဲ့အခါမှာ ကိုယ်နဲ့လည်း သင့်တော်တယ်၊ လိုအပ်နေတယ်ဆိုရင် လက်မတွန့်ဘဲ ဝယ်သင့်တဲ့သဘောပါပဲ။ ပြီးတော့ ပရိဘောဂပစ္စည်းတွေကိုလည်း အသစ်ဝယ်တာနဲ့စာရင် အတော်အသင့်သန့်တဲ့ သုံးပြီးသားပစ္စည်းတွေကို ပြန်ဝယ်တာက ထက်ဝက်လောက် သက်သာပါတယ်။

၃။ အခြေအနေ အချိန်အခါ ကို အခွင့်ကောင်းယူတတ်ပါစေ။

မိုးရာသီရောက်တော့မယ်၊ ထီးဈေးတက်လာမယ်ဆိုရင် နွေရာသီကတည်းက ထီးတွေကို ကြိုဝယ်ထားတာ ပိုမကောင်းဘူးလား။ အသုံးအဆောင်စရိတ်တွေ တအားမြင့်နေတယ်ဆိုရင် ပရိုမိုးရှင်းရှိနေတုန်း ဝယ်ထားလိုက်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာတာပေါ့။ အချိန်အခါလိုက် တိုင်ပင်ကိုက် လုပ်ဆောင်တတ်ဖု့ိလည်း လိုအပ်ပါတယ်။

၄။ ဝယ်လိုက်တဲ့ပစ္စည်းကို ဘယ်လောက်ပြန်ရှာရမလဲ ပြန်တွေးပါ။

ကိုယ့်လစာက နှစ်သိန်းရတယ်ဆိုပေမယ့် တစ်လမှာ ငါးသာင်း စုမိတယ်။ ခရီးတစ်ခုသွားလိုက်တာ နှစ်သိန်းကုန်သွားတယ်ဆိုရင် ခရီးစရိတ်ကျေဖို့အတွက် လေးလပြန်ရှာရမယ်ဆိုတဲ့ သီအိုရီကို မမေ့ပါနဲ့။ ပိုက်ဆံသုံးလိုက်တဲ့မှာ အဲဒီပမာဏပြန်ရဖို့ ဘယ်လောက်ပြန်ရှာရမယ်ဆိုတာ တွေးမိရင် တချို့မလိုအပ်တာတွေကို မဝယ်ဖြစ်ပါဘူး။ ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် တစ်ပတ်လောက် စဉ်းစားလိုက်ပါ။ တကယ်ရော လိုအပ်လို့လား၊ တကယ်ပဲ ဝယ်ချင်တာလားဆိုတာ။ တစ်ပတ်ကြာလို့မှ တကယ်လိုအပ်နေတယ်ဆိုရင် ချက်ချင်းပဲ ဝယ်ပစ်လိုက်ပါ။ ဝင်ငွေရဲ့ (၇ဝ) ရာခိုင်နှုန်းကို စုဆောင်းတယ်၊ စုဆောင်းထားတဲ့အထဲက (၆ဝ) ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံတယ်။

JP Livingston ဟာ အနားယူတယ်လို့ သုံးနှုန်းလိုက်လို့ ဝင်ငွေရပ်သွားတာမျိုး မဟုတ်ပါဘူး။ ဝန်ထမ်းဘဝက အနားယူတဲ့သဘောပါ။ သူမဟာ TheMoneyHabit ဆိုတဲ့ Bolg မှာ စာရေးတယ်။ လုပ်ငန်းရှင်တွေက ကြော်ငြာလာအပ်ကြလို့ ၂ဝ၁၇ခုနှစ်မှာ ဒေါ်လာ ခြောက်သောင်းလောက်တောင် ဝင်ပါတယ်။ ရင်းနှီးထားတဲ့ အလုပ်တွေကနေ ဝင်ငွေတွေ ရပါသေးတယ်။ နောက်ဆုံးမှာချင်တာက ငွေကြေးကို စုဆောင်းပါ၊ တစ်ဆင့်မြှင့်ပြီး ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Reference and Photo Credit – Forbes ၊ Business Insider

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle