လုပ်ငန်းခွင်မှာ မတည်ငြိမ်ဖြစ်နေတဲ့စိတ်ကြောင့် အလုပ်မတွင်ဖြစ်နေရင်

လုပ်ငန်းခွင်မှာ မတည်ငြိမ်ဖြစ်နေတဲ့စိတ်ကြောင့် အလုပ်မတွင်ဖြစ်နေရင်

တစ်ရက်မှာ ၂၄ နာရီရှိပြီး ၂၄ နာရီထဲက အချိန်တော်တော်များများကို လုပ်ငန်းခွင်အောက်မှာပဲ အလုပ်တွေကို ဇယ်ဆက်မပြတ်လုပ်ပြီး ဖြတ်သန်းနေရလို့ ပျော်ရွှင်မှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ် မွန်းကျပ်နေတယ်လို့ ခံစားရနေပြီလား။ အဲဒီလို ခံစားရလို့ လွတ်မြောက်ချင်တဲ့ စိတ်တွေဖြစ်နေပေမယ့် အလုပ်မလုပ်ဘဲနဲ့ နေလိုကလည်းမရတဲ့အတွက် ဖိစီးနေတဲ့ စိတ်ဖိစီးမှုတွေကိုပဲ လျော့ပါးသက်သာအောင်၊ စိတ်ကို တည်ငြိမ်အောင်ကြိုးစားလုပ်လိုက်တာက ရေရှည်မှာ ကိုယ်အတွက်ပိုအကျိုးရှိစေလို့ စိတ်ကို တတ်နိုင်မျှ ပြန်လည်စုစည်းပြီး တည်ငြိမ်အောင် ကြိုးစားပြီး အလုပ်လုပ်ကြည့်ပါ။

တည်ြငိမ်အောင်ကြိုးစားပြီး အလုပ်လုပ်ပါဆိုတာကလည်း ပြောတော့သာလွယ်တယ် တစ်ကယ်တမ်း လုပ်ဖို့ဆိုရင် ခက်တယ်ဆိုတာ လုပ်ငန်းခွင်မှာ လုပ်နေတဲ့သူတိုင်း ကောင်းကောင်းကြီးသိကြပါတယ်။ ကိုယ်က မနက်ရုံးလာထဲက စိတ်တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ပြီး လာခဲ့ပေမယ့် ရုံးရောက်ရင် ဘယ်ကနေ ရောက်လို့ ရောက်လာမှန်းမသိတဲ့ ပြဿနာတွေ၊ အထက်ကပေးလာတဲ့ ဖိအားတွေ၊ Deadlines တွေကို ဖြေရှင်းရကာ စိတ်တွေရှုပ်လာပြီး စိတ်မတည်မငြိမ်ဖြစ်လာတတ်တာကြောင့် ခက်တယ်လို့ ညည်းကြတာကိုလည်း အပြစ်တော့ ဆိုလို့မရပါဘူး။ ဒါပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို ကြိုးစားလိုက်လုပ်ကြည့်ရင် စိတ်ဖိစီးမှုတွေ လုံးဝမဖြစ်တော့တာမျိုးတော့မဟုတ်ဘဲ တည်ငြိမ်မှုလေးတွေတော့ ရရှိလာနိုင်လို့ စမ်းလုပ်ကြည့်စေချင်ပါတယ်။ လုပ်ရမယ့်အရာလေးတွေကလည်း ရုံးခန်းထဲမှာပဲ လုပ်လို့ရလို့ နေရာတွေ ဘာတွေလည်း သီးသန့်ရှာနေစရာမလိုပါဘူးနော်။

– လေ့ကျင်ခန်းလုပ်တာဟာ လူကို အညောင်းအညာလည်းပြေစေသလို စိတ်ဖိစီးမှုတွေကိုလည်း ပြေပျောက်စေကာ စိတ်ပျိုကိုယ်နုစေလို့ လူတွေဟာ လေ့ကျင်ခန်းတွေကို Gym ခန်းမတွေသွားပြီး လုပ်ကြပါတယ်။ ဒါပေမယ့် အခုပြောမယ့်နည်းလမ်းက Gym သွားစရာမလိုဘဲ ရုံးခန်းမှာပဲ လုပ်လို့ရပါတယ်။ လုပ်ရမှာကတော့ “Cubicle Yoga” ကို ထမင်းစားပြီး ပိုတဲ့အချိန်မှာ ကိုယ်ရဲ့ ရုံးခန်းထဲက ထိုင်ခုံမှာပဲ လုပ်ကြည့်ပါ။

Cubicle Yoga

Cubicle Yoga ဆိုတာ အခန်းထဲမှာပဲ လုပ်လို့ရတဲ့ Yoga အမျိုးအစားကို ဆိုလိုတာဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကလည်း အရမ်းလွယ်ကူပါတယ်။ တရားထိုင်ဖူးတဲ့သူတွေနဲ့ အသက်ရှုလေ့ကျင်ခန်း လုပ်ဖူးတဲ့သူတွေအတွက်ဆို ပိုပြီးတော့တောင် လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်ခုံမှာထိုင်ပြီး အသက်ကို ရှုသွင်းရှုထုတ်လုပ်ပေးရမှာ ဖြစ်လို့ပါ။ လုပ်နေရင်းနဲ့ စိတ်တည်ငြိမ်လာတာ တွေ့ရပါလိမ့်မယ်။ ထိုင်ပြီးလုပ်ရတာ အဆင်မပြေရင်လည်း ထမင်းစားပြီးချိန်ကျရင် ရုံးပတ်ပတ်လည်ကို လမ်းပတ်လျှောက်ပြီး အသက်ရှုသွင်း ရှုထုတ် လုပ်ကြည့်လို့လည်း ရပါတယ်။

– အရှုပ်တွေကို ရှင်းထုတ်ကြည့်လိုက်ပါ။ ကိုယ်ထိုင်တဲ့နေရာရှေ့မှာ ရှုပ်ပွနေရင်း ဘာကြောင့်မှန်းမသိ စိတ်ရှုပ်တတ်လာကြတာမျိုး၊ စိတ်ဖိစီးမှု ဖြစ်လာတာမျိုးတွေ ဖြစ်ကာ အလုပ်လုပ်မရ ဖြစ်တတ်ကြပါတယ်။ ဖြစ်လည်း ဖြစ်ဖူးကြတယ်မှတ်လား။ စားပွဲပေါ်မှာ မလိုတော့တဲ့ စာရွက်စာတမ်းတွ၊ စားထားတဲ့ မုန့်တွေရဲ့ အမှိုက်တွေနဲ့ တခြားမလိုတဲ့အရာတွေက ထားရှိထားပြီး စိတ်ဖိစီးမှုအဖြစ်ခံမယ့်အစား ဝဲပစ်လိုက်ပါ။ လိုအပ်တဲ့ အရာတွေကိုလည်း ဖရိုဖရဲဖြစ်နေရင် အခုပဲ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီထားပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လိုက်ပါ။

– အလုပ်ခွင်က စိတ်ဖိစီးမှုတွေကို ဖြေလျော့ပြီး စိတ်တည်ငြိမ်ချင်ရင် လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုထားပြီး အလုပ်လုပ်ကြည့်ပါ။ လုပ်ပြီးတဲ့အလုပ်လေးတွေကိုလည်း ပြီးစီးကြောင်း အမှတ်အသားလေးတွေ လုပ်ထားရင် ပြီးတဲ့အလုပ်တွေကိုကြည့်ပြီး နောက်ဆက်လုပ်ရမယ့် အလုပ်တွေအတွက် ခွန်အားတွေရလာကာ စိုးရိမ်စိတ်တွေလည်း လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။

To Do List for work

– အတွေးတွေကို ပြောင်းတွေးကြည့်တာကလည်း စိတ်တည်ငြိမ်အောင် လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဘယ်လိုမှ ဆက်မလုပ်နိုင်တော့ဘူး လမ်းဆုံးနေပြီ သွားပါပြီလို့ စိတ်ထဲမှာ ခံစားရတိုင်း အဲ့အတွေးတွေကို ဖျောက်ပစ်လိုက်ပါ။ သေချာပေါက် မကောင်းတာကို စိတ်ထဲမှာ ဆက်တွေးနေရင်း ကိစ္စတွေလည်း မပြေလည်လာတဲ့အပြင် စိတ်ညစ်ညူးလာပြီး စိတ်တွေ ကယောက်ကယက်ပိုဖြစ်လာကာ နောက်ဆုံးမှာ စိတ်မတည်ငြိမ်တာနဲ့ပဲ အဆုံးသတ်သွားပါလိမ့်မယ်။ အဲဒီလို မကောင်းတဲ့ အတွေးတွေ တွေးတောမိနေပြီဆိုရင် မုန့်ကလေး ဘာလေး ထစားတာမျိုး ၊ သီချင်းလေးနားထောင်တာမျိုး၊ တစ်ယောက်ယောက်နဲ့ စကားပြောလိုက်တာမျိုးလုပ်ကာ အပြောင်းအလဲလေးလုပ်ပြီး ဖြေရှင်းကြည့်ပါ။

စိတ်ဖိစီးမှုဆိုတာ လုပ်ငန်းခွင်မှာ အမြဲကြုံတွေနေနိုင်တာမို့ စိတ်ဖိစီးမှုဖြစ်တိုင်း စိတ်မတည်ငြိမ်ဖြစ်နေမယ်ဆိုရင် လုပ်ငန်းခွင်မှာ ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီအချက်တွေကိုသုံးပြီး လုပ်ငန်းခွင်မှာ တတ်နိုင်သမျှ စိတ်တည်ငြိမ်အောင် ထိန်းပြီး ကိုယ်ရဲ့အောင်မြင်မှုတွေကို ကိုယ်တိုင်ရယူကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle