လိုတာထက် ပိုကုန်နေတဲ့ အသုံးစရိတ်တွေကို ဘယ်လို လျှော့ချကြမလဲ

လိုတာထက် ပိုကုန်နေတဲ့ အသုံးစရိတ်တွေကို ဘယ်လို လျှော့ချကြမလဲ

အခရာပရိသတ်ကြီးရေ… နောက်နှစ်ပတ်လောက်ဆိုရင် မြန်မာနှစ်သစ်ကူးသင်္ကြန်ရောက်ရှိလာပါတော့မယ်။ သင်္ကြန်ပြီးပြီ၊ နှစ်သစ်ရောက်ပြီဆိုရင် New Year Resolution တွေချ၊ ပိုက်ဆံစုမယ် မဖြုန်းတော့ဘူးဆိုပြီး စိတ်ကူးတတ်ကြတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ခက်တာက ပိုက်ဆံစုမယ်သာပြောတာ၊ အသုံးစရိတ်ကိုက ရတာထက် ပိုနေတော့ ရွှေပြည်တော်ရယ် မျှော်တိုင်းဝေးဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ငွေပို ငွေလျှံလေးထွက် ပိုက်ဆံစုနိုင်အောင် အသုံးစရိတ်တွေကို ဘယ်လို ချွေတာနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ပြောပြချင်ပါတယ်။

၁။ ဖြစ်နိုင်သလောက် Bus ကား၊ ရထားစီးတာမျိုး လုပ်ပါ။ Grab မှာ ဘယ်လောက် Promo ရတယ်ပြောပြော အနည်းဆုံးတစ်နေရာရောက်ဖို့ ၂၀၀၀ ကျပ်ဆိုရင်တောင် ဘတ်စ်ကားခနဲ့ ၁၀ ဆလောက်ကွာနေသေးတာမို့ အိမ်ကနေ စောထွက်ပြီး Public Transportation ကို ဦးစားပေးသုံးပါ။

၂။ အလုပ်ကို ထမင်းဗူးထည့်သွားပါ။ အလုပ်ကို ထမင်းဗူးယူဖို့ မနက်စောစောထ စီစဉ်ချက်ပြုတ်လို့ ပင်ပန်းတာနဲ့ နေ့တိုင်းဝယ်စားရတဲ့ ကုန်ကျစရိတ်ဆိုရင် နေ့တိုင်းဝယ်စားရတဲ့ ကုန်ကျစရိတ်က ကြာလေထိလေပါပဲ။ ပြီးတော့ အပြင်စာတွေဟာ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့အတွက် ထမင်းဗူးထည့်ဖို့ကိုပဲ အားပေးပါတယ်။

၃။ ရုံးသွားရင် အဆာပြေမုန့်တွေယူသွားပါ၊ ဒါမှ ရုံးမှာ ဗိုက်ဆာတဲ့အခါ အပိုငွေမကုန်မှာ ဖြစ်ပါတယ်။

၄။ အိမ်မှာ ပိုနေတာတွေ ရှင်းထုတ်ပါ၊ ရောင်းလို့ရတဲ့ ပစ္စည်းတွေ ရောင်းထုတ်ပြီး (ဥပမာ သတင်းစာ၊ အိုးခွက်ပန်းကန်အဟောင်းတွေ ရောင်းပြီး) အပိုဝင်ငွေရှာရင် စရိတ်လည်း သက်သာသလို နှစ်သီးစား အကျိုးရှိနိုင်ပါတယ်။

၅။ Club မှာ သောက်ပြီးရင် ပုလင်းချန်ထားတာမျိုး သိပ်မလုပ်ပါနဲ့။ ပုလင်းရှိတော့ နောက်တစ်ကြိမ်သက်သာတယ်ထင်ရပေမယ့် တကယ်ကျတော့ နောက်တစ်ခေါက်ရောက်တဲ့အခါ နောက်တစ်ပုလင်းမှာမိတော့တာပါပဲ။

၆။ မီတာခတွေ ချွေတာဖို့ဆိုရင် မီးကို အသုံးပြုပြီးတိုင်း ပိတ်ဖို့ လိုပါတယ်။ TV မကြည့်ဘူးဆိုရင်လည်း ပိတ်ထားပြီး မီးအားချွေတာလို့ ရသလို အဲကွန်းစတာတွေ ရှိရင်လည်း တကယ်ကြီး ပူလောင်အိုက်စပ်နေတော့မှ ဖွင့်ပြီး မီတာခကို ချွေတာပါ။

၇။ Gym ဆော့တာ ကောင်းပေမယ့် ကိုယ်က Gym ဖိုးသွင်းပြီး ပျက်တာများနေရင် ဒီအကျင့်ကို ထိန်းချုပ်ဖို့ လိုနေပါပြီ။ ဒီလို ပိုက်ဆံတွေ ဖြုန်းမယ့်အစား လှေကားတက်ဆင်းလုပ်တာ၊ ရုံးကို ကားမှတ်တိုင်ကနေ လမ်းလျှောက်သွားတာ စတဲ့ လေ့ကျင့်ခန်းတွေ ယူပြီး ကျန်းမာရေးလိုက်စားတာက ပိုအကျိုးရှိပါလိမ့်မယ်။

၈။ အပြင်ထွက်စားမယ့်အစား အိမ်မှာပဲ သူငယ်ချင်းတွေ စုစားပါ။ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်မယ်လို့ ချိန်းရင် တက္ကစီခ၊ ရုပ်ရှင်လက်မှတ်ခ၊ အစားအသောက်ဖိုးအပါအဝင် အနည်းဆုံး ၁သောင်းကျော်လောက် ကျမှာမို့ အိမ်မှာပဲ အခွေဒေါင်းပြီး မုန့်စုစားပြီး ကြည့်တာမျိုးနဲ့ ချွေတာလို့ ရပါတယ်။

၉။ ငွေကို လက်ငင်းပဲ ချေပါ။ Credit Card တွေ သူများလုပ်လို့ လိုက်လုပ်၊ ပြီးရင် အတိုးတွေပေး အပိုဝန်တွေ ယူမယ့်အစား ဖြစ်နိုင်ရင် လိုချင်တာရှိတာကို စုပြီး လက်ငင်းငွေသားနဲ့ပဲ ချေပါ။

၁၀။ ကိုယ့်သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ကိုယ်အသုံးစရိတ်လျှော့ချနေကြောင်းသတိပေးထားပါ။ နို့မို့ဆိုရင် ဒီခေတ်သူငယ်ချင်းတွေက သိတယ်မလား၊ ဘူဖေးစားဖို့ လာခေါ်တဲ့သူနဲ့ Online Shopping က ပစ္စည်းလာပြတဲ့သူနဲ့ အဖျက်တွေ များတတ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle