ကိုယ့်ရဲ့ Passion ကို Hobby နဲ့ကွဲကွဲပြားပြားသိဖို့လိုပါတယ်

ကိုယ့်ရဲ့ Passion ကို Hobby နဲ့ကွဲကွဲပြားပြားသိဖို့လိုပါတယ်

လူတွေကပြောကြတယ် ၊ ကိုယ့်ရဲ့ Passion ကိုတွေ့အောင်ရှာတဲ့။ လူတွေကပြောကြသေးတယ်။ အလုပ်လုပ်ရင် ကိုယ်ရဲ့ Passion ရှိတဲ့အလုပ်ကိုပဲလုပ်တဲ့ မဟုတ်ရင်အလုပ်လုပ်ရတာမပျော်ဘူးတဲ့။ ဒါပေမယ့်လူတွေပြောပြောနေတဲ့ Passion ဆိုတာဘာလဲ။ ကျွန်မဘဝမှာ Passion နဲ့ Hobby ကိုမကွဲခဲ့တဲ့အချိန်တွေအများကြီးရှိတယ်။ တစ်ခါတစ်ခါကျွန်မရဲ့ Hobby ကို Passion လို့ထင်ခဲ့တာနဲ့ အတင်းကြီး Passion ဖြစ်လာအောင်လုပ်ယူခဲ့တာတွေရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ Hobby က Hobby ပဲ Passion ဖြစ်မလာဘူး။

ဒီတော့ Hobby နဲ့ Passion ဘာတွေကွာခြားသွားတာလဲ။ ကျွန်မနားလည်ထားတဲ့ Hobby ဆိုတာ။ ကိုယ်နှစ်သက်တဲ့အရာတစ်ခုကိုလုပ်ရတာ။ အဲလိုလုပ်ရတာက စိတ်အပန်းပြေသွားစေတယ်။ အဲဒီအရာကိုလုပ်လိုက်ရရင် ကျေနပ်တယ် ၊ စိတ်ချမ်းသာတယ်။ ဒါပေမယ့် အဲဒီအရာကိုမလုပ်ရလို့ သေသွားမတတ်မခံစားရဘူး။ တခါတလေလုပ်ချင်လာရင်လုပ်လိုက်မယ်။ ဒါပေမယ့်အမြဲတမ်းလုပ်ချင်နေစိတ်ပေါ်မဘူး။ မလုပ်ရမနေနိုင်ဖြစ်မနေဘူး။ အဲဒါ Hobby ပဲ။

Passion က Hobby နဲ့မတူပါဘူး။ Passion ကလည်း ကိုယ်နှစ်သက်တဲ့အရာပဲ ၊ ဟုတ်တယ် ၊ မှန်တယ်။ ဒါပေမယ့် Passion ဆိုတာက Hobby လိုစိတ်ကျေနပ်မှုတွေနဲ့ စိတ်အပန်းဖြေမှုတွေပဲပေးတဲ့အရာ မဟုတ်ဘူး။ Passion ဆိုတာဝေဒနာတစ်ခုနဲ့တူတယ်။ ကိုယ်ရဲ့ Passion ကိုလုပ်နေရရင် နာကျင်ရတယ်။ ဒါပေမယ့်နာတာကိုသိရက်နဲ့ အနာခံချင်တယ်။ အနာခံရတာကိုကြိုက်နေတယ်။ ဒါကြောင့်အနာခံပြီးလုပ်တယ်။ အဲဒါက Passion ပဲ။

ဥပမာပြောရရင် ကျွန်မက ဂစ်တာတီးတာဝါသနာပါတယ်။ ဒါပေမယ့် ကျွန်မဂစ်တာကို ရုံးကနေအိမ်ပြန်ရောက်ရင် စိတ်ပြေလက်ပျောက်တီးလိုက်တယ်။ သီချင်းလေးတစ်ပုဒ် ၊ နှစ်ပုဒ်ဆိုပြီးတဂွမ်ဂွမ်ခေါက်လိုက်မယ်။ ဒါပေမယ့်ဂစ်တာတီးတာအတွက် အိပ်ရေးပျက်မခံဘူး။ လုပ်စရာရှိတာတွေ ဂစ်တာတီးတာကြောင့်လွတ်သွားတာမဖြစ်စေရဘူး။ ဒါကကျွန်မရဲ့ ဂစ်တာတီးတဲ့ Hobby ပဲ။ ဒါပေမယ့် ဂစ်တာတီးတဲ့ Passion ရှိတဲ့လူတစ်ယောက်ကတော့ အလုပ်ကပြန်ရောက်တာနဲ့ ထမင်းစားရေမိုးချိုး လုပ်စရာရှိတာကိုလုပ်ပြီး ဂစ်တာကိုကောက်ကိုင်မယ်။ ဂစ်တာတီးတာကို မရပ်မနားကျင့်မယ်။ Internet ကနေ Tutorial တွေကြည့်ပြီးကျင့်မယ်။ လက်ခတ်ကျင့်မယ်၊ နုတ်တွေကျင့်မယ် ၊ chord တွေမှန်အောင်ကျင့်မယ်။ သူမကျေမနပ်မချင်းကိုကျင့်နေလိမ့်မယ်။ အဲဒီလိုကျင့်တာက အချိန်တွေဘယ်လောက်မဆိုကြာသွားနိုင်တယ်။ သူညတစ်နာရီ ၊ နှစ်နာရီလောက်မှ အိပ်ရင်အိပ်ရမယ်။ သူမနက်မိုးလင်းတဲ့ထိကျင့်ရင်ကျင့်နေလိမ့်မယ်။ ဒီလိုလုပ်ရလို့ ပင်ပန်းလည်းသူမမှုဘူး။ အလုပ်နောက်ကျလည်းသူဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ဒါသူ့ရဲ့ Passion မို့လို့။ သူဒါကိုမလုပ်ရရင် စားမဝင်အိပ်မပျော်လို့။ သူဒါကိုလုပ်ကိုလုပ်ရမှနေပျော်မှာမို့လို့ပဲ။
Hobby ဆိုတာက အချိန်အပိုင်းအခြားတစ်ခုလောက်ပဲ စိတ်ပါလက်ပါလုပ်ဖြစ်တဲ့အရာမျိုးလို့ပြောလို့ရတယ်။ Passion ကတော့ အမြဲကိုလုပ်ချင်နေတဲ့အရာအမျိုးအစားဖြစ်တယ်။ ပင်ပန်းလည်းလုပ်ချင်တယ် ၊ အိပ်ရေးပျက်လည်းလုပ်ချင်တယ် ၊ နေမကောင်းလည်းလုပ်ချင်တယ် ၊ ဒါဟာ Passion ပဲ။ ဒီတော့ပရိသတ်ကြီးတို့အနေနဲ့ဒီဆောင်းပါးလေးကိုဖတ်ပြီးရင် ကိုယ့်ရဲ့ Passion နဲ့ Hobby ကိုကွဲကွဲပြားပြားခွဲခြားတတ်ပြီး Hobby ကိုလည်း Passion နဲ့မှားပြီး အတင်းမလုပ်ယူမိဖို့နဲ့ Passion ကိုလည်းသတိထားမိပြီး အမိအရဖမ်းဆုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ref: https://www.mikemichalowicz.com

seanwes.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle