“ရန်ဖြစ်လိုက် ပြန်ချစ်လိုက်” ဖြစ်အောင် ဘယ်လို ရန်ဖြစ်ကြမလဲ

“ရန်ဖြစ်လိုက် ပြန်ချစ်လိုက်” ဖြစ်အောင် ဘယ်လို ရန်ဖြစ်ကြမလဲ

စုံတွဲတွေမှာ ရန်ဖြစ်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရန်ဖြစ်ပြီးရင် ပြန်ချစ်တယ်မဟုတ်လား။ တချို့တွေဆို တိုးတိုးပြီးတော့တောင် ချစ်လာကြသေးတယ်။ ဒါပေမယ့် တချို့စုံတွဲတွေကတော့ ရန်ဖြစ်ပြီးရင် ပြန်မချစ်နိုင်တော့ဘဲ တစ်သက်တာလုံးခွာပြဲသွားကြတာမျိုးတွေလည်း ရှိပါတယ်။ အဲဒါက ဘာဖြစ်လို့ မတူရတာလည်းဆိုရင်တော့ ရန်ဖြစ်ပုံရန်ဖြစ်နည်း မတူလို့ဘဲ ဖြစ်ပါတယ်နော်။ ဒီတော့ ရန်ဖြစ်တာတောင် ရန်ဖြစ်တဲ့ပုံစံရှိပါတယ်။ စိတ်ထင်သလို ရန်ဖြစ်လို့မရဘူးနော်။

အရင်ဆုံးမေးမြန်းပါ
ကိုယ်က အကြောင်းတစ်ခုခုကို စိတ်မကျေနပ်တော့ဘူး။ သူနဲ့ စကားအချေအတင်ပြောရတော့မယ်လို့ ထင်ရင် အရင်ဆုံး မေးမြန်းပါဦး။ ဒေါသတွေမပါသေးဘဲနဲ့ “အချစ်ရေ …. ဒါကတော့ ဒီလိုရှိတယ်။ အချစ်က ဘာဖြစ်လို့လဲ။” ဆိုပြီး ပုံမှန်ကြည်နူးတဲ့အချိန်တွေမှာ စကားပြောတဲ့လေသံနဲ့ အရင်မေးစမ်းကြည့်ပါဦး။ အရင်ဆုံးမေးမြန်းကြည့်တဲ့နည်းလမ်းက ရန်တောင်မဖြစ်လိုက်ရဘဲ ပြဿနာကို ဖြေရှင်းလို့ရသွားပြီး အေးချမ်းသွားကြတာပါပဲ။ တကယ်လို့ အေးအေးဆေးဆေးမေးနေတာတောင် မရတော့ဘူးဆိုမှ ဖြစ်ကြပေါ့။

ပြိုင်မအော်ပါနဲ့
ပြိုင်အော်ကြတာဟာ အဖြေလည်းမရဘူး။ ဘာမှလည်း မရဘူး။ တစ်ယောက်ပြောတာလည်း တစ်ယောက်ကြားရမှာ မဟုတ်ပါဘူး။ ပြောချင်တာက တစ်ယောက်တစ်လှည့် အော်ပါ။ သူ အော်ဟစ်နေတာကို ဆုံးအောင်နားထောင်ပြီးမှ ကိုယ် အော်ပါ။ ဒီလိုဆိုရင် ပြဿနာကို မြင်ရပါသေးတယ်။ ဒီလိုမဟုတ်ဘဲ ပြိုင်တူ အဓိပ္ပာယ်မရှိအော်ဟစ်နေမယ်ဆိုရင်တော့ လိုရင်းလည်း မရောက်သလို ပင်ပန်းပါတယ်။

မှားရင်တောင်းပန်ပါ
လူတွေရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ ကိုယ်ကလည်း မှားနေတယ်။ မှားနေမှန်းလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်။ ဒါပေမယ့် တောင်းပန်ဖို့ ရှက်တယ်။ ဒါက မဖြစ်သင့်ပါဘူးနော်။ ပြဿနာကို ပြီးသွားပြီးတော့ ပြန်ပြေလည်ချင်တယ်ဆိုရင်တော့ မှားတဲ့လူက အရင်တောင်းပန်ကြေး။ ချစ်သူတွေပဲလေ။ သူစိမ်းတွေကိုတောင် တစ်ခုခုအများလုပ်မိရင် “Sorry ပါ။ အားနာတယ်နော်။” လို့ ပြောရသေးတာပဲ။ “အချစ်ရေ …. ကိုယ် အထင်မှားသွားတယ်။ တောင်းပန်ပါတယ်နော်။” လို့ ပြောဖို့အရေး ဘာတွေ အချိန်ဆွဲနေမှာလဲ။

စိတ်အေးအေးထားပြီး ငြိမ်နေလိုက်ပါ
အော်ဟစ်လို့ မောသွားပြီဆိုရင်တော့ ပြဿနာ ပြီးသွားသွား၊ မပြီးသွားသွား ခဏလောက်တော့ စိတ်အေးအေးထားပြီး ငြိမ်နေလိုက်ကြပါလား။ တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောနဲ့တော့။ ဘာမှလည်း မဖြေရှင်းနဲ့တော့။ နာရီဝက်လောက်နေလိုက်ကြည့်။ ပြဿနာကြီးတယ်ဆိုရင် စိတ်အေးသွားမှပြန်ပြောကြည့်ပါ။ ဒီလိုမဟုတ်ဘဲ ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်နေကြတာဆိုရင်တော့ အဲဒီ့ နာရီဝက်အတွင်း မနေနိုင်တဲ့သူက လာချော့ပါလိမ့်မယ်။ ကိုယ် ချော့မယ်ဆိုရင်လည်း နာရီဝက်လောက် စိတ်အေးပြီးမှ ချော့တော့ သူလည်း ချက်ချင်း ပြန်ခေါ်နိုင်တာပေါ့။

အတိတ်ကို ပြန်လည်မတူးဆွပါနဲ့
အရေးကြီးတဲ့အချက်က အခုဖြစ်နေတဲ့ပြဿနာမှာပဲ အာရုံထားပါ။ အတိတ်က မှားခဲ့ဖူးတာတွေ၊ အတိတ်က မကောင်းခဲ့တာတွေ၊ အတိတ်က ရန်ဖြစ်ခဲ့တာတွေကိုပါ ပြန်ပြောနေမယ်ဆိုရင်တော့ ဒီတစ်ခေါက်ရန်ပွဲဟာ ဘယ်လိုမှ အခြေအနေကောင်းပြန်ရမှာ မဟုတ်လောက်ပါဘူး။ စိတ်တိုတာက အခုဖြစ်နေတဲ့ကိစ္စအပေါ်မှာပဲ စိတ်တိုပါ။ “ဟိုတစ်ခေါက်ကလည်း နင် ဒီလိုပဲ။ နင် ဒါပဲ ပြောခဲ့တာပဲ မဟုတ်လား။” စတဲ့ အတိတ်ကို ပြန်လည်တူးဆွတဲ့စိတ်ဓာတ်က အကောင်းဘက်ကို ရောက်မလာစေပါဘူး။ အပြောခံရတဲ့သူကလည်း ဖြေရှင်းလို့မရတော့ဘဲ အကြီးအကျယ်စိတ်ညစ်သွားမှာပါ။

နိုင်ချင်စိတ်မထားပါနဲ့
တချို့ ရန်ပွဲတွေဟာ သမီးရည်းစားတွေ တစ်ယောက်နဲ့ တစ်ယောက် နိုင်ချင်လို့ စကားနိုင်လုရာက စပါတယ်။ ပြီးတော့ ဆက်နိုင်ချင်ပြီး အလျှော့မပေးရာကနေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်။ အနိုင်လိုချင်တာက အတန်းထဲမှာပဲ ကောင်းပါတယ်။ Relationship အတွက်တော့ မကောင်းပါဘူး။ ဒီတော့ အနိုင်ယူဖို့ မကြိုးစားကြပါနဲ့။ တကယ်တမ်းတော့ ဘယ်သူကမှ ဘယ်သူ့ကို မနိုင်ကြပါဘူး။

ဒီအချက်လေးတွေကို လိုက်နာပြီး ရန်ဖြစ်တတ်မယ်ဆိုရင် ရန်ဖြစ်ပြီး ပိုချစ်ဖြစ်လာစေမယ်လို့ အာမခံပါတယ်။ တကယ်တမ်းတော့ ပြဿနာကြီးကြီးမားမားတစ်စုံတစ်ရာဖြစ်ပြီဆိုရင် ရန်ဖြစ်တာမျိုးမဟုတ်ဘဲ ဆွေးနွေးတိုင်ပင်ကြဖို့ လိုအပ်ပါတယ်။ စိတ်အေးအေးထားပြီး ဖြေရှင်းကြစေချင်ပါတယ်။ အချစ်စမ်းတိုင်းဆော့ရင်း လက်လွန်မသွားကြပါစေနဲ့နော်။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle