Stalking လိုက်လုပ်နေတဲ့ Hater တွေကို ဘယ်လိုအနိုင်ယူမလဲ

Stalking လိုက်လုပ်နေတဲ့ Hater တွေကို ဘယ်လိုအနိုင်ယူမလဲ

လူတွေတော်တော်များများဟာလေ ကိုယ်သဘောမကျဘူးဆိုရင် Social Media ကနေ Block တဲ့အလုပ်ကို အရင်ဆုံး လုပ်တတ်ကြပါတယ်။ ဒါဟာ မှားတယ်လို့တော့ မပြောချင်ပါဘူး။ တချို့ကျတော့ အနှောင့်အယှက်ပေးတတ်တာမျိုးရှိတဲ့အခါ Block သင့်တယ်ဆိုပေမယ့် အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကြည့်ပြီး မုန်းနေတဲ့သူတွေ၊ ရည်းစားဟောင်းတွေ၊ နောက်ပြီး ကြည့်မရတဲ့အမျိုးတွေကို ဖြစ်နိုင်ရင် Block မလုပ်ပါနဲ့။ ဒီအတိုင်းထားပါ။

ဘာကြောင့်လဲဆိုတော့ သူတို့မနာလိုပြီး မနေနိုင်မထိုင်နိုင်ဖြစ်နေတာကို ကိုယ့်ဘက်က စင်ပေါ်က ပြုံးပြုံးကြီး အရသာခံဖို့ပါပဲ။ အကျင့်ယုတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေကျတော့ ဒီလိုလုပ်ဖို့ ထိုက်တန်ပါတယ်။

Social Media မှာ ပျော်စရာတွေချည်းပဲ တင်ပါ။ အောင်မြင်မှုတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြတာတွေ၊ လူတကာချစ်ခင်နေတာတွေ၊ အလုပ်အကိုင်ကောင်းပြီး သုံးဖြုန်းနေတာတွေနဲ့ ချစ်တဲ့သူက အရမ်းချစ်တာတွေကအစ တင်ကိုတင်ရပါလိမ့်မယ်။

ဒီလိုအချိန်မှာ ကိုယ့်ကိုယ် စောင့်ကြည့်နေတဲ့သူတွေထဲက ရည်းစားဟောင်းတွေကလည်း လွတ်တဲ့ငါး ကြီးပါပြီဆိုပြီး နည်းနည်းတော့ အောင့်သီးအောင့်သက်ဖြစ်နေမှာဖြစ်သလိုဘဲ ဘလိုင်းကြီး မျက်မုန်းကျိုးနေတဲ့ အပေါင်းအသင်းတွေကလည်း မနာလို တစ်ချိန်လုံးဖြစ်နေရတော့မှာပါ။ ဒါတင်မကသေးပါဘူး။ အမျိုးတွေဆိုရင်လည်း သူတို့သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး အရာရာအပြတ်အသတ်သာနေတဲ့အတွက် အားမလိုအားမရဖြစ်နေကြမှာ အမှန်ပါပဲ။

စိတ်ညစ်နေလား။ အပြင်မှာပဲ တစ်နည်းနည်းနဲ့ ဖြေဖျောက်လိုက်ပါ။ Social Media ပေါ်တင်ပြီးတော့ သူတစ်ပါး ဝမ်းသာမခံပါနဲ့။ ဒါက အမုန်းသမားတွေကို အကောင်းဆုံးအနိုင်ယူဖို့ကတော့  ဒီနည်းလမ်းက အကောင်းဆုံးပါပဲနော်။

ဒီတော့ ပျော်ရွှင်အောင် နေပါ။ Social Media မှာ ပျော်ရွှင်နေသလိုပဲ လက်တွေ့ဘဝမှာလည်း အဲဒီ့နည်းအတိုင်းပဲ ကျင့်သုံးပါ။ အားလုံးပဲ အမုန်းသမားတွေကို ပျော်ရွှင်ကျေနပ်ခြင်းနဲ့ အနိုင်ယူကြရအောင်။

Moethaesay (Akhayar)