အလုပ်ထဲက စိတ်ဖိစီးမှုတွေကို ဘယ်လိုလူလည်ကျပြီး ရုန်းထွက်နိုင်မလဲ

အလုပ်ထဲက စိတ်ဖိစီးမှုတွေကို ဘယ်လိုလူလည်ကျပြီး ရုန်းထွက်နိုင်မလဲ

အလုပ်လုပ်နေတဲ့လူတစ်ယောက်အတွက်တော့ စိတ်ဖိစီးမှုဆိုတာကတော့ ခွဲခြားထားလို့မရပါဘူး။ လုပ်ရင်လုပ်သလောက်၊ အလုပ်များရင်များသလောက် စိတ်ဖိစီးမှု Level အတက်အကျ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖိစီးမှုတွေကို နေရာတကာခေါ်သွားလို့တော့ ဘယ်ရမလဲနော်။ ထားခဲ့သင့်ရင် ထားခဲ့ရမှာပါပဲ။ ဒီတော့ အလုပ်ကရတဲ့စိတ်ဖိစီးမှုတွေကို တက်နိုင်သမျှလျော့ကျဖို့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်ရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

နေ့စဉ်အချိန်ဇယားတွေထဲမှာ အံဝင်ခွင်ကျဖြစ်ပြီလား
အလုပ်လုပ်နေကြတဲ့သူတိုင်းဟာ ကိုယ့်ရဲ့ အချိန်ဇယားတွေနဲ့ ကိုယ် နေ့စဉ်တစ်သားတည်းကျနေဖို့ လိုအပ်ပါတယ်။ အဲဒီ့အတွက် တိကျမှန်ကန်တဲ့အချိန်ဇယားတစ်ခု ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ အဲဒီ့အချိန်ဇယားဟာ ဖြစ်နိုင်တဲ့ဇယားဖြစ်ပြီး ကိုယ်နဲ့လည်း အံဝင်ခွင်ကျဖြစ်ရမယ်။ ဒီလိုမှမဟုတ်ဘဲ အချိန်ဇယားအတိုင်း အလုပ်မလုပ်နိုင်ဘူး။ ကိုယ်တွက်ထားသလောက် အလုပ်မတွင်ဘူးဆိုရင်တော့ ဒီအဖြစ်အပျက်တွေနောက်က စိတ်ဖိစီးမှုတွေ ပြေးလိုက်လာတော့မယ်ဆိုတာ မမေ့ပါနဲ့။

လူလည်ကျတတ်ပြီလား
တစ်ခါတလေ အလုပ်လုပ်ကိုင်ရာမှာ လူလည်ကျတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ပေါ့ပေါ့ပါးပါးအလုပ်တွေကို ပေါ့ပေါ့ပါးပါးလုပ်နိုင်ဖို့လိုအပ်သလို ဂရုမစိုက်သင့်တာတွေကို အားထုတ်နေစရာမလိုပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ ပင်ပန်းရတာနဲ့ ပြန်ရတဲ့အကျိုးရလဒ်နဲ့ ထပ်တူကျမှုမရှိတော့ဘဲ ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလိုဖြစ်လာပါလိမ့်မယ်။ ငြင်းစရာရှိတာဘာညာ တစ်ခါတည်းငြင်းထုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရလာမယ့် စိတ်ဖိစီးမှုဆိုတာ ရေတွက်နိုင်တော့မှာလည်း မဟုတ်ပါဘူး။

ရာနှုန်းပြည့်စရာမလိုပါဘူး
တချို့အလုပ်တွေဟာ ရာနှုန်းပြည့်ကောင်းမွန်နေဖို့ မလိုအပ်ပါဘူး။ အောင်မှတ်ရရင်တော်ပါပြီ။ မလိုအပ်တဲ့အလုပ်တွေကို ရာနှုန်းပြည့်ကောင်းမွန်အောင် အချိန်ပေးနေသရွေ့တော့ အရေးကြီးတဲ့အလုပ်တွေအတွက် အချိန်ရှိတော့မှာ မဟုတ်ပါဘူး။ အချိန်ကို လူလည်ကျပြီး လုပ်ယူတတ်ဖို့လိုအပ်ပါတယ်။ အောင်မှတ်ပဲလိုအပ်တဲ့အလုပ်တွေကို ရာနှုန်းပြည့်စွမ်းဆောင်နေရင်း စိတ်ဖိစီးမှုတွေမယူပါနဲ့။

အကူအညီတောင်းတတ်ပါစေ
စိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုရင်လည်း ဖြေဖျောက်နိုင်ဖို့ဆိုတာ အကူအညီတောင်းဖို့ မရှက်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ဆီမှာ အလုပ်တွေပုံနေပြီဆိုရင် တခြားသူတွေကို အကူအညီတောင်းပြီး လုပ်ပါ။ ဒီလို သဘောမထားတတ်ပဲ သိမ်းကျုံးလုပ်နေရင်တော့ ဘယ်သောအခါမှ မပြီးဆုံးသောအလုပ်တွေနဲ့ မကုန်ခမ်းသော စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့အနားမှာပဲ ရစ်ဝဲနေတော့မှာပါ။

စိတ်အပန်းဖြေနည်းတွေကိုလေ့လာပါ
တခြားလူတွေ စိတ်ဖိစီးလာရင် ဘယ်လိုစိတ်အပန်းဖြေကြလဲ။ ကိုယ်တွေဆိုရင်ရော ဘာလုပ်လိုက်ရရင် စိတ်အပန်းပြေနိုင်မလဲ စဉ်းစားပြီး စိတ်အပန်းဖြေနည်းတွေကို လေ့လာပါ။ အချိန်လုပြီး စိတ်အပန်းဖြေပါ။ အချိန်ဆိုတာ ကိုယ်က ဖန်တီးတတ်ရင် ဖန်တီးသလောက်ကိုရှိပါတယ်။ အမြဲတမ်း နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာပဲ ခေါင်းနှစ်ထားတာဟာ ကောင်းမွန်တဲ့ဘဝနေထိုင်မှုမဟုတ်ပါဘူး။ အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ ဘက်ညီအောင် နေထိုင်နိုင်တာကမှ ကောင်းမွန်တဲ့ဘဝနေထိုင်မှုပုံစံပါ။

ကဲ ဒီတော့ စိတ်ဖိစီးမှုတွေကို ဆက်လက်ပြီး သယ်ပိုးထားဦးမှာလား။ လူ့ဘဝဆိုတာ လွှတ်ချတန်တာလွှတ်ချတတ်ရပါဦးမယ်။ စိတ်ပျက်ငြီးငြူစရာကောင်းတဲ့ လူ့ဘဝကြီးမှာ အသုံးမကျတာတွေကို ထမ်းပိုးထားပြီး မနေပါနဲ့လို့လည်း အကြံပေးပါရစေ။ နောက်ပြီးတော့ စိတ်ဖိစီးမှုတွေ အရမ်းများပြီး စွန့်လွှတ်ချင်လာပြီဆိုရင်လည်း ဒါ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သတိရပါနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ