ခွေးကိုက်ခံရခြင်းနဲ့ ခွေးရူးရောဂါကနေ ဘယ်လိုကာကွယ်ကြမလဲ

ခွေးကိုက်ခံရခြင်းနဲ့ ခွေးရူးရောဂါကနေ ဘယ်လိုကာကွယ်ကြမလဲ

ဟိုတစ်လောက ခွေးကိုက်ခံရတဲ့ကလေးလေးတစ်ယောက် ခွေးရူးပြန်ရောဂါနဲ့ ဆုံးပါးသွားတဲ့သတင်းကို ကြားရကတည်းက နေကပူလာလေ၊ ခွေးရူးအန္တရာယ်ကို နေရာတကာမှာ ကြောက်လာရလေ ဖြစ်လာပါတယ်။ ဒီတော့ ခွေးကိုက်မခံရအောင် ဘယ်လိုနေကြမလဲ၊ ကိုက်လိုက်မိရင်ရော ဘယ်လိုတွေကုသပြီး ကာကွယ်ရမလဲဆိုတာ အတူတူကြည့်ကြရအောင်နော်။

ခွေးဆိုတာကတော့ ချစ်တဲ့သူရော၊ ကြောက်တဲ့သူပါ အကိုက်ခံရနိုင်ချေရှိပါတယ်။ ဘယ်လောက်ပဲ ခွေးချစ်ပါစေ ကိုယ်နဲ့ မရင်းနှီးတဲ့ခွေးတွေဟာလည်း ကိုယ့်ကို ကိုက်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ခွေးကိုက်ခံရနိုင်တဲ့အခြေအနေတွေဆိုရင်တော့ ငါက ခွေးချစ်တာပဲဆိုပြီး သူစိမ်းခွေးတွေအပေါ် အရဲကိုးတာကြောင့်လည်း ကိုက်နိုင်ပါတယ်။ ပြီးတော့ အရမ်းယောက်ယက်ခတ်ပြီး ပြေးလွှားဆော့ကစားတာမျိုးတွေ၊ ခွေးရှိတဲ့အိမ်ထဲကို အကူမပါဘဲ ဝင်သွားတာမျိုးတွေ၊ ခွေးအစာစားနေချိန်မှာ အနားသွားပြီး နှောက်ယှက်မိတာမျိုးတွေ၊ ခွေးကို ကြောက်အောင် စနောက်တာမျိုးတွေကနေစလို့ တစ်ခါတလေ သူတို့ကို အန္တရာယ်ပြုဖူးတဲ့ပုံစံမျိုး ကိုယ်က မသိပါဘဲ ပြုမူမိရင်လည်း အကိုက်ခံရနိုင်ပါသေးတယ်။ ဒီတော့ အခုပြောပြထားတာတွေကို ရှောင်ရှားလိုက်မယ်ဆိုရင် ခွေးကိုက်ခံရနိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။ မျက်စိနောက်အောင် မနေနဲ့ပေါ့နော်။

ခွေးကိုက်ခံရပြီဆိုရင်လည်း အတင်းကာရော စွတ်မပြေးပါနဲ့။ ခွေးဆိုတာ ပြေးလေလိုက်လေပါပဲ။ ကြောက်ရင် ပိုခြောက်ပါတယ်။ ပိုင်ရှင်ရှိတဲ့ခွေးဆိုရင် ပိုင်ရှင်ကို အသိပေးပါ။ ပိုင်ရှင်မရှိတဲ့ ခိုကိုးရာမဲ့ခွေးတွေဆိုရင်တော့ မိသားစုကို အသိပေးပါ။ ခွေးရူူးကာကွယ်ဆေးဟာ (၂၄)နာရီအတွင်း ထိုးရတာဖြစ်ပါတယ်။ အိမ်မွေးခွေးတွေဟာ ခွေးရူးနဲ့ တခြားရောဂါ (၅)မျိုးစပ်ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးထားဖို့ ပိုင်ရှင်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာ ခွေးက ကာကွယ်ဆေးထိုးထားရင် လူက ခွေးရူးကာကွယ်ဆေး ထပ်ပြီး ထိုးစရာမလိုတော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူးနော်။

ခွေးကိုက်ခံရတယ်ဆိုရင် ဘယ်လိုခွေးမျိုးပဲကိုက်ကိုက် ဆေးခန်းသွားပြီး ခွေးရူးကာကွယ်ဆေးနဲ့ မေးခိုင်ကာကွယ်ဆေးစတဲ့ လိုအပ်တဲ့ကုသမှုတွေကို ခံယူရပါလိမ့်မယ်နော်။ အခုဆိုရင် အရင်လို ခွေးရူးကာကွယ်ဆေးဟာ ချက်ပတ်လည်ဆေးတွေအများကြီးထိုးစရာမလိုတော့ပါဘူး။ လက်မောင်းကို ဆေးငါးလုံးထိုးဖို့ပဲ လိုအပ်ပြီးတော့ အစိုးရဆေးရုံတွေမှာလည်း ထိုးလို့ရပါတယ်။

အပြင်ဈေးအနေနဲ့ ဆေးတစ်လုံးကို ၁၅၀၀၀ကျပ်ကနေပြီး ၂၀၀၀၀ကျပ်လောက်အထိ ပေးရပြီးတော့ အစိုးရဆေးရုံတွေမှာတော့ အခမဲ့ထိုးလို့ရပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက အစိုးရဆေးရုံတွေမှာက တစ်ခါတလေ ဆေးကုန်နေတတ်တာမျိုးတွေနဲ့ အချိန်အကြာကြီးစောင့်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ခွေးကိုက်ခံရရင် ခွေးကိုရိုက်သတ်လိုက်တာနဲ့ ခွေးရူးမဖြစ်တော့ဘူးဆိုတဲ့ အသိအမှားတွေ၊ နောက်ပြီး အိမ်မွေးခွေးအကိုက်ခံရရင် ခွေးရူးမဖြစ်နိုင်ဘူးဆိုတဲ့ သတင်းအချက်အလက်အမှားတွေကိုလည်း လက်မခံမိပါစေနဲ့နော်။

တချို့မိဘတွေက ကလေးတစ်ခုခုဖြစ်လာပြီဆိုရင် အရင်ဆူတတ်၊ ရိုက်တတ်လွန်းတာကြောင့် တစ်ခါတလေ ကလေးတွေက ပြောပြရမယ့်ကိစ္စတွေကအစ မပြောပြဖြစ်ဘဲ ကြောက်လန့်ပြီး လျှို့ဝှက်ထားလိုက်ရာကနေ မဖြစ်သင့်တာတွေ ဖြစ်လာတတ်တဲ့အတွက်ကြောင့်လည်း မိဘတွေကို ကလေးတွေ တစ်ခုခုဖြစ်လာရင် ဆူတာ၊ ရိုက်တာထက် အရင်ဆုံးပြဿနာကို နားထောင်ပြီး လိုအပ်တာကို ပြင်ဆင်ပေးဖို့ တိုက်တွန်းချင်ပါတယ်နော်။

မြန်မာနိုင်ငံမှာက လမ်းဘေးခွေးတွေကို စနစ်တကျထိန်းသိမ်းဖို့ လိုအပ်နေပြီး ခွေးမွေးတဲ့ ခွေးပိုင်ရှင်တွေကလည်း ကိုယ့်ရဲ့ခွေးအတွက် လိုအပ်တဲ့ကျန်းမာရေးပြင်ဆင်မှုတွေကို လုပ်ထားသင့်ပါတယ်။ ခွေးပိုင်ရှင်တွေအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရမှာဖြစ်တဲ့အပြင် နိုင်ငံတော်အနေနဲ့ကလည်း ခွေးလေခွေးလွင့်တွေကို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့နည်းလမ်းတွေကို လေ့လာပြီး စနစ်တကျ ထိန်းသိမ်းဖို့ အကြံပေးလိုက်ပါရစေ။

Moethaesay (Akhayar)

www.akhayar.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ