ရုံးချိန်အတွင်း အရမ်းအိပ်ငိုက်နေတာကို ဘယ်လိုဖြေရှင်းမလဲ

ရုံးချိန်အတွင်း အရမ်းအိပ်ငိုက်နေတာကို ဘယ်လိုဖြေရှင်းမလဲ

အလုပ်ချိန်တွေက တစ်နေ့ကို ၈ နာရီ ၊ တချို့ရုံးတွေဆို ၉ နာရီတွေပါရှိတတ်တယ်။ အိမ်ကနေ ရုံးကိုသွားရတဲ့ ကြာချိန်ကလည်း တစ်ချိန်နဲ့တစ်ချိန်မတူဘဲ အနည်းဆုံး ၁၅ မိနစ် ၊ မိနစ် ၂ဝ ၊ အများဆုံး ၁ နာရီ ၊၂ နာရီလောက်ကြာတတ်တယ်။ ဒီတော့တစ်နေ့တာလုံးမှာ ၁၁ နာရီ ၊ ၁၂ နာရီ လောက်ကို ခန္ဓာကိုယ်က အားစိုက်ထုတ်နေရတော့ ပင်ပန်းနွမ်းနယ်မှုတွေဖြစ်မယ်။ နောက်ပြီး ညဆိုလည်း ကောင်းကောင်းမအိပ်ရတာနဲ့ဘာနဲ့ပေါင်းလိုက်တော့ နောက်နေ့ရုံးပြန်တက်တဲ့အချိန်မှာ ပင်ပန်းလွန်းပြီး အိပ်ငိုက်နေတာတွေ ဖြစ်တတ်ပါတယ်။ ရုံးချိန်တွင်း အိပ်ငိုက်နေရင် ပြောစရာလည်းဖြစ်မယ့်အပြင် အလုပ်ကိုလည်းဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရုံးတက်နေချိန်တွင်းမှာ ကိုယ်ကအရမ်းအိပ်ငိုက်နေပြီဆိုရင် အိပ်ချင်စိတ်ပျောက်အောင်

ထိုင်နေရာကထပြီး လှုပ်လှုပ်ရှားရှားလုပ်ပါ
အလုပ်စားပွဲမှာပဲထိုင်နေပြီး ကွန်ပျူတာကို တောက်လေ ျှာက်ကြည့်နေတာက ခေါင်းလည်းမူးဝေလာစေတဲ့အပြင် ပင်ပန်းပြီးငိုက်လာနိုင်တယ်။ ဒီလိုဖြစ်နေပြီဆိုရင် စားပွဲနဲ့ခေါင်းမဆောင့်ခင်မှာ နေရာကနေ သူများတွေကို အနှောင့်အယှက်မပေးပဲ ဖြေးဖြေးချင်းထပြီး ခပ်ဝေးဝေးကို ကိုယ်လက်လှုပ်ရှားနည်းနည်းပါးပါး လုပ်ပေးပါ။ တကယ်လို့ ကိုယ်လက်လှုပ်ရှားလုပ်ဖို့လောက်အထိ ရုံးခန်းက မကျယ်ဘူးဆိုရင်လည်း ကိုယ့်ထိုင်ခုံကနေ တံခါးနားထိလောက်ကို လမ်းခေါက်တုံ့ခေါက်ပြန်လေ ျှာက်ပေးပါ။ ဘာလို့လဲဆိုတော့ လမ်းလေ ျှာက်ခြင်းက ကိုယ့်ရဲ့သွေးကြော ၊ ဦးနှောက်နဲ့ ကြွက်သားတွေကို အောက်ဆီဂျင်လွှတ်ပေးတာကြောင့် အားအင် ၂ နာရီစာ ပြန်တက်လာစေပါတယ်တဲ့။ ဒါကြောင့်ဒီလိုလုပ်တာက အိပ်ချင်စိတ်ကို သက်သာစေပါတယ်။

အိပ်ချင်စိတ်ကိုပျောက်သွားအောင် တစ်ရေးတစ်မောအိပ်လိုက်ပါ
တစ်ရေးတစ်မောအိပ်တာမှာ သတိထားရမှာ နှစ်ခုရှိပါတယ်။ အိပ်ရင်လည်း ၅ မိနစ်ကလေ ၂၅ မိနစ်လောက်ပဲအိပ်ပါ။ အိပ်ရာဝင်ခါနီးတော့ ဘယ်တော့မှ တစ်မှေးမမှေးလိုက်ပါနဲ့။ ဖြစ်နိုင်ရင် ညအိပ်ချိန်နဲ့ ငါးနာရီ ခြောက်နာရီလောက်ခွာအိပ်တာက အကောင်းဆုံးပါပဲလို့ Sound Sleep စာအုပ်ရဲ့စာရေးဆရာလည်းဖြစ် ဆရာဝန်လည်းဖြစ်တဲ့ Barry Krakow က ပြောကြားခဲ့ပါတယ်။ အလုပ်ချိန်တွင်း တစ်မှေးမှေးတာက နည်းနည်းတော့ခက်ခဲပါလိမ့်မယ်။ အလုပ်စားပွဲပေါ်မှာ အိပ်နေတာကလည်း မကောင်းဘူးလေ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ရုံးတွေတော်တော်များများမှာ တစ်မှေးအိပ်ဖို့ သီးသန့်အခန်းလေးတွေ ၊ နေရာတွေကို ထားပေးထားတယ်ဆိုတော့ အဆင်တော့ပြေတာပေါ့။ တကယ်လို့ တစ်မှေးအိပ်ဖို့အဆင်မပြေရင်လည်း မျက်စိကို ၁ဝ မိနစ်လောက် မှိတ်ပြီး အနားပေးလိုက်တာက သက်သာရာရပါတယ်။

မျက်လုံးကိုခဏလောက်အနားပေးပါ
ကွန်ပျူတာဖန်သားပြင်ကို အချိန်အကြာကြီးကြည့်တာက မျက်လုံးညောင်းစေတယ် ၊ အရမ်းလည်း အိပ်ချင်ပြီးတော့ ပင်ပန်းနွမ်းလျမှုတွေကိုလည်းဖြစ်စေတယ်။ ရုံးချိန်အတွင်း အိပ်ငိုက်တာက ညဖက်အိပ်ရေးပျက်တာတွေအပြင် ကွန်ပျူတာကိုဆက်တိုက်ကြည့်နေတာကြောင့်လည်း ပါတာပေါ့။ ဒါကြောင့်ဖြစ်နိုင်ရင် ၁ နာရီလောက်လုပ်လိုက် ၅ မိနစ်လောက် ကွန်ပျူတာနဲ့မျက်နှာလွဲှလိုက်လုပ်ပေးရင် အိပ်ချင်တာကို သက်သာစေပါလိမ့်မယ်။

အားအင်တက်လာအောင် Snack Bar တွေစားလိုက်ပါ
အိပ်ငိုက်နေတာက အားမရှိလို့လည်းပါတယ်။ သွေးထဲမှာသကြားဓာတ်နည်းနေရင် စိတ်ထိုင်းမှိုင်းတာကိုဖြစ်စေပါတယ်။ ဒါကြောင့်အားရှိအောင် သကြားပါတဲ့မုန့်တွေ စားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သကြားဓာတ်ပါတဲ့ သရေစာတွေက အားကိုအမြန်တိုးစေတာကြောင့်ဖြစ်တယ်။ ဥပမာ ဒိန်ချဉ် ၊ အသီး ၊ အခွံမာသီးစတာတွေက အားဖြစ်စေပါတယ်။

စကားလေးဘာလေးပြောပါ
အရမ်းအိပ်ငိုက်နေတာကို ဖြေရှင်းလို့ရသေးတာက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောလိုက်တာပါ။ ဟုတ်ပါတယ်။ ဘယ်အကြောင်းအရာဖြစ်ဖြစ် အလ္လာပသလ္လာပပြောတဲ့အထိ ဘယ်ဟာမဆိုရပါတယ်။ စကားပြောတာက ကိုယ့်ရဲ့အိပ်ချင်နေတဲ့စိတ်ကို အာရုံလွဲသွားစေတယ်။

အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
လေကိုတဝကြီးရှုသွင်းလိုက်တာက ကိုယ်ထဲကအောက်ဆီဂျင်ကိုမြင့်စေတယ်။ ဒါကနှလုံးခုန်နှုန်းကိုနှေးစေပြီး သွေးပေါင်ချိန်လည်းကျစေတာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။ ဒါတွေကနောက်ဆုံးမှာ ခန္ဓာကိုယ်ရဲ့စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုနဲ့ အားအင်ကို အထောက်အကူပြုတယ်။ အားရှိပြီးလန်းနေရင် အိပ်ငိုက်ဖို့ ရာခိုင်နှုန်းအရမ်းနည်းသွားပြီလေ။

ပင်ပန်းတာသက်သာအောင်ရေသောက်ပါ
အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ပင်ပန်းမှုတွေက အိပ်ငိုက်တာကို ဖြစ်စေတယ်။ ရေဓာတ်ခန်းခြောက်တာကလည်း ပင်ပန်းနွမ်းလျမှုကိုဖြစ်စေတယ်။ ဒါကြောင့်ရေကို လုံလုံလောက်လောက်သောက်ရပါမယ်။ ပြီးတော့အရည်ရွှမ်းတဲ့ အစားအစာ ၊ အသီးအနှံတွေလည်း စားပေးရပါမယ်။

အပေါ်မှာပြောပြခဲ့တဲ့အချက်တွေက အိပ်ငိုက်နေရင် အလွယ်တကူဖြေရှင်းလို့ရတဲ့ နည်းလေးတွေပဲဖြစ်ပါတယ်။ တခြားလုပ်လို့ရတာတွေက ကွန်ပျူတာ Brightnes ကိုတင်လိုက်တာတို့ ၊ နေရောင်ထဲထွက်ပြီး မျက်စိကို နည်းနည်းကစားပေးလိုက်တာတို့လည်း လုပ်လို့ရပါတယ်။ ပရိသတ်ကြီးတို့လည်း ဒီဆောင်းပါးလေးဖတ်ပြီး အိပ်ငိုက်တဲ့ပြဿနာကနေ လွတ်မြောက်နိုင်ပါစေလို့ မေ ျှာ်လင့်ပါတယ်။

Piki (Akhayar)

Ref: www.webmd.com