အကျင့်ပါနေတဲ့ Filler Words တွေ သုံးစွဲတာကို ဘယ်လို ဖျောက်ဖျက်ကြမလဲ

အကျင့်ပါနေတဲ့ Filler Words တွေ သုံးစွဲတာကို ဘယ်လို ဖျောက်ဖျက်ကြမလဲ

ဒီအကြောင်းအရာကတော့ ကျွန်တော်တို့ဆီက အင်္ဂလိပ်စကားပြော လေ့ကျင့်နေသူတွေ၊ နေ့တိုင်း လုပ်ငန်းခွင်မှာ အင်္ဂလိပ်လို ပြောဆိုနေရသူတွေနဲ့ ကျောင်းမှာ အင်္ဂလိပ်လို သင်ကြားပြောဆိုရတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ Filler Words တွေကို သတိမမူမိဘဲ သုံးမိနေကြတဲ့ အဖြစ်ပါ။

Filler Words ဆိုတာတွေကတော့ Like ၊ Umm/Ah ၊ I Mean ၊ You Know? ၊ Right? ၊ You see နဲ့ I Just လို ဝေါဟာရတွေ ဖြစ်ပါတယ်။ ဒီ Filler Words တွေဟာ တစ်ခါတလေ စကားပြောရာမှာ ကြားညှပ်ပြီး ပြောတာ အဆင်ပြေပေမယ့် အကျင့်ပါပြီး စကားအခွန်းတိုင်း ထည့်နေရင်တော့ ကြားရတာ အဆင်မပြေတော့ပါဘူး။

ဒီအကျင့်ကို Native Speaker တွေဆီမှာလည်း တွေ့ရများပါတယ်။ ဒီလို Filler Words တွေ အများကြီးထည့်ပြောတဲ့အခါ ခင်ဗျားကို ပို Smart ကျမသွားစေဘဲ တစ်ခါတလေ Professional မဆန်တဲ့ ပုံတောင် ဖြစ်စေပါတယ်။ အထူးသဖြင့် Presentation လုပ်နေတဲ့အချိန်၊ Public Speech ပေးနေတဲ့အခါမျိုးဆိုရင်ပေါ့။ ဆိုတော့ သူတို့ဆီမှာ ဒီအကျင့်ကို ဖျောက်ဖို့ ကြိုးစားကြပါတယ်။

မှတ်တမ်းတင်ပါ
မဖျောက်ခင်မှာ ဒီအကျင့်ကိုယ့်မှာ ရှိနေတဲ့ အကြောင်း လက်ခံမှ ရပါမယ်။ တချို့က ငါ့မှာ ဒီအကျင့်မရှိပါဘူးလို့ ဘူးခံငြင်းကြပေမယ့် ဒါက သေချာမှတ်တမ်းမတင်ထားလို့ပဲ ဖြစ်ပါတယ်။ လုပ်လို့ ရတဲ့ နည်းနှစ်ခုရှိပါတယ်။ တစ်ခုက

The Clap Method
ပထမနည်းက ကိုယ့်သူငယ်ချင်းဖြစ်ဖြစ်၊ ကိုယ်နဲ့ ရင်းနှီးသူဖြစ်ဖြစ် ကိုယ်စကားပြောတိုင်း စောင့်ကြည့်ခိုင်းထားပြီး Filler Words သုံးမိတာနဲ့ လက်ခုပ်တီးခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်တာက အစပိုင်းမှာ ကြောင်တောင်တောင်နိုင်ပေမယ့် ကိုယ်ပြောလိုက်တာကို သတိထားမိစေသလို တန့်လည်း တန့်သွားစေပါတယ်။

The Self-recording Method
ဒီနည်းလမ်းကတော့ တစ်ယောက်ယောက်ကို လက်ခုပ်တီးပြီး မှတ်ခိုင်းရမှာ ရှက်တယ်ဆိုသူတွေ သုံးရမယ့် နည်းလမ်းဖြစ်ပါတယ်။ စကားပြောလေ့ကျင့်ခါနီးတိုင်း ဖုန်းနဲ့ ဖြစ်ဖြစ် ၊ ကင်မရာထောင်ပြီး ဖြစ်ဖြစ် ကိုယ်ပြောတာကို မှတ်တမ်းတင်ထားပြီး ပြန်ကြည့်တဲ့ နည်းပဲ ဖြစ်ပါတယ်။

ဘယ်လို ပြင်ဆင်ကြမလဲ
ကိစ္စအတော်များများမှာ လူတွေ Filler Words သုံးတယ်ဆိုတာ စိတ်ကူးထဲ ရှိတဲ့ အတွေးတွေ ပြန်စီဖို့ အချိန်ယူတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို စဉ်းစားနေချိန်မှာ Filler Words တွေ သုံးမယ့် အစား ဘာမှ မပြောဘဲ ခဏရပ်လိုက်ပါ။ Speaking Coach တစ်ယောက်ဖြစ်တဲ့ Paula Statman ကတော့ “ဒီလို ခဏရပ်ပြီး စဉ်းစားရတာကို သည်းခံဖို့နဲ့ ဒီလို စဉ်းစားလိုက်ရုံနဲ့ လူတွေရဲ့ လေးစားမှုနဲ့ အာရုံစူးစိုက်မှုကို ဆုံးရှုံးမှာ မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြောပေးနေဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

နောက်တစ်ချက်ကတော့ စကားပြောနေချိန်မှာ စိတ်ပူပန်မှုကိုလည်း လျှော့ချထားသင့်ပါတယ်။ ဒီလို Filler Words တွေဟာ လူအများကြားစကားပြောရတဲ့အခါ ပူပန်မှုကြောင့်လည်း အများကြီး သုံးတတ်ပါတယ်။ ဒါကြောင့် စိတ်ကို လျှော့ထားပါ၊ ပြင်ဆင်ပြီးမှ သွားပါ၊ ကိုယ်ပြောလိုက်တဲ့ စကားတွေဟာ သူတို့အတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာကိုပဲ အာရုံစိုက်ထားပြီး လေဆက်မပြတ်ရေးဆိုတာကို ခဏမေ့ထားပါ။

နောက်ဆုံးအချက်ကတော့ များများလေ့ကျင့်ဖို့ပါပဲ။ ကိုယ်က ဒီလို Filler Words တွေ ခပ်နည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ်စကားပြောချင်တယ်ဆိုရင်တော့ ကိုယ်ပြောမယ့် စကားကို ယုံကြည်မှုရှိအောင် ခပ်များများပြောပေးနေရင် Filler Words တွေ သုံးတာ နည်းသွားပါလိမ့်မယ်။

ကဲ! ဒါကြောင့် စကားပြောရင် Like ၊ You Know? တွေ ဖောင်းပွပြီး လိုရင်းမရောက်ဘူးဆိုရင် ဒီနည်းလေးသုံးပြီး ပြင်ကြည့်ဖို့ တိုက်တွန်းချင်ပါကြောင်း။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle