အသက် (၂၅) နှစ်မကျော်ခင် အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

အသက် (၂၅) နှစ်မကျော်ခင် အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

မိန်းကလေးတိုင်းဟာ အသားအရေကို ဂရုစိုက်သင့်ပါတယ်။ မိန်းကလေးတွေဟာ အသက် (၂၅) နှစ်ကျော်လာတဲ့အခါ အသားအရေဟာ မသိမသာစတင်ပျက်စီးလာပြီး အသက် (၃၀)အကျော်မှာတော့ သိသိသာသာ ပျက်စီးလာတော့မှာပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တာမို့လို့ အသက်(၂၅) နှစ်မကျော်ခင်ကတည်းက အသားအရေကို ထိန်းသိမ်းထားသင့်ပါတယ်။ မဟုတ်ရင်တော့ အသားအရေပြဿနာတွေဖြစ်တဲ့ တင်းတိပ်၊ အသားအရေတွဲခြင်း၊ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကစလို့ အသားအရေမညီညာဘဲ အရွယ်မတိုင်ခင် ရုပ်ဆိုးသွားတော့မှာပါ။ ဒီတော့ အသက် (၂၅)နှစ်မတိုင်ခင် အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြချင်လွန်းလို့ပါ။

ပထမဆုံး ပြောပြချင်တာကတော့ Skincare လုပ်ဖို့ပါပဲ။ အခုနောက်ပိုင်း Skincare လုပ်ရမယ်ဆိုတဲ့အသိဟာ မိန်းကလေးတွေကြားမှာ တော်တော်ကျယ်ပြန့်လာပါပြီ။ ဒါ ကောင်းပါတယ်။ မိန်းကလေးတွေဟာ မိတ်ကပ်လိမ်းနေရုံနဲ့ မပြည့်စုံနိုင်ပါဘူး။ အသားအရေရဲ့ အပြစ်အနာအဆာတွေကို ခဏလောက် ဖုံးအုပ်ပေးထားနိုင်တဲ့မိတ်ကပ်ထက် အသားအရေရဲ့ အပြစ်အနာအဆာတွေကို ထာဝရမောင်းထုတ်ပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုမျိုးကို လုပ်မှသာ မိတ်ကပ်မပါလည်း လှနေနိုင်မှာပါ။ ပြီးတော့ မြန်မာပြည်ရဲ့ ရာသီဥတုဟာ ပူအိုက်စွတ်စိုတာကြောင့် မိတ်ကပ်ကို နေ့စဉ်မှန်မှန်လိမ်းနေနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ကြိုးစားပြီး Skincare လုပ်ထားမှ မိတ်ကပ်မပါလည်း အသားအရေလေးက ကြည်လင်ဝင်းပပြီး နုဥနေနိုင်မှာပါနော်။


Weekly Skincare Routine

ဒီတော့ Skincare လုပ်တော့မယ်ဆိုရင် ဘာတွေအရေးကြီးလဲဆိုတော့ ကိုယ် Skincare လုပ်မယ့် Product တွေက အရေးကြီးတယ်လို့ ပြောရပါလိမ့်မယ်။ Skincare Product တွေဝယ်တဲ့အခါ ပိုက်ဆံနှမြောနေလို့ လုံးဝမရပါဘူးနော်။ ပေါချောင်ကောင်းရောင်းနေတဲ့ပစ္စည်းတွေက ဘယ်လိုမှ Quality ကောင်းမှမဟုတ်သလို ထိရောက်မှုလည်း ရှိမှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် အသားအရေကိုပါ ပျက်စီးသွားနိုင်ပါတယ်။ ဒီတော့ နာမည်လုံးဝမရှိဘဲ ရောင်းသူတွေကသာ စွတ်တင်ရောင်းနေတဲ့ပစ္စည်းမျိုးတွေနဲ့ အတုတွေကို လုံးဝမ၀ယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပြောလို့ နာမည်ကြီးပြီး ဈေးကြီးတဲ့ပစ္စည်းတွေကိုပဲ ဝယ်သုံးရမယ်လို့ မဆိုလိုပါဘူး။ စင်ကာပူနဲ့ ထိုင်းဘက်ကနေ တင်သွင်းတဲ့ Quality ကောင်းပြီး ထိရောက်မှုလည်းရှိတဲ့ Budget Brand လေးတွေ အများကြီးရှိပါတယ်နော်။ ဥပမာ – Vaseline တို့၊ Garnier တို့လိုပေါ့။


The foods for your healthy skin

နောက်တစ်ခု သတိပေးချင်တာကတော့ ဈေးကြီးတဲ့ Brand တိုင်း၊ လူကြိုက်များပြီး နာမည်ကြီးတဲ့ Brand တိုင်းကလည်း ကိုယ်နဲ့သင့်တော်ရဲ့လားဆိုတော့ မသင့်တော်ပါဘူး။ ကိုယ်နေတဲ့မြို့ရဲ့ ရာသီဥတု၊ ကိုယ့်ရဲ့ အသားအရေနဲ့ ကိုယ်နေ့စဉ်လှုပ်ရှားနေရတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဥပမာ – အရမ်းပူလွန်းတဲ့မြို့မှာ နေထိုင်သူတွေက အအေးပိုင်းဒေသမှာ သုံးတဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ Skincare တွေနဲ့ဆို အဆီတွေပြန်ပြီး နေရထိုင်ရအဆင်မပြေသလို၊ Dry Skin သမားတွေဟာလည်း အသားအရေကို ခြောက်သွေ့စေတဲ့ပစ္စည်းတွေကို မှားသုံးမိနေလို့ မရပါဘူး။ ဒါကြောင့် နာမည်ကြီးတိုင်း လူတကာညွှန်းတိုင်းလည်း လိုက်ဝယ်သုံးရမယ်လို့ မဆိုလိုဘူးဆိုတာ သိရပါလိမ့်မယ်။


Know your skin type

နောက်ပြီးတော့ သုံးတဲ့ပစ္စည်းတွေက အချိန်နဲ့နေရာ သင့်တော်မှန်ကန်ဖို့လည်း လိုအပ်ပါသေးတယ်။ ဥပမာ နေပူထဲသွားပြီး Sunscreen မလိမ်းဘဲ ညဘက်အိပ်မှ မှားလိမ်းနေမိရင်လည်း ဘယ်လောက်သုံးသုံး အလကားပါပဲ။ ဒီတော့ တစ်နေ့တာအတွက် Skincare လုပ်ဖို့ ဘယ်လိုအဆင့်ဆင့်ဖြတ်ကျော်ရမလဲဆိုတာ မှားမနေကြအောင် အောက်မှာ Chart လေး ပြပေးထားလို့ လေ့လာကြည့်ပါဦးနော်။


Daily Skincare Routine

ပြီးတော့ ပြောချင်တာက Skincare လုပ်ရမယ့် Product တွေသုံးမှ အသားအရေလှလာမှာမဟုတ်လို့ ကိုယ့်ရဲ့ နေစဉ်နေထိုင်မှုပုံစံကို မပြောင်းလဲဘဲ ပစ္စည်းတွေအပေါ်မှာပဲ မှီခိုနေလို့မရဘူးဆိုတာပါပဲ။ ဒီလိုဘဲ Skincare ပစ္စည်းတွေ လိုက်မဝယ်နိုင်လို့လည်း စိတ်ညစ်စရာမလိုပါဘူး။ ရေလုံလောက်အောင် သောက်မယ်။ ဆီးဝမ်းမှန်အောင်နေမယ်။ နေပူရင် ထီးဆောင်းပြီး လက်ရှည်ခပ်ပါးပါးလေးဝတ်ထားမယ်။ ညဘက်အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချမယ်။ ရေဝအောင်ချိုးပြီး သနပ်ခါးလေးလိမ်းထားလည်း ဒါဟာ အသားအရေကို ထိန်းသိမ်းနေတာပဲဖြစ်ပါတယ်။ ဈေးကြီးတဲ့ Skincare Product တွေ ဘယ်လောက်လိမ်းနေပါစေ ရေဝအောင်မသောက်ဘူး။ ညဘက် အိပ်ရေးတွေပျက်နေဦးမယ်ဆိုရင်လည်း အသားအရေက ဘယ်လိုလှလာနိုင်မှာလဲနော်။


The foods you need to feed your skin

Skincare Product တွေမဝယ်ရင်တောင် ရှားစောင်းလက်ပတ်လေးတွေ မျက်နှာကို ပွတ်ပြီး အားဖြည့်မယ်။ သခွားသီးလေးတွေ၊ အာလူးလေးတွေကို မျက်နှာမှာ ကပ်မယ်။ ကော်ဖီနဲ့ အသားအရေလှဆီတစ်ခုခုကို ရောပြီး ပေါင်းတင်မယ်။ အသားအရေအတွက် အသီးအနှံတွေစားမယ်စတာတွေကို ကြိုးစားလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီလောက်သိထားရင်တော့ အသက် (၃၀)အရွယ်မှာ အိုမင်းရင့်ရော်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်မရွေး လှပနေမှရမှာနော်။ လူတွေက ဘယ်သူ့ကို ကြည့်စေချင်လို့ အလှတွေပြင်နေတာလဲမေးရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်ပြီး ချစ်နေဖို့လို့သာ ဖြေလိုက်ပါ။ ကိုယ့်ရဲ့ အလှတရားဟာ ကိုယ်တိုင်စိတ်တိုင်းကျကျေနပ်နေဖို့ပါနော်။ ဒါကြောင့် ဒီစာလေးကို ဖတ်ပြီးရင် မိတ်ကပ်ပစ္စည်းတွေမှာ ကိုယ့်ရဲ့ လစာလေးတွေ၊ မုန့်ဖိုးလေးတွေကို ရင်းနှီးမြုပ်နှံမယ့်အစား Skincare လုပ်ဖို့ မြုပ်နှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle