ကလေးတွေရဲ့ဓာတ်ပုံထဲမှာ မျက်ဆန်အဖြူ ဖြစ်နေတာဟာ ကင်ဆာရောဂါဖြစ်နိုင်တဲ့ သင်္ကေတပါ

ကလေးတွေရဲ့ဓာတ်ပုံထဲမှာ မျက်ဆန်အဖြူ ဖြစ်နေတာဟာ ကင်ဆာရောဂါဖြစ်နိုင်တဲ့ သင်္ကေတပါ

ဒီနေ့ခေတ်မှာ ဘာလေးကိုပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ပြီး တင်ကြတဲ့အချိန်မျိုးမှာ မိဘတွေအနေနဲ့လည်း ကိုယ်ကလေးလေးရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေရိုက်ပြီး တင်ကြပါတယ်။ အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ ဓာတ်ပုံရိုက်တာက ကောင်းပေမယ့် ကလေးက မရိုက်ချင်လို့ ကင်မရာကို ရှောင်ရှားတဲ့အခါမျိုး (သို့မဟုတ်) ကလေးရဲ့မျက်လုံးဟာ ဓာတ်ပုံထဲမှာ အနီရောင်ဖြစ်နေတာမျိုး ဆိုရင်တော့ မကောင်းပါဘူး။ ကလေးမျက်လုံးရဲ့ မျက်ဆန်က အဖြူရောင်ဖြစ်နေတာကို သတိထားမိရင်တော့ ကလေးမှာ မျက်စိကင်ဆာဖြစ်ချင်နေတဲ့ လက္ခဏာဖြစ်ပေါ်နေပါပြီ။

အဖြူရောင်မျက်ဆန်ဖြစ်ခြင်းဟာ Retinoblastoma လို့ခေါ်တဲ့ အသက်ခြောက်နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များလေ့ရှိတဲ့ ရှားပါးမျက်စိကင်ဆာ ရောဂါလက္ခဏာ တစ်ခုဖြစ်ပါတယ်။ မျက်စိကင်ဆာဖြစ်တဲ့အခါမှာ ပထမဦးဆုံးတွေ့ရတဲ့ လက္ခဏာက အဖြူရောင်မျက်ဆန် (သို့) Leukocoria (အဖြူရောင်မျက်စိသူငယ်အိမ် (သို့) ကင်မရာမှ လျှပ်တပြတ်ရိုက်လိုက်တဲ့အခါမှာ အလိုအလျောက်တုံပြန်မှုပုံစံတွေ) ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအဖြူရောင်မျက်ဆန်ဖြစ်နေလား မဖြစ်နေလား သိချင်ရင် ကလေးငယ်ကို အမှောင်ထဲမှာ ထားပြီး မျက်လုံးကို စစ်ကြည့်တာမျိုးနဲ့ Artificially lit room မှာထားပြီး ကြည့်တာမျိုးတို့နဲ့ သိနိုင်ပါတယ်လို့ ကလေးသူငယ်မျက်စိကင်ဆာစောင့်ရှောက်ရေးအဖွဲ့က ပြောကြားပါတယ်။

အမေရိကန်ကင်ဆာအဖွဲ့အစည်းအရဆို ကလေးနှစ်ရာခိုင်နှုန်းလောက်က Retinoblastoma လို့ခေါ်တဲ့ မျက်စိကင်ဆာကို ခံစားနေရပြီး ကလေးပေါင်း ၂၀၀ ကနေ ၃၀၀ ကို အမေရိကန်နိုင်ငံမှာလည်း နှစ်စဉ်ကုသပေးလျှက် ရှိပါတယ်။ တချို့်တွေကကြတော့ မျက်လုံးတစ်ဖက်နဲ့ တစ်ဖက် အချိုးမညီတာကို အများဆုံးတွေ့ကြရပါတယ်။ အဲဒီလိုဖြစ်တာက ကင်ဆာဖြစ်နေတာမျိုးတော့မဟုတ်ဘဲ တခြားရောဂါလက္ခဏာတစ်ခုဖြစ်နေတယ်ဆိုတာကို သတိပေးတဲ့ လက္ခဏာမျိုးပါ။

လူကြီးတွေ အဖြူရောင်မျက်ဆန် ဖြစ်တဲ့အခါတိုင်းမှာလည်း မျက်စိကင်ဆာဖြစ်နေတာမျိုးမဟုတ်ဘဲ Coats’ Disease လို့ခေါ်တဲ့ အိမ်မွှေးတိရစ္ဆာန်မှတစ်ဆင့် မျက်စိပိုးဝင်နေတာမျိုး၊ မျက်စိအတွင်းတိမ်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မျက်စိတစ်ဖက်အမြင်အာရုံ ဆုံးရှုံးခြင်း၊ မျက်စိနီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်း၊ မျက်လုံးဖွံ့ဖြိုးကြီးထွားမှုနှုန်းနှောင့်နှေးခြင်းတု့ိဖြစ်တဲ့အခါမှာလည်း အဖြူရောင်မျက်ဆန် လက္ခဏာ ပြတတ်ပါတယ်။

ကလေးတွေ မျက်ဆန်အဖြူရောင်ဖြစ်လာပြီ မျက်စိနဲ့ ပတ်သက်တဲ့ နာကျင်ကိုက်ခဲမှု လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေဆီခေါ်သွားပြီး မျက်လုံးကို စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ ကလေးတွေ မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်လာခဲ့ပြီဆိုရင် လျစ်လျူရှုမထားဘဲ သေချာဆရာဝန်တွေနဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ အချိန်နှောင်းမှ သိပြီး ကုသမှု မခံယူလိုက်ရလို့ မျက်စိကင်ဆာဖြစ်ပြီး အမြင်အာရုံဆုံးရှုံးသွားရင် ကလေးရဲ့အနာဂတ်ကို ထိခိုက်ပျက်စီးစေနိုင်စေလို့ မျက်စိနဲ့ ပတ်သက်တဲ့လက္ခဏာတွေ ဖြစ်လာရင် မပေါ့ဖို့အကြံပေးချင်ပါတယ်။

H.H(Akhayar)