‘Shape of You’ နဲ့ တခြားသီချင်းတွေကို ညစ်ညမ်းတယ်ဆိုပြီး ပိတ်ပင်လိုက်တဲ့ အင်ဒိုနီးရှား

Ed Sheeran ရဲ့ ‘Shape of You’ သီချင်းကို ကျွန်တော်တို့တင်မဟုတ် ကမ္ဘာ့နေရာအနှံ့အပြားက သီချင်းချစ်သူတွေလည်း ကြိုက်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် တချို့တချို့နိုင်ငံတွေမှာတော့ အကြိုက်မတွေ့ခဲ့ဘဲ တားမြစ်ပိတ်ပင်တာတောင် ခံရပါသတဲ့။

အင်ဒိုနီးရှားရဲ့ ရှေးရိုးစွဲတဲ့ နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီရင်စုတစ်ခုမှာ Ariana Grande ရဲ့ ‘Love Me Harder’ နဲ့ Zayn Malik ရဲ့ ‘Dusk Till Dawn’ အပါအဝင်Ed Sheeran ရဲ့ ‘Shape of You’ သီချင်းတွေကို လွှင့်ထုတ်ခြင်း မပြုဖို့ တားမြစ်ခဲ့ပါတယ်။

ဒီသီချင်း ၃ ပုဒ်တည်းတင် မဟုတ်ဘဲ တခြား သီချင်း ၈၂ ပုဒ်ကိုလည်း အနောက်ဂျာဗားစီရင်စုရဲ့ အသံလွှင့်ကော်မရှင်ကနေ ထပ်တားမြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ဒီသီချင်းတွေဟာ ထိခိုက်စော်ကားတဲ့ စာသားတွေ ပါဝင်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒီတားမြစ်ထားတဲ့ သီချင်းတွေကို ည ၁၀ နာရီကနေ မနက် ၃ နာရီအတွင်းပဲ ထုတ်လွှင့်ခွင့်ရှိမယ်လို့ ကြေညာထားပါတယ်။
Central KPI Deputy Chairman ဖြစ်တဲ့ Rahmat Arifin ကတော့ “ ဒီကိစ္စမှာ သီချင်းတွေကိုတင် တားမြစ်ပိတ်ပင်ရုံတင်မဟုတ်ဘဲ သီချင်းစာသားတွေကိုပါ တားမြစ်ထားတာ ဖြစ်ပါတယ်။ စာသားတွေမှာ ညစ်ညမ်းတာ၊ ညစ်ညမ်းမှုနဲ့ ဆက်စပ်တာနဲ့ မဖွယ်မရာစကားလုံးတွေ ပါဝင်နေပါတယ်။ ဒါတင်မဟုတ်ဘဲ သီချင်းတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံအနေနဲ့ ပုံဖော်ထားလို့လည်း ဖြစ်တယ်”လို့ ဆိုပါတယ်။
ပိတ်ပင်ခံရတဲ့ အထဲမှာ အပေါ်က သီချင်း ၃ပုဒ်တင်မဟုတ်ဘဲ Bruno Mars ရဲ့ ‘That’s What I Like’ နဲ့ ‘Versace On The Floor’ တို့ ပါဝင်သလို Rihanna ရဲ့ ‘Wild Thoughts’ ၊ The Killers ရဲ့ ‘Mr Brightside’ နဲ့ Camilla Cabello ရဲ့ ‘Bad Things’ နဲ့ ‘Sangria Wine’ တို့လည်း ပါဝင်ပါတယ်။

ဒီကိစ္စအတွက် အဆိုတော်အများစုကတော့ ဘာမှတ်ချက်မှ မပေးကြပေမယ့် Bruno Mars ကတော့ Twitter မှာ Ed Sheeran ကို စနောက်ပြီး Twitter မှာ တင်ခဲ့ပါသေးတယ်။
Dear Indonesia, I gave u the wholesome hits “Nothin On You,” “Just The Way You Are,” & “Treasure.” Don’t lump me in with that sexual deviant
— Bruno Mars (@BrunoMars) February 27, 2019
“I’m in love with the shape of you?” Really @edsheeran ? You monster! & don’t even get me started on “Thinking Out Loud.” Have u no shame?
— Bruno Mars (@BrunoMars) February 27, 2019
ဒီလို တားမြစ်ပိတ်ပင်မှုဟာ နယ်ခံတွေဆီကနေ ထောင်ချီတဲ့ သီချင်းတွေ Complaints တက်လာတဲ့အထဲကမှ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်ဂျာဗားဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးရိုးစွဲမှုအကြီးဆုံးစီရင်စုတွေထဲက တစ်ခုဖြစ်သလို လူဦးရေအများဆုံးစီရင်စုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ‘Shape of You’ လို သီချင်းတောင် ပိတ်ပင်ခံရတဲ့ အင်ဒိုရဲ့ တင်းကျပ်မှုကတော့ လက်ဖျားခါရမှာ ဖြစ်ပါတယ်။
Yoe Lu (Akhayar)
www.akhayar.com
Source : Business Insider