ပျော်တတ်ကြတဲ့ “Fun Band” ညီအစ်မနှစ်ဦးရဲ့ အနုပညာခရီး

ပျော်တတ်ကြတဲ့ “Fun Band” ညီအစ်မနှစ်ဦးရဲ့ အနုပညာခရီး

ဒီနေ့ကတော့ အင်တာဗျူးလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ အခုနောက်ပိုင်း မိန်းကလေးအဖွဲ့တွေ တဖြည်းဖြည်းရှားလာတဲ့အချိန်မှာ နားထောင်ခံစားစရာ မိန်းကလေးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ့အဖွဲ့ကတော့ “Fun Band” ပဲဖြစ်ပါတယ်။ သူတို့ရဲ့ လူငယ်ဆန်ပြီး မျောလွင့်ချင်စရာကောင်းတဲ့ ငယ်စဉ်က၊ ခိုင်းဖက်နဲ့ တက်ယောင်ကား စတဲ့သီချင်းတွေက လူငယ်တွေကြားမှာ ရေပန်းစားသွားပါတယ်။ လက်ရှိမှာလည်း ပူပူနွေးနွေး Music Show တွေ တင်ဆက်ပေးနေပြီး လူငယ်တွေ နှစ်သက်သဘောကျလေ့ရှိတဲ့ Music တွေကို ချပြနေတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အနုပညာခရီးလမ်းတစ်လျှောက်ကို နည်းနည်းလောက် လိုက်ကြည့်ကြရအောင်။

အခုလို “Fun Band” ဆိုတဲ့အဖွဲ့လေးကို ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
ရွှေ: ညီမကလည်း မြန်မာပြည်မှာက ရှိလိုက်၊ မရှိလိုက်နဲ့။ ကျောင်းတွေတက်လိုက်။ မြန်မာပြည်ပြန်လာတဲ့အချိန်ကျမှ နယ်မှာ သူနဲ့အတူတူ တစ်ခါပြန်ပြီး နေဖြစ်တယ်။ ညီမက Page လုပ်ပြီး ဓာတ်ပုံရိုက်ရတာတွေ၊ Video လုပ်ရတာတွေ၊ Editing တွေ သဘောကျတယ်။ အဲဒါနဲ့ ချလေ ဆိုပြီးတော့ အပျော်တင်ကြည့်ရင်းနဲ့မှ ဖြစ်သွားတာ။ အဲဒါနဲ့ အပျော်ဆိုတော့လည်း “Fun Band” ကွာဆိုပြီး အဲဒီလိုကနေ “Fun Band” ဖြစ်သွားတာ။

ခိုင်ပွင့်: ညီမ “Fun Band” မတိုင်ခင် ဂီတလောကမှာက နည်းနည်းတော့ ကြာနေပြီ။ သီချင်းဆိုပြိုင်ပွဲတွေလည်း ပြိုင်ဖူးတယ်။ အခွေတွေလည်း လုပ်တယ်။ အကုန်လုပ်တယ်။ ဒီလိုနဲ့ မလုပ်ဖြစ်တော့ဘူးဆိုပြီးတော့ နယ်ပြန်သွားခဲ့တယ်။

“ငယ်စဉ်က” သီချင်းလေးထဲမှာ ဖေဖေ ဖြစ်မယ်ထင်တယ်။ လိုက်တီးပေးထားတာတွေ့ရတယ်ဆိုတော့ မိသားစုကရော ဘယ်လိုကူညီပေးလဲ။
ရွှေ: ညီမတို့ကလေ အခုလုပ်ချင်ပြီဆို အခုရိုက်ပြီး အခုချက်ချင်းသွင်းတာ။ သွင်းပြီးသွားပြီဆိုရင်လည်း မစောင့်နေနိုင်ဘူး။ ချက်ချင်းကို တင်ချင်တာ။ အဲလိုနဲ့ အဲဒီသီချင်းမှာက Bass အသံလေးပါရင် ပိုမြိုင်မယ်ဆိုပြီး ဖေဖေ့ကို တီးခိုင်းလိုက်တာ။

ခိုင်ပွင့်: တကယ်တော့ Bass ဂစ်တာလည်း မရှိဘူး။ အဲဒီထဲမှာ ဖေဖေတီးနေတာက Bass ဂစ်တာမဟုတ်ဘူး။ ဟိုးအရင်တုန်းက ဝယ်ထားတဲ့ ဂစ်တာအဟောင်းကြီး။ Hollow အဟောင်းကြီးက အောက်ကြိုးနှစ်ချောင်း ပြတ်နေတာ။ အဲဒီလိုနဲ့ အပေါ်ကြိုးနဲ့ပဲ တီးဆိုပြီး အပေါ်ကြိုးနဲ့ပဲ တီးဖြစ်တာ။ အိမ်မှာရှိတာလေးတွေနဲ့ပဲ တီးလိုက်တာ။

“Fun Band” ရဲ့ သီချင်းတွေအားလုံးထဲမှာ ကိုယ်ကိုယ်တိုင်လည်း ကြိုက်တဲ့သီချင်းဆိုရင်ရော ဘယ်သီချင်းဖြစ်မလဲ။
ရွှေ: “လွှင့်”။ အဲဒီ့သီချင်းကိုတော့ တော်တော်ကြိုက်တယ်။ သူ နဂိုရှိပြီးသားသီချင်းလေးကို ပြန်မွမ်းမံထားတယ်ဆိုပေမယ့် တော်တော်လေးတော့ ပြောင်းသွားတယ်။

ခိုင်ပွင့်: “လွှင့်” ထဲကပုံစံက ညီမ အပြင်မှာ တကယ်သဘောကျတဲ့ Living Style ပဲ။ အဲဒီထဲက သီချင်းစာသားတွေလိုပဲ တအားနေချင်တယ်။ သဘာဝတရားတွေနဲ့ နေချင်တာဆိုတော့ အဲဒီ့သီချင်းထဲမှာ ကိုယ့်ရဲ့ Soul ကြီး ပါနေတာပေါ့။

အဆိုတော်ကြီးတွေထဲမှာ သဘောကျတဲ့အဆိုတော်ဆိုရင် ဘယ်သူတွေဖြစ်မလဲ။
ရွှေ: အဓိက ထူးအိမ်သင်ပေါ့။ နောက်ပြီး Queen တို့၊ ABBA တို့။ ဟိုးအရင်တုန်းက အဆိုတော်တွေ ကြာနေပြီဆိုပေမယ့် ကြိုက်တယ်။ အဲဒီ့ခေတ်က အရမ်းလွတ်လပ်ပေါ့ပါးတယ်လို့ ခံစားရတယ်။

ခိုင်ပွင့်: စိုင်းထီးဆိုင်၊ ထူးအိမ်သင်။ အရင်တုန်းက သီချင်းတွေကို ပိုကြိုက်တယ်။ ဂျင်းဘောင်းဘီတွေနဲ့ လူငယ်တွေနဲ့ အဲဒီ့ခေတ်ကို အရမ်းကြိုက်တယ်။ Beatles တွေလိုပေါ့။

“Fun Band” အနေနဲ့ အချိန်တိုလေးအတွင်းမှာ အခုလို ပရိသတ်အားပေးမှု အခိုင်အမာရလာတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ရွှေ: အရမ်းပီတိဖြစ်တာပေါ့။

ခိုင်ပွင့်: အဓိကလေ ကိုယ်ခံစားရတဲ့အရာလေးကို အတူတူမျှဝေခံစားကြည့်စေချင်တယ်။ တကယ်လည်း အဲဒီ့အတိုင်းပဲ တိုက်ရိုက်ရောက်သွားခဲ့တယ်။ Comment တွေမှာဆိုလည်း တိုက်ရိုက်ရောက်မှန်း သိရတယ်လေ။

ပထမဆုံး Public မှာ ဖျော်ဖြေတုန်းက ဘယ်လိုနေလဲ။
ရွှေ: ကိုယ့်ရဲ့သီချင်းတွေကို နားထောင်ဖို့ လာပြီး ငြိမ်သက်ပေးနေကြတာ။ အဲဒီ့ခံစားချက်ကြီးက ဘာနဲ့မှ မတူဘူး။ အဲဒီ့ခံစားချက်ကို စွဲချင်သလိုလိုတောင် ဖြစ်သွားလို့ ခိုင်ပွင့်က နေဦးဆိုပြီးလိုက်ထိန်းနေရတယ်။

ခိုင်ပွင့်: သူ့ကို လိုက်ထိန်းနေရတယ်။ သူက အရမ်းကြိုက်သွားပြီ အဲဒီ့ခံစားချက်ကို။ ကိုယ်ရေးထားတဲ့သီချင်းတွေက ကိုယ့်ရဲ့ ကလေးလေးတွေလိုပဲ။ အဲဒီ့ကလေးလေးတွေကို အကုန်လုံးက ဝိုင်းချစ်ပေးတယ်ဆိုတဲ့ ခံစားချက်မျိုးခံစားရတယ်။

ဒီကြားထဲ ဝေဖန်ခံရတာမျိုးတွေရော ရှိခဲ့သေးလား။
ရွှေ: များသောအားဖြင့်တော့ Positive တွေပဲ လာတယ်။ အဲဒီလိုကျတော့ ညီမက ဝမ်းသာရတာပေါ့။ ကိုယ်က နဂိုကတည်းကလည်း စိတ်ကနုတော့ Hate Comment တွေလာရင် ခံစားနိုင်မှာတော့ မဟုတ်ဘူး။ တကယ်တော့ ဒီဟာလုပ်ဖို့တောင်မှ အစတုန်းက နည်းနည်း တွေဝေမိသေးတယ်။ ကိုယ်တွေကို ရုပ်ဆိုးတယ်လို့ ပြောသေးတယ်။ ဒါပေမယ့်လည်း အဲဒါက အမှန်တွေဖြစ်နေတော့ မနာဘူး။

နောက်ပိုင်းရော သီချင်းခွေ ထုတ်ဖို့ စဉ်းစားထားလား။
ခိုင်ပွင့်: အချိန်လေးတစ်ခုတော့ စောင့်ကြည့်လိုက်ဦးမယ်။ အလျင်စလိုတော့ မလုပ်ချင်ဘူး။ ပေးရင်တော့လည်း ကောင်းကောင်းဖြစ်မှ ပေးချင်တယ်။

ပရိသတ်တွေကိုရော ဘာများထပ်ပြောချင်သေးလဲ။
ရွှေ: “လာဒီးဒီသီချင်း”ထဲက စာသားလိုပဲ “နှစ်ယောက်အတူသီချင်းများရေးမယ်။ နှလုံးသားပေးမယ်။ လှတဲ့အပြုံးတွေဆိုမယ်။” အဲဒီလိုပဲ။

ခိုင်ပွင့်: ပြုံးမပျော်သွားရင်တောင်မှ စိတ်ထဲမှာ သူတို့ ပေါက်ကွဲချင်တဲ့စကားတွေ၊ ညီမတို့လည်း ပေါက်ကွဲနေတာတွေ အတူတူပေါက်ကွဲကြတာပေါ့။ နောက်ပြီး ညီမတို့ တီးတာတွေ အဆင်မပြေသေးတာကိုလည်း သည်းခံပြီး နားထောင်ပေးကြတာတွေ ကျေးဇူးတင်ပါတယ်။

ကိုယ်ကတော့ တက်ယောင်ကား၊ Carpe Diem နဲ့ လခစားဆိုတဲ့သီချင်းကို အရမ်းကြိုက်နေပါတယ်နော်။ အခရာရဲ့ ပရိသတ်ကြီးတွေကလည်း “Fun Band” ရဲ့ ဘယ်သီချင်းတွေကိုကြိုက်လဲ ပြောပြပါဦးနော်။

Photo Credit: Fun Band

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle