အသက်ကြီးမှ အတတ်ပညာ တစ်ခုခုကို လေ့လာနိုင်လား

အသက်ကြီးမှ အတတ်ပညာ တစ်ခုခုကို လေ့လာနိုင်လား

လူတိုင်း အခွင့်အရေးကို တန်းတူမရကြပါဘူး။ ငယ်ငယ်ကကိုယ်သင်ယူခဲ့တဲ့ အတတ်ပညာတွေက ကိုယ့်ရဲ့မိဘတွေနဲ့ လုံးဝသက်ဆိုင်ပါတယ်။ မိဘတွေက ငယ်တုန်းမှာ အများကြီးသင်ယူဖို့ အခွင့်အရေးတွေကို ပေးခံခဲ့ရတဲ့သူတွေရှိသလို ငယ်ငယ်က ဘာကိုမှဖြစ်ဖြစ်မြောက်မြောက်သင်ခွင့်မပေးတဲ့မိဘတွေလည်းရှိတယ်။ ဒါကလည်းမိဘတွေရဲ့အမှားရယ်လို့တော့ပြောတာမဟုတ်ပါဘူး။ ဘယ်လိုနေနေပါ ငယ်ငယ်တုန်းက ကိုယ်သင်ချင်တာတွေ မသင်လိုက်ရတဲ့သူတွေအတွက် ကြီးလာမှသင်ဖို့အခွင့်အရေးက ရှိပါသေးတယ်။

ဒီတော့ဘယ်လိုသင်ကြမလဲ
ကောင်းတာတစ်ခုက ကိုယ်သင်ချင်တာပေါ်မူတည်ပြီးတော့ ရွေးချယ်ခွင့်တွေရှိတာပါ။ စန္ဒရားသင်မလား ၊ ဂစ်တာသင်မလား ၊ ပန်းချီဆွဲသင်မလား ၊ ဓာတ်ပုံရိုက်တဲ့နည်းတွေသင်မလား။ ကိုယ်ဝါသနာပါတာကို ရွေးချယ်လို့ရတယ်။ ပိုကောင်းတာက ငယ်ငယ်ကလို ကိုယ့်ကိုယ် ဒါမသင်နဲ့ဟိုဟာမသင်နဲ့ ၊ မကောင်းဘူးဆိုပြီး လာပြောမယ့်သူတွေ မရှိတော့တာပဲ။ အခုနောက်ပိုင်း လူငယ်တွေလည်း ၂၄ နာရီမအားမလပ်ဖြစ်ကြတာ နားလည်ပါတယ်။ ကိုယ်တိုင်လည်းလူငယ်တစ်ယောက်ဖြစ်ပြီး အလုပ်လည်းလုပ်နေလို့ အချိန်ကအရမ်းကိုရှားတာကို သိနေပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ရန်ကုန်မှာက သင်တန်းတွေအများကြီးရှိတယ်လေ။ ဒါ့အပြင် အဆင်ပြေအောင် ပိတ်ရက်တွေမှာဖွင့်ထားတဲ့ သင်တန်းတွေအများကြီးရှိတာကြောင့် ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်တွေမှာ သင်လို့ရတယ်လေ။ ဒီတော့ ကိုယ်အားတဲ့နေ့လေးတွေမှာ ကိုယ်သင်ချင်တာတွေကို သင်တန်းတွေစုံစမ်းပြီး လိုက်တက်ရင် ၊ ကိုယ့်ဟာကိုအင်တာနက်ကနေ လေ့လာတာတွေလုပ်ရင် ၊ အတတ်ပညာတစ်ခုခုကိုတော့ သင်ယူနိုင်မှာပါ။

ငယ်ငယ်ကလိုတော့ အချိန်တွေအများကြီးမရတော့ဘူးပေါ့။ စာရေးသူတို့ငယ်ငယ်က စန္ဒရားတို့ ၊ တယောတို့သွားသင်တယ်ဆိုရင် တစ်ပတ်မှာ ငါးရက်လုံးသင်ရတယ်။ အဲဒီလိုနေ့တိုင်းတီးနေမှလည်း လက်ရည်တက်တာကိုး။ ဒါပေမယ့် ဘယ်အရာမဆိုကြိုးစားရင်ဖြစ်ပါတယ်။ အခုအသက်ကြီးလာလို့အချိန်မရတော့လည်း ဘာဖြစ်လဲ။ တစ်ပတ် နှစ်ရက်လောက် သင်ယူထားတာတွေကို လေ့ကျင့်တာကလည်း လုံးဝမသင်ယူတာထက်စာရင်တော့ ပိုကောင်းတာပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်နေတာက အများကြီးသာပါတယ်။

ပြီးတော့ အသက်ကြီးမှသင်ယူရင် ရနိုင်တဲ့အားသာချက်တွေလည်းရှိပါသေးတယ်။ ငယ်တုန်းရွယ်တုန်း မှတ်နိုင်စွမ်းအားပိုကောင်းချိန်မှာ သင်ယူတာက မှတ်မိလွယ်တာကြောင့် လူတွေက ငယ်တုန်းမှာ ဖိပြီးသင်ကြတာများတယ်လေ။ ပြီးတော့မိဘတွေက သင်ခိုင်းတာတွေအကုန်လိုက်သင်ရင်း ဘာကိုမှထိထိမိမိ မသင်နိုင်ခဲ့တာတွေရှိတယ်။ ငယ်တုန်းမှာကိုယ်ဘာကို တကယ်ဝါသနာပါလဲဆိုတာလည်း သေချာမသိကြဘူး။ ကြီးလာမှသင်ရင်ကျတော့ ကိုယ်ဘာကိုသင်ချင်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကသိနေပြီ။ ပြီးတော့ ဘယ်ဆရာဆီမှာသင်ရင်ကောင်းမယ် ၊ ဘယ်သူကကောင်းကောင်းသင်နိုင်တယ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်သွားပြီ။ သူများညွှန်းတိုင်းသွားစရာမလိုတော့ဘူး။ ဒါကြောင့်ပိုပြီးအရည်အသွေးမြင့်တာကိုရွေးပြီးသင်နိုင်ပါတယ်။ ကြီးလာမှသင်တာက အချိန်နည်းနည်းပိုယူရတာပဲရှိတာပါ။ သင်တာကတော့သင်လို့ရပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ၊ မဖြစ်သေးတာပဲရှိတယ် ဆိုတဲ့စကားလည်းရှိသေးတာပဲလေ။ အရေးကြီးတာ စာရေးသူတို့မှာ သင်ချင်တဲ့စိတ်တွေ အရမ်းပြင်းထန်နေဖို့ပဲလိုတယ်။

ဒီတော့စာရေးသူပြောချင်တာက အသက်ကြီးမှ အတတ်ပညာတစ်ခုခုကို သင်ယူတာ ဖြစ်နိုင်ပါတယ်။ ခက်ခဲမယ် ၊ နည်းနည်းလေး ပိုအားထုတ်ရမယ် ၊ အချိန်လေးရှာကြံပြီးပေးရမယ်။ ဒါတွေအားလုံးလုပ်နိုင်ပြီဆိုရင် အသက်ဘယ်အရွယ်မဆို ဘယ်လိုအတတ်ပညာမျိုးကိုမဆို သင်ယူနိုင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ