Winter Soldier တစ်ယောက် Hero လုပ်ရတာပျင်းလာလို့ Villain လိုင်းပြောင်းတော့မယ်ထင်ပါတယ်ကွယ်

Winter Soldier တစ်ယောက် Hero လုပ်ရတာပျင်းလာလို့ Villain လိုင်းပြောင်းတော့မယ်ထင်ပါတယ်ကွယ်

အားလုံးပဲ Captain America ရုပ်ရှင်တွေတည်းက Captain ရဲ့အချစ်ဆုံးသူငယ်ချင်း Bucky ကို သိနေခဲ့ကြမှာပါ။ နောက်ပိုင်းမှာတော့ Hydra အကျိုးပေးလို့ Winter Soldier ဖြစ်သွားခဲ့တဲ့ Villain အဖြစ်မှ Hero ဘဝပြောင်းသွားတဲ့ မင်းသား Sebastian Stan က Marvel ပရိသတ်တွေရဲ့နှလုံးသားကို ပိုင်စိုးခဲ့သူပါပဲ။ ဒါပေမယ့် Marvel ပရိသတ်တွေအတွက် စိတ်မကောင်းစရာလို့ပြောရမလားမသိဘူး။ မင်းသားချောက လိုင်းပြောင်းချင်နေပါပြီတဲ့။

Sebastian ရဲ့ အတွင်းသိအရင်းသိတွေဆီကနေကြားထားတာက Sebatian တစ်ယောက် အခုအသစ်ထွက်မယ့် Robert Pattinson နဲ့ ရိုက်မယ့် The Batman Trilogy မှာ The Riddler အဖြစ် သရုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်တဲ့။ (Opps….What!) The Riddler ဆိုတာက DC Comics Universe ရဲ့ အရေးပါအရာရောက်တဲ့ Villain တစ်ယောက်ပါ။ Riddler မရှိရင် Penguin မရှိဘူး။ Penguin မရှိရင် Joker လည်း မရှိဘူး။ Joker မရှိရင် Batman လည်း ဆော်ပလော်တီးစရာ လူမရှိတော့ဘူးလေ။ ဒီလိုမျိုး The Riddler နေရာကနေ သရုပ်ဆောင်မယ်လို့ သတင်းတွေထွက်နေတာကြောင့် ပရိသတ်တွေကတောင် Sebatian ကို Riddler ရဲ့ဝတ်စုံနဲ့ ဖြတ်ညှပ်ကတ်ဓာတ်ပုံတွေလုပ်ပေးထားပါသေးတယ်။ ပြောမယ့်သာပြောတာနော် Sebatian က Riddler ရဲ့ Suit နဲ့ တော်တော်တော့လိုက်သား။ တကယ်လို့သာ Riddler နေရာမှာ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် Sebatian အနေနဲ့ Batman ကို စိတ်အနှောင့်အယှက်အသေပေးမယ့် မေးခွန်းများစွာနဲ့ ပဟေဠိလူသားအဖြစ် ကောင်းကောင်းသရုပ်ဆောင်နိုင်လောက်မယ်ထင်လား။

Edward Nygma (The Riddler) ဆိုတာက Gotham ရဲ့ Criminal Master Mind ပါ။ သူကနဂိုတည်းကိုက Riddle တွေ ၊ Puzzle တွေနဲ့ Word Games တွေကိုနှစ်သက်တယ်။ အရမ်းတော်လွန်းတဲ့သူတစ်ယောက် Villain ဖြစ်သွားရင် အနိုင်ယူဖို့ခက်တဲ့အတိုင်း The Riddler က Villain တွေထဲမှာတောင် အဆင့်အတန်းမြင့်ပြီး ဉာဏ်ပညာမြင့်မားလို့ အနိုင်ယူဖို့ခက်ခဲတဲ့ Villain ပေါ့။Sebastain ရဲ့ တည်ကြည်တဲ့ပုံစံအနေအထားနဲ့ဆိုရင် ဉာဏ်ကောင်းပြီးတော်တဲ့အပိုင်းကို သရုပ်ဖော်နိုင်လောက်ပေမယ့် Riddler ရဲ့ The Other Side ဖြစ်တဲ့ စပ်ဖြီးဖြီးနဲ့ သဲလွန်စတွေပေးပြီး လူတွေကိုဟားတိုက်တတ်တဲ့အပိုင်းကိုရော သရုပ်ဖော်နိုင်မှာလား။ ပိုအရေးကြီးတဲ့မေးခွန်းက Sebastian ကို The Riddler အဖြစ် သရုပ်ဆောင်စေချင်လားဆိုတာပါ။ ဘယ်လိုလဲ….ဖြေချင်လား။

Source: Cheat Sheet

Photo Credit: Screen Rant, Instazu

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle