အိမ်သာဘိုထိုင်ခုံထက် ပိုညစ်ပတ်တဲ့ သင့်အနီးအနားက အရာတွေ (၁)

အိမ်သာဘိုထိုင်ခုံထက် ပိုညစ်ပတ်တဲ့ သင့်အနီးအနားက အရာတွေ (၁)

အညစ်အကြေးတွေ စုပေါင်းစွန့်ထုတ်ရာနေရာဖြစ်တဲ့ အိမ်သာဘိုထိုင်ခုံကို အများစုက ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ အများဆုံးယူမယ်နေရာလို့ ထင်ကြပါလိမ့်မယ်။ တကယ့်လက်တွေ့မှာတေ့ အိမ်သာဘိုထိုင်ခုံက ဘက်တီးရီးယားတွေထက် ပိုများတဲ့အရာတွေက သင့်အနီးအနားမှာ ရှိနေပါတယ်။ ဘာတွေလဲဆိုတော့

ရီမုတ်ကွန်ထရိုး
အံ့သြသွားကြပြီလား။ ဟုတ်ပါတယ်။ Channel တွေ တစ်ခုပြီး တစ်ခုပြောင်းတဲ့ ကိရိယာမှာ ရောဂါပိုးတွေ အများကြီးကပ်တွယ်နေပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် ဒါက ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဆိုဖာပေါ်က ဖုန်တွေ၊ တံမြက်စည်းလှဲကျင်းရာက သွားကပ်နိုင်တဲ့ ဖုန်မှုန့်တွေက ရီမုတ်ခလုတ်ကြားမှာ စုဆောင်းနေနိုင်ပါတယ်။ ဒီတော့ ရီမုတ်က ညစ်ပတ်တယ်ဆိုတာ မဆန်းပါဘူးနော်။

ကွန်ပျူတာ Keyboard
နောက်တစ်ခုကတော့ ကွန်ပျူတာ Keyboard ပဲ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက သုတေသနလုပ်သူတွေဟာ လန်ဒန်ရုံးတွေမှာရှိတဲ့ Keyboard တွေကို လေ့လာကြည့်ခဲ့ပါတယ်။ တွေ့ရှိချက်အရကတော့ Keyboard မှာရှိတဲ့ ရောဂါပိုးဖြစ်စေနိုင်တဲ့ပမာဏက အိမ်သာဘိုထိုင်ခုံထက် ၅ ဆ ပိုများနေတာပါ။

ဘုံဘိုင်ခေါင်း
ဘုံဘိုင်ခေါင်းတွေ၊ ရေဖွင့်တံတွေကလည်း တစ်ခုအပါအဝင်ပါတယ်။ အိမ်သာနဲ့နီးတဲ့ အရာတွေဆိုတော့ ပိုဆိုးပါတယ်။ လေ့လာချက်တွေအရ ဒီလိုမျိုးရေဖွင့်တံတွေမှာရှိတဲ့ ရောဂါပိုးဟာ အိမ်သာထိုင်ခုံမှာရှိတဲ့ ရောဂါပိုးထက် ၂၁ ဆတောင် ပိုများတယ်လို့ ဆိုပါတယ်။ ဒီတော့ လက်လည်းဆေးရင်း ရေဖွင့်တဲ့ခလုတ်တွေပါ ဆေးပေးဖို့ မမေ့ပါနဲ့။ နှစ်ခုလုံး သန့်ရှင်းရေး လုပ်ပြီးရာ ကျတာပေါ့။

ကော်ဇော
ဘက်တီးရီးယားတွေက အရေပြားဆဲလ်အသေတွေကို ကြိုက်တယ်လို့ ပြောရမလားပါပဲ။ ကော်ဇောတွေရဲ့ အကွက်တစ်ကွက်တိုင်းစီမှာ ဘက်တီးရီးယား ၂သိန်းလောက် နေကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အိမ်သာဘိုထိုင်ခုံကထက် အဆ ၇၀၀ ကျော် များတဲ့ သဘောပါပဲ။

စဉ်းတီတုံး
အရီဇိုးနားတက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ စဉ်းတီတုံးမှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေက အိမ်သာထိုင်ခုံက ဘက်တီးရီးယားထက် ပျှမ်းမျှအားဖြင့် အဆ ၂၀၀ များတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အသားစိမ်းတွေ လှီးဖြတ်တဲ့အခါ အတွင်းအင်္ဂါပါ ပါတတ်တာမို့ ဒါတွေက ဘက်တီးရီးယားတွေ အကြိုက်ပေ့ါ။

တစ်ခုခုလုပ်ပြီးတိုင်း ဒီလိုအရာတွေကိုပါ စည်းစနစ်ကျကျ သေချာတိုက်ချွတ် ဆေးကြောပေးတာမျိုး လုပ်ပေးဖို့ မမေ့ပါနဲ့နော်။

အပိုင်း (၂) ကိုလည်း ဆက်လက်ဖော်ပြပေးသွားဦးမှာပါ။

NSC