ဧဝရတ်တောင်တက်ဖို့ခက်တာ အမြင့်ကြောင့်တင်မဟုတ်ဘဲ အကုန်အကျစရိတ်စကတွေကြောင့်လည်းပါပါတယ်

ဧဝရတ်တောင်တက်ဖို့ခက်တာ အမြင့်ကြောင့်တင်မဟုတ်ဘဲ အကုန်အကျစရိတ်စကတွေကြောင့်လည်းပါပါတယ်

ဧဝရတ်တောင်ဆိုတာ ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်တစ်လုံးပေါ့။ တောင်တက်သမားတော်တော်များများရဲ့ အိပ်မက်ကလည်း ဧဝရတ်တောင်ထိပ်ထိ တက်နိုင်ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ပါပဲ။ ဧဝရတ်တောင်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၉,ဝ၂၉ ပေ ရှတာကြောင့် တောင်ထိပ်ကိုရောက်ခါနီးလေး အောက်ဆီဂျင်လည်းပိုပြီး နည်းလာလေပေါ့။ ဒါကြောင့်မို့လို့ တောင်တက်ဖို့ကြိုးစားရင်း သေရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်နည်းတာရယ် ၊ နှင်းမုန်တိုင်းတွေဘာတွေနဲ့ ကြုံရတာရယ် ၊ မြင့်လွန်းတာရယ်တို့ကြောင့်တင် ဧဝရတ်တောင်ကို တက်ဖို့ခက်တာမဟုတ်ပါဘူး။ ဧဝရတ်တောင်ကိုတက်ချင်တယ်ဆိုရင် အနည်းဆုံးပိုက်ဆံချမ်းသာဖို့တော့လိုပါလိမ့်မယ်။

ဧဝရတ်တောင်ကိုတက်ဖို့အတွက်ဆိုရင် ပထမဆုံးတောင်တက်ဖို့ လေ့ကျင့်ရေးစလုပ်ရတဲ့အချိန် ၁၂ လ ကနေ ၁၈ လလောက်အထိ ကုန်ကျစရိတ်ကစပါပြီ။ ဘာလို့လဲဆိုတော့ သာမန်တောင်တက်ရင်တောင် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး စိတ်ဓာတ်လည်းကြံ့ခိုင်ဖို့လိုတယ်မလား။ ဒီတော့ဧဝရတ်တောင်လိုမျိုး တောင်တို့ရဲ့အရှင်သခင်ကို တက်မယ်ဆိုရင် ကိုယ်ရောစိတ်ရောပြင်ဆင်ထားမှ ဖြစ်မှာမို့လို့ပေါ့။ ဒီလိုလေ့ကျင့်ရေးတွေလုပ်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ ၈,ဝဝဝ ( ၈,ဝဝဝ x ၁၅၃၅ = ၁၂,၂၈ဝ,ဝဝဝဝ ကျပ်) လောက်ကုန်ပါတယ်။ လေ့ကျင့်ဖို့သင်တန်းတွေတက်တာနဲ့တင် သိန်းရာကျော်ကုန်နေပြီနော်။

ဒါတွေအပြင်တောင်တက်မယ်ဆိုရင် တောင်တက်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ၊ အဝတ်အစားတွေ ၊ ဆေးဝါးတွေဘာညာဝယ်ရတာတွေရှိပါသေးတယ်နော်။ တစ်ချို့သူတွေဆိုရင် ခရီးစဉ်တစ်လေ ျှာက်လိုအပ်သမ ျှ အစစအရာရာကို စီစဉ်ပေးဖို့ အေဂျင်စီတွေမှာ အလုပ်အပ်ကြတယ်။ အဲဒီ လိုအပ်တာတွေကို စီစဉ်ပေးဖို့ကိုပဲ ဒေါ်လာ ၆ဝ,ဝဝဝ နဲ့ ဒေါ်လာ ၆၅,ဝဝဝ လောက်ကုန်ပါတယ်လို့ The British Mountaineering Council က ပြောထားခဲ့တယ်။ ဒါတောင် တစ်ချို့သူတွေဆိုရင် တောင်ခြေကစခန်းမှာ ကျကျနန စားစရိတ် ၊ နေစရိတ်အငြိမ်း ဘာမှပူစရာမလိုဘဲ ဟယ်လီကော်ပတာတွေပါ ပြင်ဆင်ပေးတဲ့ “VVIP” ဝန်ဆောင်မှုတွေယူကြတယ်။ အဲဒီ VVIP ဝန်ဆောင်မှုတွေယူမယ်ဆိုရင် ဒေါ်လာ ၁၃ဝ,ဝဝဝ လောက်ကုန်တယ်တဲ့။ ဒီလိုဝန်ဆောင်မှုတွေမှာ နီပေါကိုအသွားအပြန်လေယာဉ်စရိတ်တို့ ၊ လိုအပ်တဲ့ Mountain Climbing Gear တွေ ဝယ်ဖို့အတွက်တွေ မပါပါဘူးနော်။ အဲဒီလို Gear တွေဖြစ်တဲ့ Sleeping Bags တို့ Boots တို့ Trekking Backpack တို့ ဘာတို့ဝယ်တာတွေက ဒေါ်လာ ၆,ဝဝဝ နဲ့ ဒေါ်လာ ၈,ဝဝဝ ကြားကုန်ပါတယ်တဲ့။ VVIP တွေမငှားဘဲနဲ့ဒေသတွင်းက ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်အပ်မယ်ဆိုရင်တော့ ပုံမှန်ဈေး ဒေါ်လာ ၆၅,ဝဝဝ လောက်နဲ့သွားနိုင်ပါတယ်တဲ့။

ဒီတော့ဧဝရတ်တောင် တစ်ခါတက်မယ်ဆိုရင် လေယာဉ်စရိတ် ၊ သင်တန်းကြေး ၊ ခရီးစဉ်တစ်လေ ျှာက်ကုန်ကျစရိတ် ၊ တောင်တက်ဖို့လိုအပ်တဲ့ပစ္စည်းတွေရဲ့စရိတ်တွေနဲ့တင် သိန်းရာချီထောင်ချီကုန်မှာပါလို့။ ဒါကြောင့်မြင့်လွန်းလို့ တော်ရုံလူမတက်နိုင်တာတွေ ဘာတွေအပထား ၊ သတ္တိရှိတာတွေ ၊ ဇွဲကောင်းတာတွေကိုဘေးခေါက် ၊ ဧဝရတ်တောင်တက်မယ်ဆိုရင် အရင်ဆုံးပိုက်ဆံစုမှရပါမယ်။ ကံကောင်းလွန်းတဲ့တောင်တက်သမားတွေသာ စပွန်ဆာတွေဘာတွေရလို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်တာပါ။ ဒါကြောင့်ဧဝရတ်တောင်တက်ဖို့ဆိုတာ ကုန်ကျစရိတ်ကလည်း အရမ်းစကားပြောလွန်းလို့ ခက်ခဲနေတာလို့ ပြောချင်ပါတယ်။ အရမ်အံ့သြသွားပြီလား။

Photo Credit: Explore Manaslu

Ref: www.economictimes.indiatimes.com

www.businessinsider.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle