သက်တော် (၈၅) နှစ်မှာ ကျန်းမာရေးကြောင့် နန်းစွန့်သွားတဲ့ ဂျပန်ဘုရင်ကြီး Akihito

သက်တော် (၈၅) နှစ်မှာ ကျန်းမာရေးကြောင့် နန်းစွန့်သွားတဲ့ ဂျပန်ဘုရင်ကြီး Akihito

ဂျပန်ဘုရင်ကြီး Akihito ဟာ ၂ဝ၁၉ခုနှစ် ဧပြီလ (၃ဝ) ရက်နေ့ ဒေသစံတော်ချိန် ညနေ (၅) နာရီမှာ နန်းစွန့်ခဲ့ပြီး သားတော် အိမ်ရှေ့ မင်းသား Naruhito က နန်းတက်မှာဖြစ်ပါတယ်။ ဂျပန်အင်ပါယာကြီးရဲ့ (၁၂၅) ဆက်မြောက် ဘုရင်မင်းမြတ် Akihito ဟာ ပြည်သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ပြက္ခဒိန်သစ်အတွက် ဆုတောင်းစကားဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဘုရင်မင်းဆက် ပြောင်းလဲတဲ့အခါ ရိုးရာပြက္ခဒိန်ပါ ပြောင်းလဲတဲ့ အစဉ်အလာရှိပြီး လက်ရှိအချိန်မှာတော့ Heisei ပြက္ခဒိန်ကနေ Reiwa ပြက္ခဒိန်ကို ပြောင်းလဲတော့မှာပါ။

၁၉၈၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာ နန်းတက်လာတဲ့ ဘုရင်မင်းမြတ် Akihito ဟာ နန်းသက် (၃ဝ) နှစ်အထိ စံမြန်းခဲ့ပြီး ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဘုရင်ကြီး Akihito ဟာ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် ၂ဝ၁၉ခုနှစ် ဧပြီလ (၃ဝ) ရက်နေ့မှာ နန်းစွန့်တော့မယ်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။ (၁၂၅) ဆက်မြောက် ဘုရင်ကြီး Akihito ဟာ ၁၉၅၉ ခုနှစ်မှာ Michiko Shoda နဲ့ ထိမ်းမြားခဲ့ပြီး Naruhito ၊ Fumihito နဲ့ Sayako Kuroda ဆိုတဲ့ သားသမီး (၃) ဦး ဖွားမြင်ခဲ့ပါတယ်။ ဒါ့ကြောင့် (၅၉) နှစ်ရှိပြီဖြစ်တဲ့ သားကြီးသြရသ Naruhito က နန်းတက်မယ့်သဘောပါ။

နန်းဆင်းပွဲအခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြည်သူတွေအတွက် မျှော်လင့်ချက်နဲ့ ရဲစွမ်းသတ္တိတွေ ဖြည့်တင်းပေးခဲ့တဲ့ ဘုရင်ကြီး Akihito ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ (၁၁၉) ဆက်မြောက် ဘုရင်မင်းမြတ် Morohito ဟာ ၁၈၁၇ခုနှစ်မှာ နန်းစွန့်ခဲ့တဲ့နောက်ပိုင်း ဘုရင်ကြီး Akihito ဟာ နှစ် (၂ဝဝ) အတွင်း ပထမဆုံး နန်းစွန့်တဲ့ဘုရင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရင်ကြီး Akihito ရဲ့ Heisei ပြက္ခဒိန်ဟာ ဧပြီလ (၃ဝ) ရက်နေ့ ညသန်းခေါင်မှာ အဆုံးသတ်မှာဖြစ်ပြီး မေလ (၁) ရက်နေ့မှာတော့ ဘုရင်သစ် Naruhito ရဲ့ Reiwa ပြက္ခဒိန်ဟာ မေလ (၁) ရက်နေ့မှာ စတင်တော့မှာပါ။

ဘုရင်သစ် Naruhito ဟာ Masako Owada နဲ့ ထိမ်းမြားခဲ့ပြီး ၂ဝဝ၁ခုနှစ်မှာ မင်းသမီး Aiko Toshi ကို ဖွားမြင်ခဲ့ပါတယ်။ ဂျပန်ထီးနန်းသမိုင်းမှာ ဘုရင်မ (၈) ဦးအထိ စိုးစံခဲ့ပေမယ့် လက်ရှိအချိန်မှာ အမျိုးသမီးကို နန်းလျာစာရင်းမှာ မထည့်သွင်းပါဘူး။ ဒါ့ကြောင့် ဘုရင်သစ် Naruhito အနေနဲ့ နတ်ရွာစံသွားတဲ့အခါ (ဒါမှမဟုတ် နန်းစွန့်သွားတဲ့အခါ) သမီးတော် Aiko Toshi ဟာ ထီနန်းစိုးစံရမှာ မဟုတ်ဘဲ ညီတော် Fumihito ကပဲ နန်းတက်သွားမှာပါ။

Reference and Photo Credit – The Washington Post ၊ Wikipedia ၊ People

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle