မုတ်ဆိတ်ရိတ်လိုက်တဲ့ Jason Momoa ကြောင့် အံ့သြနေတဲ့ ပရိသတ်များ

မုတ်ဆိတ်ရိတ်လိုက်တဲ့ Jason Momoa ကြောင့် အံ့သြနေတဲ့ ပရိသတ်များ

မင်းသားတစ်ယောက် မုတ်ဆိတ်ရိတ်တာ ဘာဆန်းလို့လဲဆိုရင်တော့ ဒါက Jason Momoa ဖြစ်နေလို့ပါပဲ။

‘Game of Thrones’ နဲ့ ‘Aquaman’ တို့ရဲ့ မင်းသား၊ ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ လူကောင်ထွားထွား၊ အပြုံးချိုချိုနဲ့ မင်းသား သူနဲ့ တသားတည်းလို ဖြစ်နေတဲ့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးတွေကို ရိတ်ပစ်လိုက်ပါပြီ။

မင်းသမီး Lisa Bonet ရဲ့ ယောကျ်ား Jason Momoa ဟာ သူဒီလို မုတ်ဆိတ်ရိတ်တဲ့ အကြောင်းကိုလည်း YouTube မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ “Goodbye DROGO, AQUAMAN, DECLAN, BABA! I’m shaving this beast off, it’s time to make a change,” ဆိုပြီး သူ့ရဲ့ Video မှာ တင်ထားခဲ့သလို ဒီလို ရိတ်ခဲ့တာဟာ Canned Water အသစ်ထွက်တဲ့နေရာမှာလည်း ကြော်ငြာအဖြစ် အာရုံစိုက်မှုကို ရချင်လို့ လုပ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီ Canned Water ဟာ Recycle လုပ်လို့ရတဲ့ Aluminium နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။

Momoa ရဲ့ ဒီလို မုတ်ဆိတ်ရိတ်ပြတဲ့ Video ဟာ တကယ်လည်း ပေါက်ခဲ့ပြီး လက်ရှိ YouTube မှာ Trending 30 အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ Momoa ကို အခုနောက်ပိုင်း အမြဲလို မုတ်ဆိတ်နဲ့ မြင်နေရာကနေ အခုလို မျက်နှာကြီး ရှင်းလင်းပြီးတွေ့လိုက်ရတော့ ပြောင်ချော်ချော် တစ်မျိုးကြီး ဖြစ်နေပါတယ်။ တချို့ပရိသတ်တွေအတွက်တော့ Momoa ရဲ့ ဒီပုံစံက တစ်မျိုးမိုက်နေမှာပါ။

အခရာပရိသတ်ကြီးအနေနဲ့ရော Momoa ရဲ့ ဒီအသွင်အပြင်ကို ဘယ်လိုခံစားရပါသလဲ၊ ကျွန်တော့်လိုမျိုးပြောင်ခောျ်ချော်ဖြစ်တယ် ထင်လား၊ ဒါမှမဟုတ် သူပိုနုသွားတယ်လို့ ထင်ပါသလား။

Yoe Lu (Akhayar)

www.akhayar.com

Source: CNN.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle