အသက်(၃၀)ကွာတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ ရှိနေတယ်ဆိုပြီး သတင်းထွက်နေတဲ့Johnny Depp

အသက်(၃၀)ကွာတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ ရှိနေတယ်ဆိုပြီး သတင်းထွက်နေတဲ့Johnny Depp

၂၀၁၇ ခုနှစ်က ကွာရှင်းခဲ့တဲ့ မင်းသားကြီး Johnny Depp ဟာ နောက်ထပ် အိမ်ထောင်ပြုဖို့ ထပ်မံ စီစဉ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ရှိနေပါတယ်။ သူဟာ လက်ရှိတွဲနေတဲ့ သူရဲ့ချစ်သူ ရုရှား Dancer မလေး Polina Glen နဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ အတွင်းသိတွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

Polina Glen

မင်းသမီး Amber Head နဲ့ ကွာရှင်းပြီးနောက် နှစ်အနည်းငယ်အကြာမှာ အချစ်သစ်နဲ့တွေ့ခဲ့ပြီး ဆွတ်ပျံကြည်နူးစရာ အချစ်ရေးကို ရရှိပိုင်ဆိုင်ခဲ့တဲ့အတွက် လက်ထပ်ဖို့အထိ စီစဉ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Polina Glen
သူတို့သူငယ်ချင်းတွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ LA ရဲ့ ပါတီပွဲတစ်ခုကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့တာဖြစ်ပါတယ်။ ကကွက်စီစဉ်ဖန်တီး လေ့ကျင့်သင်ကြားပေးသူ Dancer မလေး Polina နဲ့ Johnny တို့ဟာ လွန်ခဲ့တဲ့နှစ် LA မှာ ကျင်းပတဲ့ ပါတီပွဲတစ်ခုမှာ ပထမဦးဆုံး စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက “Polina” ဟာ ပါတီမှာ ကဲလိုကောင်းနေတုန်း သူမကို ဘယ်သူလာမိတ်ဆက်တယ်ဆိုတာ သေချာမသိခဲ့ပါဘူး။ သတင်းအရင်းအမြစ်တစ်ခုရဲ့ ပြောကြားချက်အရဆိုရင် သူမကို လာမိတ်ဆက်တဲ့သူဟာ Johnny ဖြစ်မှန်းမသိခဲ့တဲ့အပြင် နာမည်ကြီးမင်းသားတစ်လက်ဖြစ်နေမှန်းတောင် သူမဟာ တကယ်မသိခဲ့ပါဘူးတဲ့ ။

Polina Glen
သူမအသက် ၂၀ အရွယ်မှာ Johnny ဟာ ဒိတ်ကြရအောင်ဆိုပြီး စတင်ပြောခဲ့တာဖြစ်ပါတယ်။ Johnny ဟာ သူရဲ့ ” The Hollywood Vampires” Band ဖြေဖျော်ဖို့အတွက် ရုရှားရဲ့ မြို့တော် Moscow ကိုသွားတုန်းကလည်း သူမကို အတူခေါ်ဆောင်သွားခဲ့ပြီး Moscow ရဲ့ လမ်းမထက်မှာ သူတို့နှစ်ဦး အတူတကွ လမ်းလျှောက်နေတာကို လျှပ်တပြက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ သိရှိရပါတယ်။ Johnny ဟာ သူထက်အသက် (၃၀) လောက်နီးပါးငယ်တဲ့ သူမနဲ့တွေ့မှ မခွဲနိုင်မခွာရက် သည်းသည်းလှုပ်ချစ်လာပြီး လက်ထပ်ခွင့်တောင်းဖို့အထိ အစီအစဉ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Johnny Deep

Polina ရဲ့ပြောကြားချက်အရဆို Johnny ဟာ လက်ထပ်နိုင်ဖို့အတွက် သူမမိဘတွေနဲ့တွေ့ဆုံဖို့ Russia အထိ သွားဖို့ စိတ်အားထက်သန်နေကြောင်းသိရပါတယ်။ သတင်းတွေအရဆိုရင် Johnny ရဲ့ Lavish LA အိမ်ကြီးမှာ သူတို့နှစ်ဦးဟာ အတူတကွနေထိုင်နေကြပြီး သိပ်မကြာခင်မှာ လက်ထပ်နိုင်ဖို့ အစီစဉ်တွေ ဆွဲနေကြပါတယ်။ သေချာတာကတော့ သူတို့နှစ်ဦးလက်ထပ်ဖြစ်ရင် Johnny Depp ဟာ အသက်(၅၅) နှစ်ရှိနေပြီး သူမကတော့ အသက်( ၂၅) နှစ်ပဲရှိသေးလို့ ဦးနဲ့သမီးစုံတွဲအဖြစ် သမိုင်းတွင်သွားဦးမှာ ဖြစ်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle