ဘဝမှာ တစ်ခါလောက်တော့လုပ်ဖူးသင့်တဲ့ သွေးလှူခြင်း အနုပညာ

ဘဝမှာ တစ်ခါလောက်တော့လုပ်ဖူးသင့်တဲ့ သွေးလှူခြင်း အနုပညာ

” သွေးသည်အသက် အသက်သည်သွေး”ဆိုတဲ့ ဆောင်ပုဒ်ရှိတဲ့အတိုင်း လူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် သွေးဟာ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်လို အရာတစ်ခုပါ။ဒီလို အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှာရော၊ မြန်မာနိုင်ငံမှာပါ သွေးလှူဘဏ်တွေထားရှိပြီး သွေးကို အလှူခံကာ စုဆောင်းထားကြပါတယ်။ အဲဒီလို စုဆောင်းထားတဲ့အတွက်ကြောင့်လည်း မတော်တဆ ကားအက်ဆီးဒန့်တွေဖြစ်တဲ့အခါ၊ နာမကျန်းဖြစ်လို့ ခွဲစိတ်မှုတွေ လုပ်ရတဲ့အခါ သွေးတွေကို သွေးလှူဘဏ်ကေနေ သွေးအမျိုးအစားအလိုက် ပြန်ထုတ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုတွေ၊ ကုသမှုတွေ ရှေ့ဆက်ပြုလုပ်နိုင်ကာ လူသားတွေရဲ့ အသက်တွေကို ကယ်တင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှားပါးသွေးအမျိုးအစားတွေဆိုရင်တော့ အဲဒီသွေးတွေကို ရှာပြီး အလှူခံရတာမျိုးတွေလည်း ရှိပါသေးတယ်။ သွေးလှူဒါန်းမှုကို လူပေါင်းအမြောက်အမြား ပါဝင်လုပ်ဆောင်နေပေမယ့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သွေးမလုံလောက်တဲ့ ပြဿနာတွေ၊ သွေးလိုအပ်မှုတွေကတော့ မြင့်တက်နေဆဲပါပဲ။

သွေးလှူဒါန်းမှုနဲ့ ပတ်သက်ပြီး နှစ်စဉ်နှစ်တိုင်း ဇွန်လ (၁၄) ရက်နေ့ကို World Blood Donor Day အဖြစ်သတ်မှတ်ပြီး ကမ္ဘာစ်ဝှမ်းလုံးကို လူတွေ ပါဝင်ဆင်နွဲလေ့ရှိကြပါတယ်။ ABO သွေးအုပ်စုစနစ်အား စတင်ရှာဖွေတွေ့ရှိခဲ့တဲ့ နိုဗယ်ဆုရှင် Karl Landsteiner ရဲ့ မွေးနေ့ ဇွန်လ (၁၄) ရက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ကို World Blood Donor Day အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။


နိုင်ငံတကာမှာ World Blood Donor Day ရဲ့အထိမ်းအမှတ်အနေနဲ့ မတူညီတဲ့ ပွဲတွေကျင်းပပြီး အဲဒီကျင်းပတဲ့ပွဲတွေကို လူတွေပိုသတိထားမိလာပြီး ပါဝင်ဆင်နွဲနိုင်အောင် မတူညီတဲ့ Campaign ခေါင်းစဉ်တွေနဲ့ ဆွဲဆောင်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီနှစ် Campaign ရဲ့ ခေါင်းစဉ်ကတော့ ”Safe Blood For All” ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ကိုယ်လှူဒါန်းလိုက်တဲ့သွေးနဲ့ တခြားသူတွေ အသက်ဆက်ရှင်နိုင်တာမျိုး ဖြစ်စေဖို့ World Blood Donor Day ကနေစပြီး အခါအခွင့်သင့်တိုင်း သွေးလှူဒါန်းပြီး ကုသိုလ်ယူတဲ့ အကျင့်ကို ပြုလုပ်ကြည့်ကြရအောင်နော်။ ဒါလေးကို ဖတ်ပြီး ကုသိုလ်ယူချင်လို့ သွေးလှူဒါန်းချင်ပေမယ့် သွေးလှူလို့ရမယ့် နေရာတွေ မသိလို့ မလှူလိုက်ရတာမျိုး မဖြစ်စေရအောင် ရန်ကုန်မြို့မှာ အဓိက သွေးလှူလို့ရမယ့် နေရာကြီးသုံးနေရာကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)National Blood Center ( အမျိုးသားသွေးဌာန)
ပြောရမယ်ဆိုရင်တော့ အရေးပေါ်ခွဲစိတ်မှု လုပ်ဖို့အတွက် လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ နာတာရှည်လူမမာများရဲ့ အသက်ကို ကယ်တင်ဖို့အတွက်ပဲဖြစ်ဖြစ် သွေးကို အမြန်ဆုံးရှာချင်တယ်ဆိုရင် National Blood Center မှာ သွားရောက်ရှာဖွေလို့ ရပါတယ်။ ကိုယ်သွေးနဲ့ အသက်ကယ်လိုက်နိုင်တာမျိုးဖြစ်ချင်လို့ သွေးလှူဒါန်းချင်တဲ့သူတွေ အနေနဲ့လည်း National Blood Center ( အမျိုးသားသွေးဌာန) မှာ သွားရောက် လှူဒါန်းလို့ရပါတယ်။ National Blood Center ( အမျိုးသားသွေးဌာန) ရဲ့ လိပ်စာကတော့ နံပါတ် ၉၇ ၊ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ ရှိပါတယ်။ စနေနဲ့ တနင်္ဂနွေက ပိတ်တတ်တဲ့အတွက် သွေးလှူဒါန်းမယ့်သူတွေအနေနဲ့တော့ အဲ့နှစ်ရက်ကို ရှောင်ပြီးသွားဖို့ အကြံပးချင်ပါတယ်။

(၂) Halpin Child General Hospital
နောက်ထပ်သွေးသွားလှူလို့ရတဲ့ နေရာလေးတစ်ခုကတော့ Halpin Child General Hospital ပဲ ဖြစ်ပါတယ်။ အမျိုးသားသွေးလှူဘဏ်နဲ့ ဝေးလို့ပဲဖြစ်ဖြစ်၊ အဲ့ဘက်ကို သွားဖို့ အခက်အခဲရှိတယ်ဆိုရင် Halpin Child General Hospital မှာ သွားလှူပြီး ကုသိုလ်ယူလို့ရပါတယ်။ ဆေးရုံဖြစ်တဲ့အတွက် သွေးဖောက်ပေးမယ့်သူတွေကလည်း ကျွမ်းကျင်တဲ့ သူနာပြုတွေ ဖြစ်လို့ သွားလှူမယ့်ဆို အဲ့နေရာကို စိတ်ချလက်ချ ရွေးချယ်လို့ရပါတယ်။ အဲ့ဆေးရုံမှာတက်နေတဲ့ ကလေးလေးတွေကလည်း သွေးအမြဲလိုအပ်လေ့ရှိတဲ့အတွက် ကိုယ်လှူလိုက်တဲ့ သွေးကို ချက်ချင်းတန်းသုံးတာမျိုးတွေ ရှိတတ်တော့ ကုသိုလ်ပိုရသွားတယ်ဆိုပြီး ခံစားရစေမယ်လု့ိ ထင်ပါတယ်။ Halpin Child General Hospital မှာ သွေးသွားလှူချင်တဲ့သူတွေအတွက် လိပ်စာကတော့ အမှတ်(၂) ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်ပဲ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေဆိုရင် သွေးထုတ်ပေးမယ့် တာဝန်ခံဆရာဝန်တွေ မရှိတတ်တဲ့အတွက် ဒီမှာ သွားလှူမယ်ဆိုရင်လည်း စနေ၊ တနင်္ဂနွေကို ရှောင်စေချင်ပါတယ်။

(၃) ရွှေတိဂုံဘုရား
နောက်ထပ်သွေးလှူဒါန်းလို့ရတဲ့ နေရာတစ်ခုကတော့ မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာနေရာ ရွှေတိဂုံဘုရားမှာပဲ ဖြစ်ပါတယ်။ အေးချမ်းအောင် ဘုရားရိပ် တရားရိပ်ကို သွားခိုရင်းနဲ့ ဘုရားဖူးကာ သွေးလှူဒါန်းမှုကိုပါ လုပ်နိုင်တယ်ဆိုတော့ ကုသိုလ်တွေ အများကြီးပိုရတာပေါ့နော်။ ရွှေတိဂုံဘုရားရောက်လို့ တစ်ခါထဲ သွေးလှူသွားချင်တယ်ဆိုရင်တော့ ဘုရားရဲ့ အနောက်ဘက်စောင်းတန်းထိပ် ကြာသပတေးထောင့်မှာ နေ့စဉ် ညနေ (၄) နာရီမှ ည(၇) နာရီအထိ သွားရောက်လှူဒါန်းလို့ ရပါတယ်။


သွေးလှူလို့ရတဲ့ နေရာတွေကတော့ အခုဖော်ပြပေးထားတဲ့ နေရာသုံးနေရာအပြင် တခြားလှူဒါန်းလို့ရတဲ့ နေရာလေးတွေနဲ့ အဖွဲ့အစည်းလေးတွေလည်း အများကြီး ရှိကောင်းရှိနိုင်ပါတယ်နော်။ အခရာကတော့ အဓိက လှူလို့ရတဲ့ နေရာကြီး (၃) နေရာကိုသာ ရွေးချယ်ဖော်ပြထားတာဖြစ်လို့ မှားယွင်းပြီး ကျန်ရှိသွားတာတွေ ရှိရင်လည်း စာရေးသူရဲ့ ပေါ့လျော့မှုလို့သာ သတ်မှတ်ပြီး ခွင့်လွှတ်ပေးကြပါနော်။ သွေးလှူဒါန်းမှု ပါဝင်လုပ်ဆောင်ပြီး လူတွေရဲ့ အသက်ကို တစ်ထောင့် တစ်နေရာကနေ ကယ်တင်နိုင်တဲ့သူအဖြစ် ပီတိကိုစားပြီး ဘဝကြီးမှာ ရှင်သန်ကြည့်လိုက်ကြရောအာင်နော်။

Reference and Photo Credit: National Blood Center အမျိုးသားသွေးဌာန, Paycare, Facebook,

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle