Karl Lagerfeld ဆီက ဒေါ်လာ (၂ဝဝ) သန်း အမွေရဖွယ်ရှိတဲ့ ကြောင်မလေး Choupette

Karl Lagerfeld ဆီက ဒေါ်လာ (၂ဝဝ) သန်း အမွေရဖွယ်ရှိတဲ့ ကြောင်မလေး Choupette

(၈၅) နှစ်ရှိပြီဖြစ်တဲ့ ဖက်ရှင်ဂုရုကြီး Karl Lagerfeld ဟာ ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၂ဝဝ သန်း (ပေါင် ၁၅၃ သန်း) ရှိတယ်လို့ သိရပါတယ်။ ကွယ်လွန်သွားတဲ့အခါ ကြောင်မလေး Choupette ကို အမွေခွဲပေးမယ်လို့ သူကိုယ်တိုင်လည်း ဖွင့်ဟဖူးလို့ ကျန်ရစ်နေတဲ့ ဥစ္စာဓနတွေကို အချစ်တော်ကြောင်မလေးကပဲ ဆက်ခံဖွယ်ရှိတယ်လို့ ဆိုကြပြန်ပါတယ်။

Karl Lagerfeld ဟာ ၂ဝ၁၁ခုနှစ်မှာ ပြင်သစ်မော်ဒယ် Baptiste Giabiconi ဆီကနေ ကြောင်မလေး Choupette ကို လက်ဆောင်ရခဲ့တာပါ။ လက်ရှိအချိန်မှာ (၇) နှစ်ရှိလာပြီဖြစ်ပြီး ဖက်ရှင်ဂုရုကြီး Karl Lagerfeld ရဲ့ အသည်းကျော်ပါ။ သူကိုယ်တိုင်က လူနဲ့တိရစ္ဆာန် ပေါင်းဖက်လို့ရမယ်ဆိုရင် ကြောင်မလေး Choupette နဲ့ လက်ထပ်ချင်တယ်လို့ ဖွင့်ဟဖူးသူပါ။ ကြောင်မလေးကို စောင့်ရှောက်ဖို့ ကိုယ်ရံတော်၊ စားဖိုမှူးနဲ့ သန့်ရှင်းရေး (၂) ဦးကိုတောင် ခန့်ထားပါတယ်။ ကြောင်မလေးဟာ မနက် (၆) နာရီ (၃ဝ) မိနစ်မှာ အိပ်ယာထတယ်၊ သန့်ရှင်းရေးတွေက အမွေးရှင်းပေးရတယ်။ Ocryl နဲ့ မျက်စဉ်းခပ်ပေးရတယ်။ ကြောင်မလေးအတွက် ယောဂတောင် လေ့ကျင့်ပေးရတယ်လို့ သိရပါတယ်။

တကယ်လို့ Karl Lagerfeld မကွယ်လွန်ခင်က စာချုပ်စာတမ်း ဒါမှမဟုတ် သေတမ်းစာနဲ့ ပိုင်ဆိုင်မှုတွေကို ကြောင်မလေး Choupette ဆီမှာ လွှဲပေးမယ်ဆိုရင် ဂျာမဏီဥပဒေအရ တရားဝင်ဖြစ်တယ်လို့ ပြင်သစ်သတင်းစာ Le Figaro က ဆိုထားပါတယ်။ ဖက်ရှင်ဂုရုကြီး Karl Lagerfeld ကွယ်လွန်သွားပြီဆိုတော့ ကြောင်မလေး Choupette ဟာ သခင်မဲ့သွားပေမယ့် မျက်နှာငယ်စရာတော့ မဟုတ်ပါဘူး။ သူမဟာ သန်းကြွယ်ကြောင်မလေးပါ။ ဂျာမဏီကားထုတ်ကုန်နဲ့ ဂျပန်အလှကုန်ကြော်ငြာတွေအတွက် ဒေါ်လာ ၃ သန်း (ပေါင် ၂.၆ သန်း) ရရှိခဲ့သူပါ။ Twitter နဲ့ Instagram တို့လို လူမှုကွန်ရက်တွေမှာလည်း ပရိသတ် (၂) သိန်းကျော်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ကဲ . . . ဒေါ်လာ (၂ဝဝ) သန်း အမွေရခဲ့ရင်တောင် Choupette ဟာ ကမ္ဘာ့အချမ်းသာဆုံးကြောင်မလေးဖြစ်လာဖွယ်ရှိပါတယ်။

Reference and Photo Credit –The Guardian

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle