ဖက်ရှင်ဂုရုကြီး Karl Lagerfeld ကြီးအကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်

ဖက်ရှင်ဂုရုကြီး Karl Lagerfeld ကြီးအကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်

Karl Otto Lagerfeld ဆိုတဲ့ Chanel ရဲ့ Creative Director ကြီး Karl Lagerfeld တစ်ယောက်ကတော့ဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနေ့က ဆုံးပါးကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် သူကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပါတယ်။

သူဟာ အီတလီသားမွှေးနဲ့ လယ်သာပစ္စည်းတွေရဲ့ နာမည်ကျော်အမှတ်တံဆိပ် Fendi ရဲ့ Creative Director လည်း ဖြစ်ပြီး ဖက်ရှင်နဲ့ ပက်သက်တဲ့ Project တွေနဲ့ အနုပညာနဲ့ ဆိုင်တဲ့ Project အများကြီးကိုလည်း ဖန်တီးပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူကွယ်လွန်သွားခဲ့တဲ့အတွက် ဖက်ရှင်လောကရဲ့ နာမည်ကြီး Icon တစ်ခု ဆုံးရှုံးသွားသလို ခံစားရပါတယ်။

သူ့အကြောင်း သိတဲ့သူတွေ ရှိကြပေမယ့် တချို့မသိသေးတဲ့အချက်တွေကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ဖော်ပြပေးလိုက်ပါရစေ။

ဂုရုကြီး Karl Lagerfeld မှာ iPod ချည်းပဲ အလုံး ၇၀ ကျော်ရှိပါတယ်တဲ့။ တစ်လုံးစီမှာ မတူတဲ့ သီချင်းအမျိုးအစားစုစည်းမှုတွေနဲ့ Setting တွေလည်း တစ်မျိုးစီ ချိန်ထားတယ်ဆိုပဲ။

Karl Lagerfeld ဟာ ကုတ်အင်္ကျီဒီဇိုင်းတစ်ခု ပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အသက် ၁၇ နှစ်အရွယ်တည်းက Pierre Balmain ရဲ့ Assistant အနေနဲ့ စတင်အလုပ်ဝင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အချစ်တော် ကြောင်မလေး Choupette မှာ အိမ်အကူလူနှစ်ယောက်၊ Bodyguard တစ်ယောက်နဲ့ သူ့အကြောင်း ဖော်ပြထားတဲ့ Wikipedia စာမျက်နှာနဲ့ Follower တစ်သိန်းရှစ်သာင်းကျော်ရှိတဲ့ Instagram Account တစ်ခုလည်း ရှိနေပါတယ်။ ဒါ့အပြင် ကြောင်လေးရဲ့ မျိုးရိုးနာမည်ကိုလည်း Choupette Lagerfeld လို့ ခံယူထားတာ ဖြစ်ပါတယ်။

Karl Lagerfeld ဟာ Chanel အမှတ်တံဆိပ်အတွက် နှစ်ပေါင်း ၃၆ နှစ်လောက် အလုပ်လုပ်ပေးခဲ့ပြီး Fendi ၊ Chloe’ နဲ့ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေအတွက်လည်း အများကြီး ဖန်တီးခဲ့ပါတယ်။
Karl Otto Lagerfeld ဆိုတဲ့ နာမည်နဲ့ မွေးဖွားခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းတွေအတွက် Karl Lagerfeld ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့သူ ဖြစ်ပါတယ်။
Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle