Game of Thrones ပြီးသွားတာနဲ့ ဆေးရုံပါရောက်သွားတဲ့ Jon Snow (Kit Harington)

Game of Thrones ပြီးသွားတာနဲ့ ဆေးရုံပါရောက်သွားတဲ့ Jon Snow (Kit Harington)

Game of Thrones က ဒီနှစ်တွေထဲမှာ လူကြည့်အများဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပါတယ်။ Season 7 အထိပရိသတ်တွေရင်ကို အကြီးအကျယ်ရိုက်ခတ်ခဲ့ပေမယ့် Season 8 မှာတော့ ပရိသတ်တော်တော်များများရဲ့ မေ ျှာ်လင့်ချက်တွေကိုရိုက်ချိုးခဲ့တယ်လို့လည်း ပြောလို့ရသလို တချို့ပရိသတ်တွေကလည်း သဘောကျကြပါတယ်တဲ့။ ဘယ်လိုနေနေ Season 8 ရဲ့အရှိန်က ပရိသတ်တွေကိုပဲ သက်ရောက်တာမဟုတ်ပါဘူး။ Season 8 က ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေကိုလည်း စိတ်ပိုင်းဆိုင်ရာမှာ သက်ရောက်ခဲ့ပါတယ်။

HBO ကနေပြီးတော့ Game of Thrones: The Last Watch ကို ထုတ်လွှင့်ခဲ့တဲ့အချိန်မှာ Scrpit ဖတ်ပြီးတော့ Jon Snow တစ်ယောက် Emotional ဖြစ်သွားတဲ့ Screenshots တွေတက်လာခဲ့တယ်။ Game of Thrones ရဲ့ နောက်ဆုံးအပိုင်းက Jon Snow ကို တော်တော်လေး စိတ်ထိခိုက်စေခဲ့တယ်ထင်ပါတယ်။ Page Six မှာပြောထားတဲ့အတိုင်းဆိုရင် Jon Snow နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Kit Harington က Rehab Facility မှာ စိတ်ဖိစီးမှုတွေ ၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အရက်သောက်တာတွေကို ဖြေရှင်းဖို့အတွက် ကုသမှုခံယူနေတာ တစ်လလောက်တောင်ရှိနေပါပြီတဲ့။ Kit Harington က ဒီဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့တစ်လေ ျှာက်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ သူ့ရဲ့စိတ်ကျန်းမာရေးက Jon Snow ဇာတ်ကောင်အသတ်ခံခဲ့ရတဲ့ Season 5 မှာ တော်တော်အခြေအနေဆိုးသွားခဲ့ပါသေးတယ်။

Kit Harington က သူ့ရဲ့ဇာတ်ကောင်သေသွားတဲ့အချိန်မှာ Variety ကိုဘာပြောခဲ့လဲဆိုတော့ “အဲဒီအချိန်မှာ ကျွန်တော်စိတ်ကျန်းမာရေးဆရာဝန်နဲ့စပြီး ဆွေးနွေးတိုင်ပင်ဖြစ်ပြီး လူတွေနဲ့လည်းလိုက်ပြီးစကားပြောဖြစ်ခဲ့တယ်။ ကျွန်တော်စိတ်မလုံမခြုံအရမ်းဖြစ်ပြီးတော့ လူတွေနဲ့စကားမပြောခဲ့ဘူးလေ။ ကျွန်တော်ရရှိထားတာတွေအတွက် ကျေးဇူးတင်နေရမယ်ဆိုပေမယ့် ကျွန်တော်သရုပ်ဆောင်နိုင်ပါဦးမလားလို့တောင် တွေးပူနေခဲ့ရတယ်” လို့ပြောခဲ့ပါတယ်။ အဲဒီအချိန်ကိုသူ့ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်လို့လည်းပြောခဲ့ပါသေးတယ်။ ဒါ့အပြင် Kit Harongton က Esquire ကို သူ Game of Thrones အတွက် Final Scene ကိုရိုက်ပြီးနောက်မှာ လုံးဝဂျုန်းဂျုန်းကျသွားတယ်လို့ပြောခဲ့တယ်။

Page Six Website အရဆိုရင် Kit က စိတ်ဖိစီးမှုနဲ့ မကောင်းမြင်တဲ့ခံစားချက်တွေကို ပျောက်စေဖို့အတွက် Psychological Coaching ၊ Mindful Meditation နဲ့ Cognitive Behavioral Therapy တို့နဲ့ Rehab Facility မှာ ကုသမှုခံနေတယ်တဲ့။ သူ့မှာဆေးကုသစင်တာကနေ ဝင်ထွက်ခွင့်ရှိတာကြောင့် ဒေသခံတွေက မြို့ထဲမှာသူ့ကိုတွေ့တွေ့နေပြီးတော့ သူ့ရဲ့အမျိုးသမီး Rose Leslie ကလည်း စိတ်ကျန်းမာရေးကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာကို အပြည့်အဝဘေးကနေအထောက်အပံ့ပေးနေပါတယ်တဲ့။

တီဗီအစီအစဉ်တစ်ခုမှာ သရုပ်ဆောင်တာဖြစ်ဖြစ် ရုပ်ရှင်ထဲမှာသရုပ်ဆောင်တာဖြစ်ဖြစ် သရုပ်ဆောင်တွေက ကိုယ့်ရဲ့ဇာတ်ကောင်အသက်ဝင်အောင်လို့ စိတ်ရောလူရောအင်အားတွေရော အပြည့်အဝ စိုက်ထုတ်ကြရပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့စိတ်အလိုမကျတဲ့ တုံ့ပြန်မှုတွေနဲ့ဇာတ်သိမ်းရဲ့မေ ျှာ်လင့်ထားသလိုဖြစ်မလာခဲ့တာတွေက Kit Harington ကို ဒီလောက်အထိစိတ်ကယောက်ကယက်ဖြစ်စေသွားသလားဆိုတာ စဉ်းစားစရာပဲနော်။ ဘယ်လိုနေနေ အမြန်ဆုံးသက်သာလာစေဖို့ပဲ မေ ျှာ်လင့်ရတာပေါ့နော်။ သူ့လိုသရုပ်ဆောင်ကောင်းတစ်ယောက်ဆီက နောက်ထပ်ဇာတ်ကားကောင်းတွေကိုလည်း ပရိသတ်ကြီးတို့ မေ ျှာ်လင့်နေကြတယ်မလား။

Photo Credit: Time Magazine

Ref: www.vulture.com

www.pagesix.com

Piki (Akhayar)