ကိုရီးယားမလေးတွေ သုံးကြတဲ့ သူတို့နိုင်ငံထုတ် ထူးခြားဆန်းပြားအလှကုန်တွေ အေကြောင်း

ကိုရီးယားမလေးတွေ သုံးကြတဲ့ သူတို့နိုင်ငံထုတ် ထူးခြားဆန်းပြားအလှကုန်တွေ အေကြောင်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အလှအပမြို့တော်အဖြစ်နဲ့ နာမည်ကြီးခဲ့ပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုတော့ ကိုရီးယားအလှအပထိန်းသိမ်းနည်းတွေ၊ ကိုရီးယားအလှကုန်တွေကို နိုင်ငံတကာက စောင့်ကြည့်ပြီး အတုခိုးလိုက်လုပ်ရတဲ့အထိကို အောင်မြင်မှုတွေ ရရှိခဲ့တာပါ။ လှပဖို့အတွက် မျက်နှာခွဲစိတ်ပြုပြင်မယ်ဆိုရင်တော့ တခြားနိုင်ငံတွေထက် ကိုရီးယားကို သွားပြီးလုပ်မှ ယုံကြည်စိတ်ချရတယ်ဆိုပြီး ဖြစ်လာတဲ့အထိကို အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ အဲဒီလို နာမည်ကောင်းတွေ ရရှိထားတဲ့ ကိုရီးယားက အလှအပနဲ့ ပတ်သက်တဲ့ တီထွင်ဖန်တီးမှုတွေကလည်း တခြားနိုင်ငံတွေနဲ့ မတူကွဲပြားအောင်တီထွင်နိုင်သလို တီထွင်လိုက်တဲ့ ပစ္စည်းတိုင်းက လက်တွေ့လူနေမှုဘဝမှာ အသုံးဝင်စေပါတယ်။ အဲ့ဒီလို အသုံးဝင်စေတဲ့ ကိုရီးယားက အလှအပတီထွင်မှုတွေအကြောင်းကို စာဖတ်သူတွေ သိစေဖို့အတွက် ပြန်ပြောပြပေးချင်ပါတယ်။

Silkworm Cocoons တွေကို သဘာဝမျက်နှာသန့်စင်ဆေးအဖြစ်အသုံးပြုခြင်း
Silkworm Cocoons တွေကိုကို အသုံးပြုပြီး မျက်နှာသန့်စင်တာကို ဒီမှာ သိပ်မသိကြပေမယ့် K- Beauty Trend မှာတော့ တော်တော်လေးကို နာမည်ကြီးလို့ နေပါတယ်။ Silkworm Cocoons တွေကိုသုံးပြီး သူတို့ဟာ မျက်နှာကို Exfoliation လုပ်တာမျိုး ၊ သန့်စင်တာမျိုး လုပ်ကြပါတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ Silkworm Cocoons တို့ကို လက်သန်းမှာစွပ်ပြီး မျက်နှာတစ်ခုလုံးကို ပွတ်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားကြပါတယ်။ အဲဒီ Silkworm Cocoonsမှာပါတဲ့ Powder Proteins က နူးညံတဲ့အတွက် ထိရောက်တဲ့ အကျိုးအာနိသင်ကို သိပ်မကြာခင်မှာပဲ ခံစားသိရှိရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ Silkworm Cocoonss တွေကို ဝယ်ယူသုံးစွဲချင်ရင်တော့ အွန်လိုင်းမှာ ရှာဝယ်လို့ရပါတယ်။

Red Wine ကို ဘေးကင်းအောင် အသုံးပြုနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်း
ခုနောက်ပိုင်းနှစ်တွေမှာ အလှအပ ပစ္စည်းတော်တော်များမှာ Red Wine တွေကို အသုံးပြုပြီး ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ Red Wine မှာ Antioxidant တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပြီး အရွယ်မတိုင်ခင် အိုမင်ရင့်ရော်တာကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အဲဒါကြောင့်မို့ ကိုရီးယားကလည်း Red Wine ရဲ့ အာနိသင်ကို ကောင်းကောင်းအသုံးချပြီး Mask တွေထုတ်တာမျိုး၊ Cream တွေ ထုတ်တာမျိုး၊ Essence တွေ ထုတ်တာမျိုးအပြင် Lip Tint တွေကိုပါ ထုတ်လုပ်လာကြပါတယ်။

အာလူးတွေကို အလှအပ ပစ္စည်းတွေထဲမှာ ထည့်လုပ်နိုင်ဖို့ ရှာဖွေတွေ့ရှိခြင်း
French Fries တွေနဲ့ အာလူးဖျော်ရည်တွေဟာ မျက်လုံးတစ်ဝိုက်မှာ ဖြစ်တတ်တဲ့ Dark Circle တွေကို တိုက်ထုတ်နိုင်ပြီး အသားအရေ မညီတာတွေကို ကုသပေးနိုင်ကာ အသားအရေကို ကြည်လင်တောက်ပလာအောင် ကူညီပေးတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ကိုရီးယားတွေက အာလူးရဲ့အာနိသင်ကို Sheet Mask တွေနဲ့ Essence တွေမှာ ထည့်သွင်း ပြုလုပ်ပြီး အသုံးပြုကြသလို အိမ်မှာလည်း DIY တွေလုပ်ပြီးလည်း အသုံးပြုကြပါသေးတယ်။

ပြီးပြည့်စုံတဲ့ Face Shape တွေရဖို့ V Mask တွေကို တီထွင်အသုံးပြုခြင်း
မြန်မာနိုင်ငံမှာ ကိုရီးယားကားတွေ ရေပန်းစားလာတာနဲ့အမျှ ကိုရီးယားအလှအပရေးရာတွေကလည်း မြန်မာနိုင်ငံကို ကူးစက်ပျံနှံရောက်ရှိလာပါတယ်။ အဲဒီလို ရောက်ရှိလာတဲ့ အထဲမှာမှ V Mask ကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ကိုရီးယားမင်းသား ၊ မင်းသမီးတွေရဲ့ မေးနှစ်ထပ်မရှိတဲ့ V Shape မျက်နှာလေးတွေကို မြင်တိုင်း ဒီနိုင်ငံက အမျိုးသမီးတွေကလည်း သူတို့ရဲ့မျက်နှာတွေကို V Shape လေးတွေ ဖြစ်လာအောင် ပြောင်းလဲချင်လာကြပါတယ်။အမှန်တိုင်းပြောရမယ်ဆိုရင် V Shape ဖြစ်အောင်လို့ V Mask တွေ ကပ်ထားတဲ့အခါမှာ ကြောင်တောင်တောင်ကြီး ဖြစ်နေပေမယ့် မေးနှစ်ထပ်ဖြစ်တာကိုတော့ ထိထိရောက်ရောက် တိုက်ထုတ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းပြီး ချောမွေ့လာအောင်လည်း လုပ်ဆောင်ပေးနိုင်တာကိုတော့ ငြင်းလို့မရပါဘူး။

ဘုဇပတ်အရည်ကို အလှအပအတွက် သုံးနိုင်အောင် ရှာဖွေတွေ့ရှိခြင်း
ဘုဇပတ်အရည်ဆိုတာက ဘုဇပတ်ပင်ကနေ ထုတ်ယူရရှိထားတဲ့ အရည် ဖြစ်ပါတယ်။ ဘုဇပတ်အရည်မှာ အသားအရည်အတွက် ကောင်းစေတဲ့ Amino Acid ၊ Minerals ၊ Enzymes ၊ Proteins ၊ Antioxidant နဲ့ Vitamin တွေ ပါဝင်ပါတယ်။ အဲ့ဒါကြောင့်မို့ ကိုရီးယား အလှအပပစ္စည်းတွေ ထုတ်တဲ့အခါ ရေထည့်ထုတ်ရမယ့်အစား ဘုဇပတ်အရည်တွေကို ထည့်ပြီး ထုတ်ကြပါတယ်။

Mayonnaise ကို ဆံပင်အာဟာရဖြည့်ဆေးအဖြစ်အသုံးပြုနိုင်အောင် တီထွင်ဖန်တီးထားခြင်း
Mayo Hair Pack တွေကို ကိုရီးယားထုတ်လုပ်သူတွေ အများဆုံး စတင်ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ အဲဒီ Hair Pack မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက Mayonnaise မှာ ပါတဲ့ အာဟာရဓာတ်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့ Hair Pack အဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တဲ့အခါ Mayonnaise မှ ရရှိတဲ့ အနံ့လိုမျိုးတော့ မရရှိအောင် ထုတ်လုပ်ထားတာကို ကျေးဇူးတင်ရမှာပါ။

အဲဒီ Mayo Hair Pack ကို အသုံးပြုပေးတာက ဆံပင်ကို ကျန်းမာသန်စွမ်း တောက်ပြောင်စေပါတယ်။ အဲဒီ Mayo Hair Pack ရဲ့အနံ့ကတော့ Vanilla အနံ့ ဖြစ်ပါတယ်။Mayonnaise အနံ့ကြောင့် မသုံးချင်တာမျိုး မဖြစ်ရအောင် သေသေချာချာ ထောင့်ပေါင်းစုံကနေ စဉ်းစားပြီးထုတ်ပေးထားတာဖြစ်လို့ ဆံပင်သန်ပြီး တောက်ပြောက်ချင်တဲ့သူတွေ တစ်ခါလောက်စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ