ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာဖြစ်လာခဲ့တဲ့ Kylie Jenner

ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာဖြစ်လာခဲ့တဲ့ Kylie Jenner

Forbes မဂ္ဂဇင်းဟာ ဘီလျံနာစာရင်းကို ၁၉၈၇ခုနှစ်တည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ၂၂ နှစ်တိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ ၂ဝ၁၉ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း ၂,၁၅၃ ဦးရှိပြီး သူတို့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈.၇ ထရီလီယံ (ဒေါ်လာ ၈,၇ဝဝ ဘီလီယံ) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၁၉ခုနှစ် မေလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဘီလျံနာစာရင်းမှာတော့ ၂၁ နှစ်ရှိပြီဖြစ်တဲ့ Kylie Jenner ဟာ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁ ဘီလီယံ (ဒေါ်လာ ၁,ဝဝဝ သန်း) အထိကို ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ ကမ္ဘာ့အသက်ငယ်ဆုံးကိုယ့်ထူးကိုယ်ချွန်ဘီလျံနာဖြစ်လာခဲ့ပါတယ်။

Kylie Jenner ရဲ့အဓိကဝင်ငွေစီးကြောင်းက Kylie Cosmetics ကုမ္ပဏီလို့ပဲ ပြောရမှာပါ။ သူမဟာ Kylie Cosmetics ကို ၂ဝ၁၅ခုနှစ် နိုဝင်ဘာလ (၃ဝ) ရက်နေ့မှာ တည်ထောင်ခဲ့တယ်။ ကုမ္ပဏီရဲ့ ဝင်ငွေဟာ ပထမ (၁၈) လအတွင်းမှာတင် ဒေါ်လာ ၄၂ဝ သန်းအထိရှိခဲ့ပါတယ်။

၂ဝ၁၈ခုနှစ် နိုဝင်ဘာလမှာတော့ အလှကုန်ပစ္စည်းတွေကို Ulta Beauty စတိုးဆိုင်တွေမှာ တင်ရောင်းနိုင်ခဲ့ပြီး အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။ သူမရဲ့ အလှကုန်ပစ္စည်းတွေကို လူမှုကွန်ရက်တွေမှာ ကြော်ငြာခဲ့ပါတယ်။ လူမှုကွန်ရက်မှာ အရှိန်အဝါကြီးလွန်းတဲ့ Kylie Jenner အတွက် ကြော်ငြာခလည်း ကုန်စရာမလိုဘူး။ သူမဟာ ကြော်ငြာတစ်ပုဒ်တင်ရင် ဒေါ်လာ ၁ သန်းအထိ ဝင်ကြေးရှိသေးတယ်။

၂ဝ၁၈ခုနှစ် ဇူလိုင်လမှာတော့ သူမရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၉ဝဝ သန်းအထိရှိခဲ့ပြီး ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာဖြစ်လာမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ Mark Zuckerberg ဟာ (၂ဝဝ၇ခုနှစ်) ၂၃ နှစ်အရွယ်မှာတင် ဘီလျံနာဖြစ်လာခဲ့လို့ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာအဖြစ် မှတ်တမ်းဝင်ထားသူပါ။ ဒါပေမယ့် ၂ဝ၁၉ခုနှစ် မေလ (၅) ရက်နေ့မှာတော့ Kylie Jenner ရဲ့ အသားတင်ကြွယ်ဝမှုကို ဒေါ်လာ ၁ ဘီလီယံအဖြစ် သတ်မှတ်ခဲ့ပြီး Mark Zuckerberg ရဲ့ စံချိန်ကို ချိုးဖျက်သွားပါတယ်။

Reference and Photo Credit – Forbes

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle