Victoria’s Secret Model တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ

Victoria’s Secret Model တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ

နိုင်ငံတကာ အမျိုးသမီးမော်ဒယ်လ်အများစုရဲ့ အိပ်မက်တွေထဲမှာ  Victoria’s Secret မော်ဒယ်တစ်ဦးဖြစ်ရေးကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Victoria’s Secret ရဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီဆိုရင် Tyra Banks ၊ Heidi Klum ၊ Stephanie Seymour ၊Gisele Bundchen နဲ့ Adriana Lama လို နာမည်ကျော်ဒိတ်ဒိတ်ကြဲတွေရဲ့ အဆင့်တစ်ခုကို တက်ရောက်နိုင်ခဲ့ပြီလို့ သတ်မှတ်လို့ ရတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါတင်မဟုတ်ဘဲ ဖက်ရှင်ရှိုးတွေ၊ ခရီးစီစဉ်ပေးတာတွေနဲ့ အခကြေးငွေအများကြီးရတဲ့ Contract တွေဟာ မက်လောက်စရာပဲမို့ ဒီလို ဖြစ်ချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် Victoria’s Secret Model တစ်ယောက်ဖြစ်ဖို့ အမိုက်စားကိုယ်လုံး၊ ဝင်းလက်တဲ့ အသားအရေနဲ့ Sexy ကျလှပမှုတွေအပြင် ဘာတွေလိုအပ်သလဲဆိုတာကို သိကြတာ ရှားပါတယ်။ လှတိုင်း၊ အမိုက်စားကိုယ်လုံးနဲ့ မော်ဒယ်လ်ဖြစ်တိုင်း Victoria’s Secret မော်ဒယ်လ်ဖြစ်တာမှ မဟုတ်ဘဲ။ Victoria’s Secret မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ဆိုရင် အခြေခံအချက်တွေနဲ့ ကိုက်ညီရပါမယ်။

Victoria’s Secret Angel တစ်ယောက်ဟာ
အသက် ၁၈ နှစ်ကနေ အသက် ၃၀ အတွင်းရှိရမယ် (နည်းနည်းလေး အသက်ပိုကြီးလည်း ရပါတယ်တဲ့)
ကျန်းမာပြီး အမိုက်စားကိုယ်လုံးရှိရပါမယ်
သွယ်သွယ်လျလျ ခန္ဓာကိုယ်တည်ဆောက်ပုံရှိဖို့ လိုပေမယ့် ပုံမှန် Runway Model တစ်ယောက်ထက်တော့ပိုပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ရှိရပါမယ်
အရပ်က ၅ ပေ ၈လက်မကနေ ၆ ပေအတွင်း ရှိရပါမယ်
နောက်တစ်ချက်ကတော့ Model Agency ကြီးတွေနဲ့ စာချုပ်ချုပ်ထားရပါမယ်
Victoria’s Secret ဟာ မော်ဒယ်လ်အလုပ်နဲ့ ပက်သက်တဲ့ လျှောက်လွှာတွေကို နာမည်ကြီး မော်ဒယ်လ်အေဂျင်စီတွေ ဒါမှမဟုတ်ရင် ဆက်စပ်မိတ်ဖက်လုပ်ငန်းတွေကနေပဲ လက်ခံတာ ဖြစ်ပါတယ်။ ဒါကြောင့် Major Agency တစ်ခုခုနဲ့သာ စာချုပ်မရှိရင်တော့ Victoria’s Secret Model ဖြစ်ခွင့်ဟာ ဖြစ်နိုင်ခြေအရမ်းနည်းသွားပြီလို့ ဆိုလို့ ရပါတယ်။

Ford နဲ့ Elite Modes လို Agency တွေနဲ့ စာချုပ်ချုပ်ဆိုထားရင်တော့ အခွင့်အလမ်းအကောင်းဆုံးဖြစ်ပြီး Victoria’s Secret ဟာ ဒီ Agency တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာ ကြာခဲ့ပြီဖြစ်ပါတယ်။ အေဂျင်စီကြီးတွေရဲ့ ခြေလှမ်းတွေထဲမှာလည်း သူတို့ဆီက မော်ဒယ်လ်တွေကို Victoria’s Secret Model တွေ ဖြစ်စေဖို့ ပျိုးထောင်ပေးတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Victoria’s Secret လူရွေးပွဲကိုလည်း ဝင်ရောက်ဆင်နွှဲရပါမယ်
Fashion Show တစ်ခုစီမတိုင်ခင်မှာ Victoria’s Secret ဟာ Runway မော်ဒယ်လ်တွေအတွက် လူရွေးပွဲကို ပြုလုပ်လေ့ရှိပါတယ်။ ရည်ရွယ်ချက်ကြီးမားတဲ့ Catwalker တွေနဲ့ လက်ရှိ Victoria’s Secret မော်ဒယ်လ်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ ပင်ကိုအရည်အသွေးနဲ့ ခန္ဓာကိုယ်အမိုက်စားကို Victoria’s Secret ရဲ့ Executive Producer တွေ၊ Casting Director နဲ့ Creative Director တွေရဲ့ ရှေ့မှာ ပြသစေတာ ဖြစ်ပါတယ်။ Victoria’s Secret နဲ့ စာချုပ်ချုပ်ပြီးသားသူတွေတောင်မှ Season တစ်ခုစီအတွက် အရည်အချင်းရှိကြောင်း သက်သေထပ်ပြရမှာလည်း ဖြစ်ပါတယ်။

တခြားသူတွေထက် ပိုပြီး အစွမ်းကုန်လင်းလက်တောက်ပပြရပါမယ်

နောက်တစ်ခုကတော့ သူများထက်ထူးခြားကြောင်းပြသရမှာပဲ ဖြစ်ပါတယ်။ Victoria’s Secret ရဲ့ Model ဆိုတာက Lingerie ကို လှလှပပ ဝတ်ပြရုံသက်သက်ဆိုတာထက် ပိုပါတယ်။ သူတို့ဟာ Brand Ambassador တွေ ဖြစ်ပြီး မီဒီယာနဲ့လည်း လိုက်လျောညီထွေဆက်ဆံတတ်ရပါမယ်။ ဇွဲရှိပြီး တာဝန်ယူတတ်တဲ့စိတ်လည်း ရှိရပါမယ်။ သူတို့ ချုပ်တဲ့ စာချုပ်တွေမှာဆိုရင် အချိန်နောက်ကျမှ ရောက်လာတာနဲ့ ပေါ့တီးပေါ့ပျက်ကိစ္စတွေကို လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတဲ့ စာပိုဒ်တစ်ပိုဒ်ပါတယ်လို့ သတင်းတွေပျံ့ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ Social Media မှာ ကျန်းမာပြီး တက်ကြွတဲ့ Lifestyle ကို ပြသဖို့လည်း လိုအပ်ပါတယ်။

Victoria’s Secret Model တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လိုအပ်တဲ့ Tips လေးတွေ ရှိပါတယ်။
အတွင်းခံအဝတ်အစားနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရပါမယ်
အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ရပါမယ်
Runway ပေါ်မှာ အလှဆုံးလျှောက်ပြနိုင်ဖို့ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားရပါမယ်
ငြင်းပယ်မှုတွေကို စိတ်ရှည်ရပါမယ်။ Victoria’s Secret မော်ဒယ်လ်ဖြစ်ဖို့ တချို့ဆိုရင် အကြိမ်ကြိမ်ပယ်ချခံရဖူးပြီး နောက်ဆုံးမှ အောင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေပါ
Instagram မှာလည်း ဓာတ်ပုံမိုက်မိုက်တွေ တင်တတ်ရပါမယ်
ကိုယ့်ကိုယ်ကိုယ် ဥထားပါ၊ Show ပွဲမတိုင်ခင် Casting လုပ်တဲ့အခါ ခေါင်းအစ ခြေအဆုံး ပြင်ဆင်ထားပါ
ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ရမှာ ဖြစ်ပါတယ်
လူငယ်အမျိုးသမီးထုအတွက် စံပြဖြစ်ရပါမယ်
ဒီအချက်တွေကတော့ Victoria’s Secret မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ ဘယ်လို အဆင့်တွေကို ဖြတ်ကျော်ရမလဲနဲ့ ဖြစ်ချင်တဲ့သူတွေ ဘယ်လို လုပ်ရင်ရမလဲဆိုတာကို ခြုံငုံဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle