ကြွေလွင့်သွားပြီ ဖြစ်တဲ့ ဖက်ရှင်ရပ်ဝန်းက ဂုရုကြီးတစ်ပါး Karl Lagerfeld

ကြွေလွင့်သွားပြီ ဖြစ်တဲ့ ဖက်ရှင်ရပ်ဝန်းက ဂုရုကြီးတစ်ပါး Karl Lagerfeld

ဖက်ရှင်လောကရဲ့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Karl Lagerfeld ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က Pairs မြို့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်တဲ့အချိန်မှာ သူ့အသက်ဟာ ၈၅ နှစ်ရှိနေပါပြီ။ သူသေဆုံးတဲ့အကြောင်းကို Chanel ကThe New York Time မှတစ်ဆင့် သတင်းကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ သူဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ အတည်မပြုရသေးပါဘူး။

Lagerfeld ဟာ ဖက်ရှင်ဒီဇိုင်နာနဲ့ Creative Director အဖြစ် ဆယ်စုနှစ် (၇)စုစာလောက် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ သူဟာ House of Chanel မှာ ဖက်ရှင်ဒီဇိုင်းတွေ အများကြီးဖန်တီးကာ ဖက်ရှင်လောကအတွက် အမွေအနှစ်တွေအဖြစ် ချန်ထားခဲ့သလို Italian Brand ဖြစ်တဲ့ Fendi ဆိုတဲ့ Ready to Wear အမှတ်တံဆိပ်ကိုလည်း စတင်ပြီး အစပျိုးခဲ့သလို သူရဲ့နာမည်နဲ့ Collection တွေကိုလည်း ဖန်တီးခဲ့ပါတယ်။

သူသေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်သစ်အမှတ်တံဆိပ်တစ်ခုရဲ့ ဒီဇိုင်နာနဲ့ ဓာတ်ပုံဆရာတစ်ဦးက WWD ကို “House Of Chanel က Karl Lagerfeld သေဆုံးမှုကို ကြေညာတဲ့အခါမှာ ကြီးမားနက်ရှိုင်းတဲ့ ဝမ်းနည်းမှုကြီးကို ခံစားလိုက်ရပါတယ်” ဆိုပြီး နှမြောဝမ်းနည်းတသနဲ့ ပြောကြားခဲ့ပါတယ်။ House Of Chanel က ၁၉၈၇ ခုနစ်က လုပ်ခဲ့တဲ့ Branding Campaigns မှာ Lagerfeld ရဲ့ ပင်ကိုယ်တော်တဲ့စွမ်းရည်ကြောင့် အကျိုးအမြတ်တွေ အများကြီး ရရှိခဲ့ပါတယ်။ သေချာတာကတော့ Lagerfeld ရဲ့ ချက်ကျလက်ကျပြန်ပြောတတ်တဲ့ ပင်ကိုယ်စရိုက်၊ ခွန်းတုံ့ပြန်တာမျိုးနဲ့ မွေးရာပါဖက်ရှင်ဗီဇတွေရှိတာမျိုးကိုတော့ ဘယ်သူမှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။

သူက လွန်ခဲ့တဲ့လက ပဲရစ်မှာ ကျင်းပပြုလုပ်တဲ့ Chanel အဆင့်မြင့် ဖက်ရှင်၊ အဝတ်အထည်ကုမ္ပဏီရဲ့ ရှိုးပွဲအပြီးမှာ သိသိသာသာ ပျက်ကွက်မှုတွေ ဖြစ်လာခဲ့ပြီးနောက် သေဆုံးတဲ့သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကောလဟလတွေအရဆိုရင်လည်း သူက ကျန်းမာရေး ဆိုးဆိုးဝါးဝါး ချို့ယွင်းနေတယ်ဆိုပြီး သတင်းတွေ ထွက်ရှိခဲ့သလို French Fashion House ရဲ့ ပြောကြားချက်အရဆိုရင် တကယ်ကို ဆိုးဆိုးဝါးဝါး ပင်ပန်းမှုတွေ ခံစားနေရတယ်ဆိုပြီး ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။

သူဟာ နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာမဖြစ်ခင် ၁၉၅၅ ခုနစ်တုန်းက Germany ဇာတိ Hamburg မှာ Pierre Balmain ရဲ့ Fashion Assistant အဖြစ် Career ကို အစပျိုးခဲ့ပါတယ်။ ၁၉၆၀ ခုနစ်အလယ်ရောက်တော့ Chole မှာ အောင်မြင်မှုကို စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၆၅ ခုနစ်ရောက်တဲ့အခါမှာတော့ Fendi မှာ ဒီဇိုင်းဆွဲခြင်းတွေ စလုပ်ခဲ့ပါတယ်။ ၁၉၈၃ ခုနစ်မှာတော့ Chanel အဖွဲ့အစည်းကို စတင်ပဲ့ကိုင်ခဲ့ပါတယ်။

သူ Chanel မှာ စပြီးလုပ်တဲ့အခါမှာ Chanel Brand ဟာ ဆန်းဆန်းပြားပြားဖြစ်လာခဲ့ပါတယ်ဆိုပြီး လူပြောသူပြော များလာခဲ့ပါတယ်။ သူ Chanel မှာ စလုပ်တုန်းက လူတိုင်းက ဒီ Brand ကို မကိုင်နဲ့ ၊ ဒီ Brand ဟာ ပျောက်ကွယ်တော့မယ်ဆိုပြီး ဝိုင်းဝန်းသတိပေးကြပေမယ့် Lagerfeld ကတော့ ဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့ စဉ်းစားခဲ့ပါတယ်ဆိုပြီး The New Yorker ကို ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Lagerfeld ဟာ ခေတ်မီတဲ့ နာမည်ကျော် French Brand ကို စွဲမက်စဖွယ်ဖန်တီးနိုင်တဲ့အတွက် လူငယ်တွေကြားမှာ နာမည်ကြီးလာပြီး ချီးကျူးဂုဏ်ပြုမှုတွေလည်း ရရှိခဲ့ပါတယ်။ Chanel မှာ သူလုပ်နေတဲ့ သက်တမ်းအတွင်းမှာလည်း Cara Delevingne ၊ Johnny Deep နဲ့ Vanessa Paradis တို့ရဲ့ သမီး Lily- Rose Deep နဲ့ Cindy Crawford ရဲ့ သမီး Kaia Gerber တို့နဲ့ လက်တွဲကာ ဖက်ရှင်ရှိုးပွဲတွေကိုလည်း အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။

ဒီလို အောင်အောင်မြင်မြင် ပဲ့ကိုင်နိုင်တဲ့အတွက် ၂၀၁၃ ခုနစ် Chanel ရဲ့ နှစ်တစ်ရာပြည့် နှစ်ပတ်လည်မှာ Lagerfeld ဟာ သူလုပ်ခဲ့တာတွေကိုChanel ရဲ့ တည်ထောင်သူ Coco သာမြင်ရင် ထိတ်လန့်သွားနိုင်တယ်ဆိုပြီး Harper’s Bazaar ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလတွေ ပြောင်းလဲတာနဲ့အမျှ ဒီတံဆိပ်ကို ရေရှည်စောင့်ရှောက်ဖို့အတွက် ဒီလိုမျိုးတွေ ပြုလုပ်ခဲ့ရတာပါ။ ဒီလိုတွေသာ ပြောင်းလဲဆန်းသစ်မှုတွေ မပြုလုပ်ခဲ့ရင် Chanel ဟာ ဒီနေ့ခေတ်မှာ  ခေတ်မီဆန်းပြားနေမှာ မဟုတ်ပါဘူး။

ဒါ့အပြင် သူရဲ့ဒီဇိုင်းတွေဟာ ထင်ရှားပြတ်သားပြီး စူးရှတဲ့အတွက် လူကြိုက်များကြတဲ့အပြင် သူရဲ့ပုံစံဖြစ်တဲ့ ခပ်နိမ့်နိမ့် Ponytail တွေ၊ ကြီးကြီးမားမား နေကာမျက်မှန်တွေနဲ့ အဖြူအနက် Suit တွေဝတ်ဆင်ကာ ရှိုးပွဲတွေကို တက်ရောက်ခဲ့တဲ့ သူရဲ့ကိုယ်ပိုင်သင်္ကေတ ဖက်ရှင်တွေဟာလည်း သူရဲ့ဖက်ရှင်တွေနဲ့အတူ လူသိများလာခဲ့ပါတယ်။ သူဟာ တစ်ခါတစ်လေ ရှိုးပွဲတွေ တက်တဲ့အခါမှာလည်း သူရဲ့နာမည်ကြီးချစ်စဖွယ်ကြောင် Choupette နဲ့ အတူ ပွဲထွက်လေ့ရှိတာကလည်း သူရဲ့ကိုယ်ပိုင်သင်္ကေၤတလိုပါပဲ။

ဒါ့အပြင် Media တွေက သူရဲ့ပုံတွေကို ရုပ်ပြောင်တွေလုပ်ပြီး တင်ကြတာကိုလည်း စိတ်မဆိုးတဲ့အပြင် ကြိုက်နှစ်သက်တယ်ဆိုပြီး The New York Time ကို ပြောကြားခဲ့ပါတယ်။

ဒါတွေဟာ မျက်နှာဖုံးတွေလိုပဲမို့ သူမရှိတော့ရင် မျက်နှာဖုံးလေးတွေ ကျန်ရှိနေမှာပါလို့တောင် ဆိုခဲ့ဖူူးပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သူသေဆုံးမှုဟာ ဖက်ရှင်လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို ဖက်ရှင်ရပ်ဝန်းက လူတွေနဲ့ သူကိုချစ်တဲ့လူတွေအတွက်ကတော့ စိတ်အထိခိုက်အရဆုံးနေ့အဖြစ်နဲ့ စွဲကျန်ရစ်နေမှာ အသေအချာပါပဲ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle